ယုံကြည်မှု ခွန်အား
ယုံကြည်မှု ခွန်အား
လူရယ်လို့ ဘဝဖြစ်လာတာနဲ့ ဆင်းရဲမယ်၊ချမ်းသာမယ်။ရုပ်ချောမယ်၊ရုပ်ဆိုးမယ်။စိတ်သဘောထားကောင်းတဲ့သူရယ်၊မကောင်းတဲ့သူရယ် ဆိုပြီးတော့ မတူတဲ့သွင်ပြင်စရိုက်လက္ခဏာအရ ဖြစ်တည်လာကြတယ်။ဝမ်းရေးအတွက် ရုံးကန်လုပ်ရှားရတဲ့အခါ အခက်အခဲအမျိုးမျိုးနဲ့ ရင်ဆိုင်ကြုံတွေ့ရပါတယ်။ဆင်းရဲတာရှိသလို ချမ်းသာတာရှိတယ်။အဆင်ပြေတာရှိသလို မပြေတာတွေလဲကြုံတွေ့ရပါတယ်။စီးပွားရေး လုပ်တဲ့နေရာမှာ အဓိကကျတဲ့အရာက "ယုံကြည်မှု"ယုံ ကြည် မှု စကားလုံးသုံးလုံးလေးနဲ့ အနက်အဓိပ္ပာယ် များစွာကျယ်ပြန့်သွားတယ်။ယုံမှကြည်မယ်။မယုံလျင် မကြည်ပါဘူး။ဘယ်လိုလုပ်ငန်းဘဲဖြစ်ဖြစ် မိမိဘဝကို တိုးတက်အောင် စွမ်းဆောင်ပေးမှာက "ယုံကြည်မှု"ယုံကြည်မှုရအောင် မိမိကိုယ်တိုင်ကြိုးစားအားထုပ်ရတဲ့အရာက ခွန်အား။ယုံကြည်မှုရအောင် မိမိစိတ်ဓာတ်ခွန်အားကိုလည်း သတ္တိမွေးဖို့လိုတယ်။သတ္တိရှိရင်ခွန်အားရှိတယ် ခွန်အားရှိရင် ယုံကြည်မှုရှိတယ် ယုံကြည်မှုရှိရင် မိမိဘဝကိုတိုးတက်အောင်စွမ်းဆောင်နိုင်ပေသည်။လောကမှာတိုးတက်ကြီးပွားချမ်းသာသူတွေဟာ မိမိကိုယ်ကိုယုံကြည်မှုရှိကြလို့ပါ။မိမိကိုယ်ကိုမယုံကြည်ဘူးဆိုရင် တခြားသူလည်း မိမိကို မယုံရဲကြပါဘူး။ဒါကြောင့်မို့ မိမိကိုယ်ကိုအရင် ယုံကြည်ဖို့လိုတယ်။
လူဖြစ်လာရင် အနဲနဲ့အများတော့ အတိုက်အခံ အခက်အခဲ ဒုက္ခ ဆိုတာတော့ ရှိကြတာပါဘဲ။ယုံကြည်မှု ခွန်အားရှိတဲ့သူတစ်ယောက်ဟာ ဘယ်လိုလောကဓံအခက်အခဲမဆို ရင်ဆိုင်ဖို့ အသင့်ပါဘဲ "မင်းလားကွ ဒုက္ခ ဆိုတာ လာခဲ့စမ်းပါ"
"မင်းလားကွ အခက်အခဲ အေးဆေးပါ"ဆိုပြီး ရင်ဆိုင်ကျော်ဖြတ်ပေးလိုက်ပါ။ဘဝကြိုးဝိုင်းထဲမှာ ဒုက္ခ နဲ့အခက်အခဲကို အလှဲထိုးပြလိုက်။မိမိဟာ ယောင်္ကျားတစ်ယောက်ဖြစ်တယ်၊စိတ်ပျက်အားငယ်စွာ အလျော့ပေးစရာမလိုပါဘူး။
