ခေါင်းစည်းကြိုးလေး (ဇာတ်သိမ်းပိုင်း)

in #myanmar6 years ago (edited)

(ပထမပိုင်း ဖတ်ရန်)
https://steemit.com/myanmar/@htwegyi/ekhangsny-ki-el

”ဟိုးး...တော်ပါအမေရာ ညိုစိမ့်ကို
ဘော်ဒါတစ်ယောက်လိုပဲမြင်တယ်
ကောင်မလေးလို့မမြင်ဘူးဗျ”

ပြောပြောဆိုဆို ဆိုင်ကယ်စက်နိုး၍
မြို့ထဲဦးတည်လိုက်သည်။တွေ့ပါပြီး အမေပြောတဲ့
ညိုစိမ့် သူခြံရှေ့မှာရပ်ပြီး ကျွန်တော် ကိုစောင့်ကြို
နေပါသည်။

”အစ်ကိုအောင် မြို့ထဲသွားမလို့လား
ဈေးမှာ ခေါင်းစည်းကြိုးလှတာလေးတွေ့ရင်
တစ်ခုလောက် ဝယ်ခဲ့ပေးပါ”

”အိုကေ..တွေ့ရင်ဝယ်ခဲ့ပေးမယ်”

တင်အောင် ဆိုင်ကယ်မောင်းထွက်မည်လုပ်ရင်း
သမင်လည်ပြန်ကြည့်၍ ထပ်ပြောလိုက်သည်။

”ဟဲ့..ညိုစိမ့် ငါ့ကို ကိုအောင် လို့ခေါ်ရင်ခေါ်
နင့်အစ်ကိုအောင်ဆိုတာကြီးက ငါ့ကို
အကောင်အို လို့ခေါ်နေသလိုကြီး...
ဟားဟားဟား...”

20180211_112600.jpg

တင်အောင် ရီမောရင်း မောင်းထွက်ခဲ့သည်။
ဆိုင်ကယ်ခဏရပ်ကာပြောရင်း အမေ့စကားကြောင့်
ညိုစိမ့်မျက်နှာဖျက်ကနဲ့ကြည့်မိစဉ် အမေပြောသလို မဆိုးပါဘူး သို့ပေသိ မျက်ဝန်းလေးလောက်
ညှို့အားမရှိလှဘူး။ မြို့ထဲရောက်တော့ မျက်ဝန်း
လေးဆိုင်ကပိတ်ထားသည်။ အနီးရှိလက်ဘက်ရည်ဆိုင်ခဏထိုင်ရင်း မေးကြည့်မည်စိတ်ကူးသည်။
ပန်းဝယ်နေကြ အစ်မကြီးကို တွေ့၍မေးမိသည်။

”နင်ကလည်း ပန်းရောင်းလိုက်မရောင်းလိုက်
တကတည်း ကွမ်းယာဆိုင်ကကောင်မလေးရှိုးနေတာလား၊ သွားမလုပ်နဲ့ ကောင်မလေးက အပျို
မဟုတ်ဘူး၊ ယောက်ျားနောက် တစ်ပတ်လောက်
လိုက်သွားပြီး မိဘတွေကပြန်ခေါ်ထားတာ၊
သူ့ယောက်ျားက ဆေးမှုနဲ့ထောင်ကျနေတယ်
ဆိုလား ဘာလား”

