ပျော်စရာ သီတင်းကျွတ်ပွဲတော် (အပိုင်းဆက်)
သီတင်းကျွတ်အချိန်ကာလလေးဟာဆို နှစ်တနှစ်မှာ မိုးအကုန် ဆောင်းအကူးအချိန်ကာလလေးဖြစ်ပါသည်။ လပြည့်ညမှာဆို ကောင်းကင်ထက်မှာ ပြည့်ဝလင်းလက်နေသော လမင်းကြီးကို တိမ်သားကင်းစင် ထွန်းလင်းစွာမြင်ရပါသည်။ ကလေးသူငယ်များ အစိုးရဝန်ထမ်းများအတွက်လည်း ထိုအချိန်ကာလမှာ ရုံးပိတ်ကျောင်းပိတ်နဲ့ သီတင်းကျွတ်လပြည့်နေ့ကို ကောင်းစွာကုသိုလ်ယူဖြတ်သန်းနိုင်ကြပါတယ်။ ကျွန်တော်တို့ငယ်ငယ်တုန်းကဆိုလည်း ထိုကျောင်းပိတ်ရက်လေးကို မျှော်နေကြတာ ရောက်ပြီဆိုတာနဲ့ အလွန်ပင်ပျော်ရွှင်ကြပါတယ်။
ကျောင်းမပိတ်ခင်တရက်လောက်ဆို ဆရာဆရာမတွေလိုက်ကန်တော့ ဝန်ချတောင်းပန်ကြတာကလည်း မြန်မာတို့ ချစ်စရာကောင်းတဲ့ လူကြီးမိဘရိုသေကြတာလေးကို ဖော်ကြူးနေပါတယ်။ သူငယ်ချင်း အချင်းချင်းလည်း မင်းက ဖယောင်းတိုင် မင်းကဘာယူခဲ့ဆိုပြီ ပျော်စရာကောင်းတာလေးတွေ ဖန်းတီးကစားကြတာ ပျော်စရာကောင်းလှပါတယ်။ သူငယ်ချင်းတွေ စုမိပြီဆို ငရဲမီးလုပ်တမ်း ကစားကြတာကလည်း မီးလေးလွင့်တက် လာရင် လှလည်းလှ ပျော်လည်းပျော် ရင်ခုန်စရာလည်း ကောင်းလှပါတယ်။ ငရဲမီးလုပ်ပြီဆိုလည်း အလွန်ပျော်စရာကောင်းလှပါတယ်။ ကြောက်လည်းကြောက်ကြနဲ့ ရေပုန်းကို အနားအဆင့်သင့်ဆောင်ထားကြပါတယ်။ ဖယောင်းဆူပြီ မီးတောက်လုပ်ဖို့ ဖြန်းတော့မယ်ဆို ၁ ၂ ၃ အော်ပြီ ဖြန်းတဲ့သူဖြန်း ဘေးကနေကျန်တဲ့သူက လန့်ပြီထပြေး ဘိုပျော်မှန်းမသိပျော်ခဲ့ကြပါတယ်။
ယနေ့အချိန်အခါမှာတော့ ထိုကစားနည်းကို တောရွာဘက်တွေမှာတောင် ကစားကြသေးလား မသိတော့ပါဘူး။ ကျွန်တော်တို့မြို့လေးမှာတော့ မမြင်ရကြာခဲ့ပါပြီ။ ထိုကစားနည်းလေးအစား ရောင်စုံမီးရှုးမီးပန်းများကို ပစ်ဖောက်ကစားကြပါတယ်။ ကျွန်တော်ငယ်ငယ်တုန်းကဆို ငရဲမီးလုပ် ယမ်းဖောက်ဖို့ဆို ပိုက်ဆံလေး တရာနှစ်ရာလုပ်လို့ရနေပါပြီ။ အခုချိန်မီးပန်းဖောက်ဖို့ဆို ငါးထောင်တသောင်းလောက်က အသာလေးပါဘဲ။ အခုချိန် မီးပန်းဖောက်ရင်တော့ လှတာကိုဘဲ ခံစားရပြီ ငယ်ငယ်က ငရဲမီးလောက်တော့ ရင်ခုန်စရာမကောင်းတာ အမှန်ပါဘဲ။ အချိန်စက်ဝန်းကြီးလည်ပတ်နေသ၍ တိုးတက်လာတဲ့ ခေတ်ရေစီးကြောင်းအရ ပြောင်းလဲလာတာကိုလည်း အပြစ်မဆိုသာပါ။
ထိုသီတင်းကျွတ်ပွဲတော်လေးနှင့်အတူ အစဉ်အလာမပျက် ထိန်းသိမ်းခဲ့တာကတော့ မိဘဆွေမျိုးများကို ကန်တော့ခြင်းဖြစ်ပါတယ်။ ထိုဓလေ့လေးကလည်း မြန်မာတို့ရဲ့ လူကြီးမိဘရိုသေခြင်း ယဉ်ကျေးပျူဌါခြင်းတို့ကို ပေါ်လွင်စေပါတယ်။ မိဘဆွေမျိုးများကန်တော့ရာမှာလည်း ကျွန်တော်တို့တုန်းကတော့ ဖယောင်းတိုင်လေးတွေအမွှေးတိုင်လေးတွေနဲ့ပေါ့ဗျာ။ အခုအချိန်အခါမှာတော့ အသီးအနှံ မုန့်ပုံးများနှင့် ဆင့်တိုးဆင့်တိုးကန်တော့လာကြပါတယ်။ ထိုသို့ကန်တော့ပြီရင်လည်း လူကြီးမိဘများက ပြန်လည်ပြီ မုန့်ဖိုးလေးတွေပြန်ပေးတဲ့ အစဉ်အလာလေးကလည်း မမေ့အပ်တဲ့ချစ်စရာဓလေ့ပါဘဲ။ အဲ့လိုလူကြီးမိဘတွေပေးတဲ့ မုန့်ဖိုးလေးရပြီဆို အလွန်ဘဲပျော်မိပါတယ်။ သို့သော် ကျွန်တော်တို့မှာ ထိုမုန့်ဖိုးလေးကို ပွဲဈေးလေးဖြစ်မှ သုံးရပြီ စုဗူးလေးထဲ ထည့်ဖြစ်တာကများပါတယ်။