ယုံကြည်မှု မှာ သင်နေထိုင်မကောင်းမကျမ်းမာဖြစ်နေရင် မိမိကိုကုသမဲ့ ဆရာဝန်(သို့)သမားတော်ကိုယုံကြည်မှ သင်ကျမ်းမာပါမည်။ဆရာဝန်အပေါ်ယုံကြည်မှုရှိရမယ်။ဆရာဝန်ပေးတဲ့ဆေး၊ဆရာဝန်ညွန်ကြားချက်အတိုင်း လိုက်နာလျင် အမြန်ကျမ်းမာ လိမ့်မပေါ့။ဒီလိုမဟုတ်ဘဲနဲ့ "ငါတော့ကွာ ဒီတောင်ကို မကျော်နိုင်တော့ပါဘူး"ဟုစိတ်ပျက်အားငယ်နေရင် သင့်ရဲ့ယုံကြည်မှု ခွန်အား စိတ်ဓာတ်လျော့ရင်တော့ အသက်ဝိဥာဉ် ချုပ်ယုံပေါ့။
ဘယ်လုပ်ငန်းဖြစ်ဖြစ် အခက်ခဲဆိုတာကြုံတွေ့ရတာပါဘဲ။အခက်ခဲတွေ့တိုင်း စိတ်ပျက်အားနေမဲ့အစား စိတ်ဓာတ်ခွန်အားဖြင့်"ငါဟာ ယောင်္ကျားဘဲ ငါလုပ်ရင်မဖြစ်ဖူးဆိုတာမရှိဘူး ငါ့ကိုယ်ငါ ယုံကြည်တယ်"ဖြစ်အောင်လုပ်မယ် ကျော်လွှားမယ်ဆိုတဲ့ စိတ်ကိုမွေးမြူပြီး ယုံကြည်ချက်အပြည့်နဲ့ လုပ်ပြလိုက်ပါ။"မင်းလားကွ အခက်အခဲဆိုတာ"ဆိုပြီး ရင်ဆိုင် လက်ခမောင်းခတ်ပြလိုက်။
ရှေးမြန်မာမင်းများလက်ထက်က စစ်သူကြီး ဘုရင့်နောင်ကျော်ထင်နော်ရထာဟာ နောင်ရိုးတိုက်ပွဲမှာ ဖောင်ဖျက်ပြီးတိုက်တယ်လို့ ကျနော်တို့ မူလတန်းဖတ်စာမှာ သင်ဖူးခဲ့တယ်။ယုံကြည့်ချက်အပြည့်ရှိတဲ့အတွက် စစ်မတိုက်ခင် ဖောင်ကိုအရင်ဖျက်တယ်။ဘာဖြစ်လို့လဲဆိုတော့ ဒီစစ်ပွဲအောင်ရမယ်လို့ ယုံကြည်ချက်အပြည့်ရှိလို့ဘဲ။အကယ်လို့ သူဟာ ဖောင်မဖျက်ဘဲထားရင် ယုံကြည်ချက်တွေပျောက်ပြီး စစ်ရှုံးရင် ပြန်ထွက်ပြေးနိုင်တဲ့အတွက် ဖောင်ကိုအရင်ဖျက်ပြီး မိမိတပ်သားတွေအတွက်ရော ယုံကြည်ချက် ခွန်အားပြည့်ဝအောင် လုပ်ဆောင်ခဲ့တယ်။ဖောင်ကိုဖျက် စစ်ပွဲအောင်တယ် လို့ တပ်သားတစ်ယောက်ကို သူ့ရဲ့အရှင်သခင် တပင်ရွှေထီးကို တပ်သားတစ်ယောက်လွှတ်ပြိး အကြောင်းကြားခိုင်းတယ်။ ယုံကြည့်ချက်နဲ့ ရဲစွမ်းသတ္တိအပြည့်ရှိတဲ့ ဘုရင့်နောင်ဟာ စစ်ပွဲကိုအောင်နိုင်ခဲ့တယ်။မိမိကိုယ်ကို ယုံကြည်မှုရယ် စိတ်ဓာတ်နဲ့ခွန်အားပေါင်းစပ်လိုက်တဲ့ရလဒ်ဘဲ။
္ပမိမိကိုယ်ကိုမယုံကြည်တဲ့သူဟာ အောင်မြင်မှုဆိုတာကို မျော်မှန်းလို့မရပါဘူး။