တစ်သက်လုံးဘုရားမတသည့်ကောင် မြတ်စွာဘုရား
ကို စိတ်ထဲအားရပါရတလိုက်မိပါတော့သည်။
လက်ဘက်ရည်ဖိုးအမြန်ရှင်းပြီး ဆိုင်ကယ်ဦးတည်ရာထွက်ခဲ့သည်။ ရင်ထဲမှာဗလောင်ဆူ၊ အပြင်မှာ ကားအပူ၊ ဆိုင်ကယ်အပူများနဲ့ မြို့ထဲလမ်းမကြီးက
အလွန်ပူလှပါလား၊ အပူတွေငြိမ်းဖို့ ရင်ထဲက
ဗလောင်ဆူတွေ ငြိမ်းဖို့၊ လောကကြီးကိုခဏမေ့ဖို့ ဘီယာအေးအေးလေးသောက်ရန် မြို့ပြင်စတိုး
ဆိုင်လေးမှာဆိုင်ကယ်ရပ်လိုက်သည်။ လေနုအေးကတစ်ကိုယ်လုံးဝှေ့တိုက်ခတ်သွာသည်။ ရင်ဗလောင်က အတန်ငယ်ငြိမ်သွားသည်။ ဘီယာလား အပြင်း
သောက်ရမလားစဉ်းစားမိစဉ် စတိုးဆိုင်ရဲ့ တစ်ခု
သောကောင်တာမှာ ခေါင်းစည်းကြိုးလေးများကို
မျက်လုံးကရောက်သွားသည်။

”ခေါင်းစည်းကြိုးလေး
တစ်ခုလောက်ဝယ်ခဲ့ပေးပါ”

20180822_115017.jpg

20180501_175901.jpg

ညိုစိမ့်ရဲ့မျက်နှာ ဖျတ်ကနဲ့မြင်လာသည်။ ခြံနီးချင်း
ကောင်မလေး၊ ငယ်ကတည်းက ကိုယ်အမြဲ
အနိုင်ယူ
ဗိုလ်ကျခဲ့သည့်ကောင်မလေး၊ အမြဲတမ်း အစ်ကို
အောင်သဘော ကိုယ့်ကိုဦးစားပေးခဲ့သည့်
ကောင်မလေး၊ ကိုယ်တောင် အိမ်အလုပ် ခြံအလုပ်
တွေ သူလောက်လုပ်မပေးခဲ့ဖူးပါ။ ကျွန်တော့်အမေ
ချွေးမတော်ချင်တဲ့ကောင်မလေး၊ ဒီကောင်မလေးကို
ကျွန်တော်ဂရုမစိုက် အလေးမထားမိခဲ့ပါလား။
ကောင်တာရှေ့ မှာ ကျွန်တော်အတွေးများနေစဉ်

”အစ်ကို ဘာယူမလဲ”

”အော်..အေး..ခေါင်းစည်းကြိုးအပြာရောင်လေး
တစ်ခုပေးပါ”

ခေါင်းစည်းကြိုးလေးကို အိတ်ကပ်ထဲထည့်ပြီး
ဆိုင်ကယ်ကိုပေါ့ပါးလွတ်လပ်စွာဖြင့် အိမ်သို့
ဦးတည်မောင်းနှင်ခဲ့သည်။ ကျွန်တော့်ခြံမှ ထွက်လာ
သော ညိုစိမ့်ကို လှမ်းမြင်လိုက်ရသည်။ ဆိုင်ကယ်
ဟွန်းတီး၍ အသံပေးလိုက်မိသည်။ တစ်ဖြည်းဖြည်း
နီးလာလေ ကျွန်တော်ရင်က ပုံမှန်မဟုတ်ချင်ဘူး။

”ဘာလာလုပ်တာလဲ ညို..အဲ ညိုစိမ့်”

”လက်ဘက်ခြောက်ပေးပြီးပြန်လာတာ
အစ်ကိုအောင်...အဲ ကို..အောင်”

ညနေ နေရီရီ မမှောင်တမှောင် မလင်းတလင်း
အချိန်။လေအသုတ်မှာ ညိုစိမ့်ရဲ့ဆံနွယ်များက
လေနဲ့အတူလွန့်နေသည်ကို မြင်ရတာ ရင်ကို
အေးမြမွှေးပျံလိုက်တာ။ အလင်းရောင်ဖျော့ဖျော့
မှာ သူမမျက်နှာ ကြည့်ရတာ တစိမ့်စိမ့်ကြည့်မဝဘူးဗျ။

”ကိုအောင် ဘာလို့ဒီလောက်ကြည့်နေတာလည်း
မမြင်ဖူးတာကျနေတာပဲ”

”အော်..အေး..ဟိုဟာ.နင့်အတွက် ငါခေါင်းစည်းကြိုး
ဝယ်ခဲ့တယ်ပြောမလို့”

”ဟယ်..တကယ်... ဒါဆိုပေးလေ.”

