အများအကျိုး ဒို့သယ်ပိုး
ကျွန်တော်တို့လူသားတွေဟာ တဦးတယောက်တည်း သီးသီးသန့်သန့် ခွဲထွက်နေထိုင်နေကြသော သတ္တဝါမဟုတ်ပေ။ ဟိုးအရင်ရင် ကမ္ဘာဦးအစကပင် အစုအဝေး အဖွဲ့အစည်းနှင့် နေထိုင်ခဲ့ကြသူများဖြစ်ပေသည်။ အုပ်စုဖွဲ့၍ ရေကြည်ရာ မြက်နုရာ ရှာဖွေပြောင်းရွှေ့ နေထိုင်ခဲ့ကြခြင်းဖြစ်သည်။ တယောက်တည်း ဆောင်ရွက်ခြင်းထက် အဖွဲ့လိုက် အုပ်စုလိုက် ဆောင်ရွက်ခြင်းများဖြင့် လူ့အဖွဲ့အစည်းကို တဖြည်းဖြည်း အားကောင်းတောင့်တင်းလာစေသည်။ လူသားတို့နည်းတူ တခြားသတ္တဝါများလည်း အုပ်စုလိုက် အကျိုးတူပူးပေါင်းဆောင်ရွက်နေသည်များလည်း ရှိပါသည်။
ကျွန်တော်တို့လူသားတွေဟာ အုပ်စုလိုက် လုပ်ဆောင်ခြင်းထက် တဦးတယောက်ကောင်း တွေးတော လုပ်ဆောင်ကြသည်က များလှပါသည်။ ထိုသို့လုပ်ဆောင်ပြီ လူသားများအပေါ် လွှမ်းမိုးစေချင်ကြတာများပေသည်။ တဦးတယောက်တည်း လုပ်ဆောင်ရာတွင် ကောင်းသောအကျိုးဖြစ်ထွန်းလျှင် ဝမ်းသာစရာ ကောင်းပေမဲ့ ဆိုးကျိုးများဖြစ်ပေါ်လာလျှင် လူအများအတွက်လည်း ထိခိုက်မှု့တွေ ဖြစ်ပေါ်တတ်ပါသည်။ တချို့ တဦးတယောက်က ရှာဖွေတွေ့ရှိခဲ့သော ကောင်းကျိုးကိုပင် ခံယူသုံးစွဲသူများက ရည်ရွယ်ချက်ပြောင်းခဲ့လျှင် ဆိုးကျိုးများ ဖြစ်စေပါသည်။ ဥပမာဆိုရလျှင် သိပ္ပံပညာရှင်ကြီး အိုင်းစတိုင်းဟာ အနုမြူကို သိပံ္ပပညာအတွက် စွမ်းအင်ထုတ်လုပ်ရန်တွက် ရည်ရွယ်ချက်ထားပြီ ကြိုးစားရှာဖွေ တွေ့ရှိခဲ့ခြင်းဖြစ်ပါသည်။ သို့ရာတွင် ကောင်းကျိုးတွက် ရှာဖွေခဲ့သော သူ့၏ရည်ရွယ်ချက် ဒုတိယကမ္ဘာစစ်ဖြစ်ပွါးချိန်တွင် အမေရိကန်က ဂျပန်နိုင်ငံ ဟီရိုရှီးမားနှင့် နာဂါစကီးမြို့များကို ပြာအတိဖြစ်သွားအောင် ထိုအနုမြူစွမ်းအားဖြင့် တိုက်ခိုက်ခဲ့၍ ဂျပန်တို့အတွက် ဆိုးကျိုးများစွာ ဖြစ်စေခဲ့ပေသည် မဟုတ်လား။
ထိုသို့ အများကျိုးရှိစေဖို့ ရည်ရွယ်ချက်ကောင်းဖြင့် ရှာဖွေခဲ့တာတောင် သုံးစွဲသူတို့၏ ရည်ရွယ်ချက် ပြောင်းလဲခဲ့တာကြောင့် ဆိုးကျိုးတွေ ဖြစ်စေပါသည်။ သို့သော် အများအကျိုးဆောင်ခဲ့သော အိုင်းစတိုင်း၏ နာမည်သည် ကမ္ဘာတည်သရွေ့ တည်တံ့နေပေအုံမှာပါ။ လူသေသော်လည်း နာမည်မသေ ဆိုသော စကားပုံအတိုင်း အများအကျိုးဆောင်ခဲ့သောကြောင့် လူသာသေသွားသော်လည်း နာမည်ကောင်း တွင်ကျန်နေပေမည်။ ကျွန်တော် ငယ်ငယ်ကဆိုလည်း ကျွန်တော့်အမေက လမ်းသွားရင်း ဆူးခလုတ်ဖြစ်စေတတ်သော ခဲ ကျောက်ခဲများကို လမ်းဘေးသို့ ဖယ်ရှားနေတာကို ခနခနတွေ့ရလို့ ကျွန်တော်က အမေကို သူများတွေတောင် မလုပ်တာ ဘာလို့ လိုက်လုပ်နေတာလဲလို့ မေးခဲ့သောမေးခွန်းကို အမေက လမ်းပေါ်ရှိ အမှိုက်များ ခဲခလုတ်များ ဖယ်ရှားခြင်းက သူတပါး လမ်းသွားလမ်းလာတွေအတွက် ခလုတ်ခသင်း မရှိတော့ဘူးပေါ့သားရယ် ထိုနည်းလည်းကောင်း ကိုယ်သွားမယ့် လမ်းခရီး နိဗ္ဗာန်ခရီးမှာ ဘာဆူးခလုတ်မှ မရှိတော့ဘူးပေါ့သားလို့ အမေပြန်ဖြေတာလေး ခုထိနားထဲဆွဲနေတုန်းပါဘဲ။