ထိုအချိန်က အခုလို သုံးဖို့နေရာ များများစားစား မရှိခဲ့ဘူးလေဗျာ။ ထိုအချိန်က သုံးမယ်ဆိုလည်း မုန့်စားဖို့လောက်ဘဲ သိခဲ့ပါတယ်။ 21ရာစုမှာတော့ သုံးစရာနေရာကလည်းများ ပျော်မယ်ပါးမယ် သောက်မယ်စားမယ်ပေါ့ဗျာ။ ပြောင်းလဲလာတဲ့ရေစီးကြောင်းနှင့်အညီ နေနိုင်တာတော့ကောင်းပါတယ်။ ကျွန်တော်တို့လည်း ခေတ်နဲ့အညီ ပျော်တယ်ပါးတယ် စားတယ်သောက်တယ် လုပ်ကြပါတယ်။ ဒါပေမဲ့ တချို့တချို့သော လူငယ်လေးတွေက ပျော်ပြီပျက်အောင် လုပ်နေကြတာ တွေ့ရပါတယ်။ ပျော်စရာပွဲတော်လေးက ပျက်စရာပွဲတော်လေးဖြစ်လာမှာကို မလိုလားပါဘူး။ ပျက်စရာတွေများလာရင် ကျွန်တော်တို့ ဘိုးစဉ်ဘောင်ဆက် ထိန်းသိမ်းလာတဲ့ အလွန်မှချစ်စရာလည်းကောင်းပြီ ပျော်စရာကောင်းတဲ့ ပွဲတော်လေးတွေ အကျီးတန်ပြီ ပျောက်ကွယ်သွားနိုင်ပါတယ်။ ထိုသို့မဖြစ်ရအောင် ကျွန်တော်တို့နှင့်အတူ လူငယ်လေးများကလည်း ပျော်ပါပါးပါ ပျော်စရာကောင်းတဲ့ပွဲတော်လေးအဖြစ် ထိန်းသိမ်းပြီ နောက်နောင်အစဉ်အဆက် ပျော်စရာ သီတင်းကျွတ်ပွဲတော်လေးအဖြစ် နောင်လာနောင်သားတို့ကို လက်ဆင့်ကမ်းလိုက်ကြပါစို့လို့ပြောရင်း ကျွန်တော့်ဆောင်းပါးလေးကို အဆုံးသတ်လိုက်ပါစေ။ စာဖတ်ပရိတ်သတ်အားလုံး စိတ်နှလုံးရွှင်ပြုံးနိုင်ကြပါစေ။
Steemit Myanmar Community မှ အဖွဲ့သားများအားလုံး ပျော်ရွှင်သော သီတင်းကျွတ်ကာလလေးကို ပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပါစေ။
Author ; Htin Lin Aung ( MSC 016)
@htinlinaung
photo by my phone
ပျော်စရာကြီး ကလေးတစ်ဖက်နဲ့ သီတင်းကျွတ်ပွဲဘယ်လိုမှန်းမသိလိုက်ရဘူး
သီတင်းကျွတ်ဆိုတာ ဒီလိုပါလို့ ကလေးကိုပြောပြဖို့ ကလေးအကြောင်းပြ ပွဲဈေးပတ်လိုက်ပေါ့ ဟိဟိ
နိတို့သွားပျော်တာကိုယ့်အမတောင်မခေါ်ဘူး
ကိုယ်ကျတော့ ရန်ကုန်သွားလည်ပြီတော့ သူများကို ခေါ်လို့လား
nice post
thank!
good writing
thank!
good
thank!
Like like like ...
..
Very nice festival 😃
thank thank thank...
very thank!
ကျွန်တော် ဘာမှန်းတောင် မသိခဲ့ပါဘူး
ဘယ်မှ မသွားဘူးလေ
ဟုတ်လား ဘာမျာဖြစ်လို့ပါလိမ့် စိတ်မကောင်းပါဘူးဗျာေ
ငယ်ငယ်က ငရဲမီးက သေးသေးရယ် ခုလပ်တာပိုပျော်စရာကောင်းတယ် မျက်နှာပါပူလို့ ကန်စွန်းရွှက်တွေလည်းပါတယ် ဒယ်အိုးနဲ့ချပစ်တာ ကန်စွန်းရွှက်နဲ့ရေနဲ့ရော လှသလားမမေးနဲ့ အိမ်များမီးလောင်တော့မလားမှတ်ရတယ်
ဟားဟား သေချာဖတ်နေတာ ကန်စွန်းရွက်ကြော်နေတာကိုဗျ
ဟုတ်တယ် မီးတောက်အကြီးကြီး ဖြစ်သွားတာ
တကယ့်ကိုမှ ပျော်ရွှင်စရာ ပါ
ဟုတ်ပါတယ်ခင်ဗျ ပျော်စရာကောင်းတဲ့ပွဲတော်ပါ
Nice post
thank!