ယုံကြည်ချက်အပြည့်ရှိတဲ့သူအတွက်ကတော့ အောင်မြင်မှုပန်းတိုင်ဟာ သူ့အလိုလို ရောက်လာတာပါ။India movies bollywood ဇာတ်ကား "Three Idiots "ဇာတ်ကားကိုလူတိုင်းကြည့်ဖူးမည် ထင်ပါသည်။အဲ့ထဲမှာ ကျနော်အကြိုက်ဆုံးစကားတစ်ခွန်းကတော့"မိမိကိုယ်ကို ယုံကြည်ချက်အပြည့်နဲ့ ကြိုးစားရင် အောင်မြင်မှုဆိုတာ နောက်ကလိုက်လာမှာ"ဆိုတာပါဘဲ။ယုံကြည်ချက်မရှိဘဲအောင်မြင်မှုနောက် လိုက်ရင် ပန်းတိုင်ဆီမရောက်ဘဲ မှားတတ်ပါတယ်။လူတစ်ယောက်ဟာ ငွေနောက်လိုက်ရင် ပျက်စီးစေသလိုပါ။အရာရာကိုငွေနဲ့တွက်ရင် အပေါင်းသင်းမိတ်ဆွေ မိမိဆီမှာ မရှိတော့သလိုပေါ့။
"ကြိုးစားလျင် ဘုရားတောင်ဖြစ်နိုင်တယ်"
ကျနော်တို့ ဂေါတမမြတ်စွာဘုရားဟာ သုမေဓာရသေ့အဖြစ်နဲ့ နုစဉ်ဘဝက ဒီပင်္ကရာ မြတ်စွာဘုရားထံမှာ ယုံကြည်ချက်အပြည့်နဲ့ ဘုရားဆုထူးပန်ခဲ့တယ်။လေးအင်္သေချေနဲ့ ကမ္ဘာတစ်သိန်း မည်သူမျ မစွမ်းနိုင်တဲ့ ပေးဆပ်မှုတွေပြုခဲ့တယ်။ဒါဟာ ယုံကြည်ချက် ခွန်အားကြောင့် ဖြစ်ပေါ်လာတာတွေ။ပြီးတော့ မြန်မာ့လွန်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကလဲ မြန်မာပြည် တစ်နှစ်အတွင်း လွပ်လပ်ရေးရ ရမယ်လို့ ယြု့ကြည်ချက်အပြည့်နဲ့ပြောခဲ့တယ်။တနှစ်အတွင်းလွတ်လပ်ရေးရအောင် စွမ်းဆောင်ခဲ့တယ်။
ယုံကြည်ချက်ခွန်အား အပြည့်ရှိသူတို့ရဲ့ စွမ်းဆောင်အောင်မြင်ပုံတွေ အတုယူစကာတွေပါဘဲ။
"မဖြစ်နိုင်တာ မရှိပါဘူး"ကျနော်တို့ မလုပ်ကြသေးလို့ပါ။
ယုံကြည်ချက် ယုတ်လျော့လျင် ခွန်အား ယုတ်လျော့တယ်။ခွန်အားရှိဖို့အတွက် ယုံကြည်ချက် အပြည့်ရှိဖို့လိုတယ်။
တချို့လူတွေဘာဖြစ်လို့အောင်မြင်တိုးတက်သလောက် မအောင်မြင်ဘူးဆိုတာ မိမိကိုယ်ကို ယုံကြည်ချက် နည်းနေသေးလို့ပါဘဲ။ယောင်္ကျားဘဲ ကြိုးစားပြလိုက်စမ်းပါ။ကြိုးစားမှုကရရှိတဲ့ အောင်မြင်မှု အသီးအပွင့်တွေကို ဆွတ်ခူးပြလိုက်စမ်းပါ။လူကြံရင် ဘာခံနိုင်မလဲ။