ထိုအချိန် ကျွန်တော်အတွေးဝင်တာလေးတခု ရှိတယ်။ ဒါဟာ အများအကျိုးဆောင် ကိုယ့်အကျိုးအောင် ဆိုတာကို ဆိုလိုတာဘဲလို့။ အများအကျိုးဆောင်သူများသည် ကောင်းကျိုးများစွာကို ခံစားရပေသည်ဟု ရှေးလူကြီးတွေ ပြောစကားများ ဘုရားဟောတရားတော်တွေထဲမှာ များစွာရှိပါသည်။ ထို့ကြောင့်ကျွန်တော်တို့ လူငယ်တွေကလည်း အများအကျိုးကို ကိုယ်ကျိုးသဖွယ် ကြိုးစားဆောင်ရွက်သင့်ပေးသည်။ ယနေ့အချိန်တွင်လည်း ကျွန်တော်တို့ ပတ်ဝန်းကျင်တွင် အဖွဲ့အစည်းနှင့်လုပ်သော ပရဟိတ အဖွဲ့အစည်း တဦးတယောက်ကောင်း ပရဟိတ သမားများတွေ့နိုင်ပါသည်။ ထိုသူများသည် ကျွန်တော်ပြောသလို လူသေသော်လည်း နာမည်ကောင်း ကျန်ရစ်သူများဖြစ်ပေမှာ အမှန်ပေ။
သေလွန်သော်လည်း အများအကျိုးဆောင်ရွက်ခဲ့သောကြောင့် နောင်သံသရာ ဘဝဆက်ဆက်မှာလည်း ကောင်းကျိုးသုခများစွာ ခံစားရပေမည်။ လက်ရှိအချိန်တွင်လည်း လူချစ်လူခင်ပေါများခြင်း လာဘ်လာပရွှင်းလန်းခြင်းစသောအကျိုးကေးဇူများ ခံစားရပေမည်။ ထို့ကြောင့် ကျွန်တော်တို့နေထိုင်ရာ လူ့အဖွဲ့အစည်းအတွင်း ကိုယ့်အကျိုးကိုလည်းကောင်း အများကောင်းကျိုးကိုလည်းကောင်း ဆောင်ရွက်ခြင်းသည် လူ့အဖွဲ့အစည်း၏ ကောင်းကျိုးများကိုသာ ဖြစ်ထွန်းစေပါသည်။ ကိုယ့်အကျိုး အများအကျိုးဆောင်ရွက်ရာတွင်လည်း ဆိုးကျိုး ကိုယ်ကျိုးအတ္တများ လောဘတို့ကို ဖယ်ရှားပြီ ကောင်းကျိုး ကုသိုလ်အကျိုးများဖြင့်သာ ဆောင်ရွက်သင့်ပေသည်။ထိုမှသာ ကိုယ့်ပတ်ဝန်းကျင်၌ ကောင်းကျိုးများ ဖုံးလွှမ်းနေပြီ သာယာပျော်ရွှင်ဖွယ်ကောင်းသော လူ့အသိုင်းအဝိုင်းလေးတခု ဖြစ်နေပေတော့မည်။
Author ; Htin Lin Aung ( MSC 016 )
@htinlinaung
photo by google
when we want to help other normally we fill our self first, but if we can denied our self and help other will be more blessing.
good post
thank
awesome
thank for your
တတ်နိုင်သလောက် အများအကျိုးလုပ်ဆောင်နိုင်ဖို့ ကြိုးစားဆဲပါဗျာ
ဟုတ်ကဲ့ပါ one day ပေါ့ အတူတူလုပ်ကြစို့
ဟုတ်..ကောင်းသောလုပ်ရပ်တစ်ခုပါ..အများအကျိုးသယ်ပိုးတာ
ဟုတ် ကျေးဇူပါ
အများအကျိုးဆောင်ကိုယ့်အကျိုးအောင်