ကျန်းမာခြင်း အနုပညာ
လူငယ်တွေအတွက် ကျန်မာရေးက အဓိကမကျ
ပေသိ။ အသက်လေးဆယ် ငါးဆယ်ကျော်လာ
သူများအဖို့ ကျန်းမာရေးက အဓိကကျလာပေ
သည်။ အသက်လေးဆယ် ငါးဆယ်ကျော်လာ
သူများတွင် ကျန်းမာရေးလိုက်စားသူများအဖို့
ကျန်းမာရေးသည် သတိမထားမိသော်လည်း
မလိုက်စားသူများအဖို့ သတိထားစရာဖြစ်
လာခဲ့သည်။
ထိုအသက်အရွယ်တွင် အမျိုးသား၊ အမျိုးသမီး
အများစုသည် အနေအထိုင် အစားအသောက်ကိုမူတည်၍ သွေးတိုး၊ ဆီးချိုနှင့် အခြားရောဂါလက္ခဏာများဖြစ်ပေါ်လာတတ်သည်။
ဒါကြောင့် ကျွန်တော်တို့တွေဟာ အချိန်ရသည်
ဖြစ်စေ၊ အချိန်မရသည်ဖြစ်စေ နေ့စဉ်
နာရီဝက်ခန့် ပုံမှန်လမ်းလျှောက်ပေးကြပါ။
ငွေကုန်ကြေးကျမရှိသည့် ကျန်းမာရေးအတွက် အထူးကောင်းမွန်သည်။ လမ်းလျှောက်ခြင်းသည်
ကျန်းမာရေးအနုပညာ တစ်ခုဖြစ်ပေသည်။
ကျန်မာရေးအတွက် မဖြစ်ခင်က ကြိုတင်ကာကွယ်ခြင်းသည် အင်မတန်မှကောင်းမွန်
ပေသည်။ ရောဂါဝေဒနာ ခံစားရမှ ကုသပါက
ငွေကုန်လူပင်ပန်းဖြစ်ရလေသည်။
ကျွန်တော့်မိခင်ကြီးသည် ယခင်က သွားလာ
လှုပ်ရှားခဲ့သူဖြစ်သည်။ အသက်အရွယ်ရလာခြင်း၊
ကား၊ ဆိုင်ကယ်များ ပေါများလာခြင်းကြောင့်
သွားလာလှုပ်ရှားမှုရပ်တန့်ခဲ့သည်။
ကျွန်တော်တို့မိသားစုတွင် ကျန်းမာရေးကောင်းမွန်သဖြင့် ကျန်းမာရေးအသိ နည်းပါးခဲ့သည်။
မိခင်ကြီးမှာလည်း ဆေးရုံ၊ ဆေးခန်းသွားရန်
စိုးရိမ်သူဖြစ်သည်။ မိခင်ကြီးတွင် သွေးတိုး၊
ဆီးချိုရှိသော်လည်း ပေါ့ဆမိခဲ့သည်။
အနီးအနားဆေးခန်းများတွင်သာ ကုသခဲ့သည်။
မိခင်ကြီး လေဖြန်းရောဂါဖြစ်ခါမှ
မျက်လုံးမျက်ဆန်ပြူးခဲ့ကြသည်။မဖြစ်ခင်က ကြိုတင်ကာကွယ်ခြင်း မပြုလုပ်ခဲ့ကြပေ။
ဆေးသောက်ကြောက်သူ အသက် 85နှစ်အရွယ်
အမေသည် ယခုအခါ ဦးနှောက်နှင့်အာရုံကြော
ဆေးဝါးများကို သောက်နေရသည်မှာ 4လကြာခဲ့ပြီဖြစ်သည်။ ခြေလက်တို့မှာ အယောင်များလျှော့ကျ
သွားပြီဖြစ်သည်။ ထိုင်နိုင်ပြီး ထူမှ ထနိုင်သည်။
လမ်းတော့မလျှောက်နိုင်သေးပါ။ နှစ်ယောက်
တွဲပေးမှသာ 4 5လှမ်း လှမ်းနိုင်သည်။
ကျွန်တော်တို့အတွက် အမေဟုခေါ်လျှင် "ဟေး" ဟု ပြန်ထူးသံပေးနိုင်သည့်အသံရှင် အမေ ရှိနေသည်
ကပင် အားတက်ဖွယ်၊ အားရှိဖွယ်ပင်ဖြစ်ပါတော့သည်။



Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work!
Dear reader, Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.me/esteem
Thanks esteemapp
ကျွန်တော်လည်းအမေရှိသေးတယ်ဆိုရုံပဲ။ အမေ့မှာအသိသတိမရှိတော့ပါဘူး
Posted using Partiko Android
ဒါဆို ကျွန်တော်က တော်သေးတယ်ဆိုရမယ်။