မနေ့က video file လေး facebook မှာကြည့်မိတယ် ။ကလေးတွေတန်းပေါ်မှာ တဖက်နဲ့ တဖက် ခေါင်းအုံးရိုက်တန်းကစားကြတယ်။ကျတဲ့သူကအရှုံး။ကလေးမလေးနဲ့ ယောက်ျားလေးယှဉ်ပြိုင်ကြတယ်။မိန်းကလေးဆိုတော့ အားနွဲ့တယ်။ယောက်ျားလေးက အသာစီးဘဲ။ဒါပေမဲ့ ကောင်မလေးဟာ သူနိုင်ရမယ်လို့ယုံကြည်ချက်အပြည့်ရှိတယ်။တန်းပေါ်က မပြုတ်ကျအောင် ခွန်အားနဲ့ ဇွဲနဲ့ပေါင်းစပ်ပြီး ရင်ဆိုင်တယ်။အဲ့ဒီအချိန်မှာ တဖက်ယောက်ျားလေးရဲ့ခေါင်းအုံး ပြုတ်ကျသွားတယ်။ယုံကြည်ချက်အပြည့်ရှိတဲ့ကလေးမလေးဟာ တချက်ထဲရိုက်ပြီး အနိုင်ယူလိုက်တယ်။ယုံကြည်ချက်ရဲ့ ခွန်အားပေါင်းစပ်မှု အနိုင်ယူလိုက်ခြင်းဘဲ။
ဒါကြောင့် ကျနော်တို့ဘဝတွေ တိုးတက်ဖို့အတွက် ယုံကြည်ချက် ခိုင်မာရမယ်။တွေ့ကြုံလာတဲ့ အခက်အခဲတိုင်း ရင်ဆိုင်ဖို့ ခွန်အားသတ္တိလိုမယ်။
"မင်းလားကွ ဒုက္ခ ဆိုတာ"
"မင်းလားကွ အခက်အခဲ" လို့စိန်ခေါ်ပြီး
ကျနော်တို့ဘဝတွေတိုးတက်အောင် ယုံကြည်ချက်အပြည့်နဲ့ ခွန်အားမွေးကြရအောင်လို့ ဆန္ဒပြုလိုက်ပါတယ်။
Htetnainglin
Msc 188
Photo crd Google
တော်ပါတယ်ဗျာ
စိတ်ဓါတ်ခွန်အားပြည့်ဝစေခဲ့ပါတယ်
ဟုတ်တယ်
မဖြစ်နိုင်တာလောကမှာမရှိ
မဖြစ်သေးတာပဲရှိတယ်
ဖြစ်နိုင်သောအရာများကို
ထက်သန်သောဇွဲစိတ်ကိုအခြေခံပြီးလုပ်ဆောင်သွားမည်ဆိုရင်
တနေ့အောင်မြင်မှုက ကြိုဆိုနေမှာပါဗျာ(သူရ)
ဟုတ်
ကျတော်လဲကြည့်လိုက်ရတယ်
Fbကနေ
ယုံကြညှ်ုရှိဖို့ကအရေးကြီးပါတယ်
ဟုတ်တယ်ဗျ တကယ်ချီးကျူးမိတယ်
စိတ်ဓာတ်ခွန်းအားတွေပေးလို့ကျေးဇူးပါအကိုရေshareခွင့်ပြုပါ
ဟုတ် ရပါတယ်ဗျာ
အရမ်းကိုကောင်းပါတယ် စိတ်ဓာတ်ခွန်အားတွေပေးတဲ့အတွက် ကျေးဇူးပါဗျာ good post
ဟုတ်ကဲ့ ကျေးဇူးပါ အကို
ကလေးမလေးခေါင်းအုံရိုက်တဲ့ဇွဲ သနားမိသလို ချီးကျူးမိတယ်
https://www.facebook.com/people5387/videos/860284340818421/
ဟုတ်ကဲ့
good post
ဟုတ်
ကောင်းတယ်ဗျာ
Thz bro
မှန်တယ်ဗျာ ယုံကြည်မူနဲ့ ခွန်အား မှန်တယ်
ဟုတ်
ဖတ်ခဲ့ပြီးပြီ...good
Thz
အဲ့တာကြည့်လိုက်ရတယ် ကလေးမလေး ဇွဲကောင်းချက်က အံမခန်း
ကိုယ့်ကိုယ်ကိုယုံကြည်မှုအရေးကြီးပါတယ်
ဟုတ်ကဲ့ပါ