ပြောပြောဆိုဆို ညိုစိမ့်က လက်ကလေးဖြန့်ကာ
ဝမ်းသာအားရတောင်းလေသည်။

ကျွန်တော်သူမရဲ့ မျက်နှာကို တဖန်ခိုးကြည့်မိပြန်
သည်။ ပြုံးနေတဲ့မျက်နှာလေးက အပြစ်ကင်းပြီး
ချစ်ခြင်းအတိ ကျွန်တော်ကို ဖြစ်စေတယ်။
သူမလက်ကလေးထဲ ခေါင်းစည်းကြိုးအပြာလေး
ထည့်ပေးပြီး လက်ကလေးကို ဆက်ပြီးဆုပ်ကိုင်
ထားမိသည်။ သူမက အံ့သြသည့်မျက်လုံးလေးနဲ့
အကြည့်မှာ

”နင်ငါ့ကိုချစ်လား”
”အဲ..ဆောရီး..နင့်ကို..ငါချစ်တယ်ဟာ”

ကျွန်တော်ရဲ့ အိုးနင်းခွက်နင်း ရည်းစားစကားကို
ကျွဲနဖားတောင်ကြီးက ပြုံးပြုံးကြီး ကြည့်လို့ဗျာ၊
ခြံထဲကပန်းလေးတွေကလည်း လှုပ်ခါယိမ်းနွဲ့ပြီး
ရယ်နေလိုက်ကြတာ။
ကျွန်တော် လူလည်ကျတာမဟုတ်ပါဘူးဗျာ။
ပန်းခင်းကြီးထဲ ရောက်နေတဲ့ကျွန်တော်က
လှပတဲ့ပန်းလေးတစ်ပွင့်ကို ဂရုမထားမိတာ
ကျွန်တော်အလွန်လုံးဝမဟုတ်ပါဘူးနော်။
ညိုစိမ့်ကို ကျွန်တော်...
တကယ်ချစ်မိသွားတာပါလို့....။

20171230_173324.jpg

Author @htwegyi
Photo @htwegyi
MSC.036

Sort:  

အချစ်ဇာတ်လမ်းလေးက နုဖတ်နေရောပဲ ...

နုနု ဖတ်လို့နေမှာပါအေ😁

အဲ့လိုပဲ မှတ်လိုက်မယ် ... 😄😄😄😄

ပန်းလှနေပါသည်

လှနေတယ် ပန်းတွေ

ဇာတ်လမ်းလေးကဆွဲဆောင်မှုရှိတယ်

ဟုတ်ကဲ့ပါ

Congratulations! This post has been upvoted from the communal account, @minnowsupport, by htwegyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

👍👍👍

ဝထ္ထုရှည်​​တွေ​ရေးနိုင်​တဲ့ စွမ်းအားကမ​လွယ်​ဘူးဗျ ​နော့

ဟုတ်ပ လွယ်ဘူး အားတော့စိုက်ရပ

အလ် အကောင်အိုတော့ မတ်တယ်

အစ်ကိုအောင် အကောင်အို

အယ်လဲ့ အချစ်စစ်စစ်နဲ့ တွေ့လား😁😁 ချင်းဆိုသွားတာပါ😁

တောင်နံရံတွေကာထားလည်း
ပင်လယ်တွေဘယ်လောက်ခြားလည်း

အယ် ဦးထွေးက ဇွတ်ကြီးပဲ့

ဇွတ် လူဆိုး ပ ရဘူး

ကျွဲနဖားတောင် ဒုဋ္ဌာဝတီ နောက်ခံဒေသလေးက လှသဗျာ

အဲ့နေရာလေးက အပြင်မှာလည်း လွမ်းစရာကြည်နူးစရာ

အယ်လယ့် နုရွနေတာပါလား အဘိုးရီးရေ

အဟီး မတ်မတ်စု ကလည်းဂျာ😁

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 62948.49
ETH 2583.15
USDT 1.00
SBD 2.74