ခြင် အန္တရာယ်ကာကွယ်ခြင်း အနုပညာ
ခြင် တော်တော်ဒုက္ခပေးတဲ့ အကောင်
ကလေးရော၊ လူကြီးရော ဒင်းကြောင့် အငြိမ်
မနေရဘူး။ ကလေးငယ်များဆိုရင် အသက်ဆုံးရှုံးသည်အထိ ဖြစ်ခဲ့ရသည်။ မနက်ခင်းနှင့်ညနေခင်းများမှာ ကိုက်သည့် ခြင်များက
ဒုက္ခအပေးဆုံးဖြစ်သည်။ ခြင်းကြောင့်ရောဂါမျိုးစုံဖြစ်ပွားခဲ့သည့်အနက် ယခုတလောမှာတော့
ဆင်တုပ်ကွေးဆိုသည့်ရောဂါမှာ အဆိုးရွားဆုံးဖြစ်သည်။
ဆင်တုပ်ကွေးကြောင့် ဆရာဝန်တော်တော်များများ
ဝင်ငွေတော်တော်ကောင်းသွားကြသည်။
လူနာများလွန်းသဖြင့် အချို့ဆရာဝင်များသည်
ညည်းညူးယူရသည်အထိပင်ဖြစ်သည်။
ဆင်တုပ်ကွေးရောဂါ ခံစားရသူများသည်လည်း
အတော်လေး အီဆောင့်သွားကြသည်။
ဆင်တုပ်ကွေးရောဂါသည် အသက်မသေ
သည်ဟုဆိုသော်လည်း ထိုရောဂါပျောက်ရန်
အတွက်သောက်သည့်ဆေးများက ပြင်းထန်လွန်းသဖြင့် ထိုဆေးဝါးများကြောင့် အသက်သေဆုံးသူများရှိသည်။
ဆင်တုပ်ကွေးရောဂါသည် ရောဂါခံစားရသည့်လူအား ကာလကြာရှည်စွာခန္ဓာကိုယ်အားကိုက်ခဲနာကျင်စေသည်။ ကိုက်ခဲနာကျင်မှုသည်
သုံးလ၊ ခြောက်လမှ တစ်နှစ်အထိကြာရှည်
တတ်သည်။ ကိုက်ခဲနာကျင်မှုသည် တစ်ဦးနှင့်
တစ်ဦး မတူညီပေ။ ဆရာဝန်ပေးသည့်ဆေးသောက်သည့်အခါ နာကျင်မှုသည် သက်သာသွားသည်။
ဆေးနှင့် ဝေးကွာသည့်အခါ ပြန်လည်နာကျင်ခံစား
ရလေသည်။
တုပ်ကွေးရောဂါ၏နာကျင်မှုက ခံစားရသောသူသာ
သိရှိကြလေသည်။ အခြားသူများ ကူးစက်မှုမရှိစေရန်
ခြင်မလာသည့်နည်းလမ်းများကို အသုံးပြုရလေသည်။ ခြင်မလာစေရန် အများအားဖြင့် ခြင်ဆေးခွေကိုအသုံးပြုကြသည်။ ထိုခြင်ဆေးခွေ၏ အနံ့ကို
ကျွန်တော်သည်မကြိုက်ပါ။ ခြင်ဆေးခွေ၏ အနံ့
များက လူကိုရောဂါရတတ်ပါသည်။ ကိုယ်က
ဆင်တုပ်ကွေးဖြစ်ထားတော့ အမေ့ကို မကူးအောင်
သတိထားရသည်။ စပါးလင်ကို ရေစိမ်ထားလျှင်လည်း
ခြင်မလာသည်ဟု ကြားသိရသည်။ အိမ်မှာ
လက်တွေ့လုပ်ကြည့်သည့်အခါ ခြင်မလာကြောင်းတွေ့ရသည်။
ဒီတော့အိမ်မှာ ခြင်မလာအောင် ခြင်ဆေးခွေ
မသုံးဘဲ ဆနွင်းတက်ကိုမီးရှို့အသုံးပြုသည်။
ဆနွင်းတက်ကလည်း ဈေးကြီးပေသည်။
ဆနွင်းခေါင်းနှင့် ဆနွင်းတက်ဟူ၍ နှစ်မျိုးရှိ
လေသည်။ ဆနွင်းခေါင်းက မီးရှို့သည့်အခါ
ပို၍မွှေးသည်။ ဆနွင်းခေါင်းကို မီးရှို့သည့်
အခါ ထွက်ရှိလာသည့်ရနံ့သည် မွှေး၍ခေါင်းကို
ကြည်လင်စေသည်။
သို့သော် ဆနွင်းခေါင်း၊ ဆနွင်းတက်များကို
မီးရှို့သည့်အခါ မီးခိုမှိုင်းများထွက်သည်။
ထိုမီးခိုမှိုင်းများက အိမ်ခန်းနှင့် အဝတ်အထည်
များကို မီးခိုးနံ့စွဲမိစေသည်။ ကျွန်တော်၏
အင်္ကျီများသည် နိုင်ငံခြားမှလာသည့်
အကောင်းစား ရေမွှေးနံ့များ မရပါသော်လည်း
မီးခိုးမှိုင်းနံ့နှင့် ဆနွင်းနံ့များက လှိုင်လှိုင်ကြူ
သင်ပျံ့နေပါတော့သည်။
ခေါင်းစဉ်က အနုပညာ မြောက်လှချည်လားဗျ
Posted using Partiko Android
တခါတလေ မြောက်ကြည့်တာပါလေ 😁
အမာရွတ်မြင်တိုင်း သတိရနေတယ် ဆိုသလိုပေါ့ 😂😂
အမာရွတ်တော့မရှိဘူး အထိုင်အထမှာ ယောင်ယောင်ပြီး
လက်ကလေးထောက်နေမိနေတယ်
အေးဗျာ... ဆင်တုတ်ကွေးတဲ့... နာတာရှည် လေးဘက်နာ သမားလိုကို ဖြစ်နေတာရယ်..... စကားမစပ်..... စပါးလင် ရေစိမ်ရင် တကယ်ခြင်မလာဘူးလား..?
ရာသီဥတုအေးလို့လား မပြောတတ်ဘူး ခြင်တော့သိပ်မလာဘူးရယ်
ရေသန့်ဘူးတစ်ဝက်ဖြတ်ပြီး အမြစ်ပါစိမ်ထားတာ ခြင်လာတာတော့
တော်တော်နည်းသွားတယ်။