သိပ်ချစ်လွန်းတော့လည်း ရက်စက်လွန်လိမ့်မယ် မထင်ခဲ့တယ်

in #myanmar5 years ago

image

ယနေ့ရုံးပိတ်ရက် စနေနေ့ဖြစ်သည်။ စနေ၊
တနင်္ဂနွေ ရုံးပိတ်ရက် ၂ရက်မှာ အမေ့ကို
ကျွန်‌တော်ကပြုစုရသည်။ ကြားရက်
တနင်္လာနေ့မှ သောကြာနေ့အထိ 5 ရက်ကို
ကျွန်တော့်ညီမက ပြုစုပေးသည်။ အမေ
လေဖြတ်နေသည်မှာ လေးလအတွင်းသို့
ရောက်ရှိခဲ့သည်။ ယနေ့ စနေနေ့တွင် အမေ့အား
သူကြိုက်နှစ်သက်သည့် ဇာတ်ထုပ်ဖွင့်ပေးရသည်။

အမေက စိန်အောင်မင်း၊ ရွှေကျီးညို၊ ဦးအောင်မောင်းနှင့် မင်းသမီးပဲခူးမြတို့အား ကြိုက်နှစ်သက် သည်။ ပဲခူးမြနှင့် ဦးအောင်မောင်း၏ မဟာပဒုမ
ဇာတ်လမ်းကို အမေ့ကိုဖွင့်ပြရင်း ကျွန်တော်ပါ
နားထောင်မိသည်။ ဇာတ်လမ်းက မင်းသား
ပဒုမနှင့် ညီအစ်ကိုများကို ဖခင်ဘုရင်ကြီးက
နန်းတော်မှနှင်လွှတ်လိုက်သည်။ လမ်းခရီးတွင်
အစာရေစာပြတ်လပ်၍ ပဒုမ၏ညီများက
သူတို့မိန်းမများကိုသတ်၍ စားသောက်လာခဲ့
ကြသည်။

ac4lkuvczt.jpg

နောက်ဆုံးအကိုကြီးဖြစ်သူ ပဒုမ၏ဇနီးအား
သက်ရန် အလှည့်ရောက်သောအခါ သူတို့
လင်မယားက ထွက်ပြေးခဲ့သည်။ ညီများက
နောက်မှာလိုက်ဖမ်းလေသည်။ ထွက်ပြေးကြရင်
ဇနီးဖြစ်သူက ရေဆာသည်ဆို၍ ပဒုမမင်းသားက
လက်မောင်းသွေးဖောက်၍ တိုက်လေသည်။
ဒီအခါမှာ ကျနော်သည် စိုင်းထီးဆိုင်သီချင်း
ကြား‌ယောင်မိပါသည်။

"လက်မောင်းကို ဓားနဲ့မွှန်းကာလေ .....
သောက်တော့ နှမတော်ရေ....................
သိပ်ချစ်လွန်းတော့လည်း.... အော်....
ရက်စက်လွန်လိမ့်မယ် မထင်ခဲ့တယ်....။

လင်မယားနှစ်ယောက် ထွက်ပြေးကြရင်
မြစ်ကမ်းပါးတစ်ခုမှာ နားကြသည်။
ညီများလက်မှ လွတ်ပြီးဖြစ်၍ မြစ်ကမ်းပါး
တွင် တဲထိုးနေကျသည်။ မြစ်ကမ်းပါးမှာ
နေထိုင်စဉ် မြစ်အတွင်းမှ ခြေလက်မပါသူ
တစ်ဦး ဖောင်ဖြင့်‌မျောပါလာသည်။
ထိုခြေလက်မပါသူသည် သူခိုးတစ်ဦးဖြစ်ပြီး
ပြည်နှင်ဒဏ်ပေးလိုက်ခြင်းဖြစ်သည်။
ခြေလက်မပါသူက ကယ်ကြပါအော်ဟစ်
တောင်းပန်သဖြင့် ပဒုမမင်းသားက
ကယ်တင်လိုက်သည်။

"အံမလေး မောင်တော်ရဲ့ ပြည်တစိုစို
အရည်ရွှဲရွှဲနဲ့ ရွံစရာကောင်းလိုက်တာ
အဝေးထားစမ်းပါ အနားမခေါ်ခဲ့ပါနဲ့"

"ကုသိုလ်ရပါတယ် နှမတော်ရယ်
အစ်ကိုယ်တော် စားစရာသီးနှံများ
သွားရှာလိုက်အုံးမယ် မောင်ပေါင်တို ကို
ကြည့်ထားလိုက်အုံး၊ မောင်ပေါင်တို
အနာတွေကို ယင်တွေမအုံအောင် သစ်ခက်
လေးနဲ့ အဝေးက ယမ်းပေးလိုက်ပါ"

"အစ်မရယ် ရေဆာလို့ပါ ရေလေးတစ်ခွက်လောက်တိုက်ပါဗျာ"

"ရော့ မြို ဆို့ အင့်"

"မမရယ် အပေါက်လွဲနေတယ်ဗျ
ဒီဘက်လေး နည်းနည်းတိုးပေးပါဦး။
မျက်နှာကို နည်းနည်းကြည့်ပြီး တိုက်ပါ
မမရယ်"

ksvnavrfwc.jpg

မောင်‌ပေါင်တိုနှင့် မျက်နှာချင်းဆိုင်သည့်
အခါမှာတော့ ပဒုမမင်းသားဇနီးသည်
ခေတ်စကားနှင့်ပြောရပါလျှင် ပေါင်တိုကို
ကြွေသွားလေသည်။ ပေါင်တိုနှင့် ပေါင်းသင်း
ချင်တော့ ပဒုမမင်းသားကို သူ့မိန်းမကပင်
သေကြောင်းကြံစည်သည်။ မင်းသားသည်ဘုရားလောင်းဖြစ်၍ မသေဘဲ ဘုရင်ဖြစ်လေ
သည်။

မိန်းမဖြစ်သူသည် ပေါင်တိုကြီးကို တောင်းတွင်
ထည့်ရွက်၍ တောင်းရမ်းစားသောက်သည်။
တစ်နေ့ ပေါင်တိုက ဘုရင်ပွဲတော်အုပ်စားချင်
ကြောင်းပြော၍ မိန်းမကိုသွားယူခိုင်းလေသည်။
ဘုရင်ကြီးက သူ့မိဖုရားမှန်းသိ၍ ပွဲတော်အုပ်
အတွင်း ပတ္တမြားလက်စွပ်ထည့်၍ ပေးလိုက်
သည်။ ပေါင်တိုအား ထမင်းခွံရင်း ပတ္တမြားလက်စွပ်
ကိုမြင်သော မိဖုရားသည် သူ့မောင်တော်
မသေကြောင်း သိကာ ရင်ကွဲနာကျကာ
သေဆုံးလေတော့သည်။

@htwegyi
Photo @htwegyi
MSC.036

Sort:  

ဪ ရမက် ရမက် ကာမတဏှာ ဆိုးယုတ်လှသည်တကား

Posted using Partiko Android

အခန့်မသင့်ရင်လို့ ပြောထားပါတယ်ဗျ
တရားသဘောတွေ ပေါက်သွားသလား ကိုဟိန်း 😁