နှုတ်ထွက်စကား သတိထား
ကျွန်တော်တို့သည် စကားပြောဆိုရာမှာ ပေါ့ပေါ့
ပါးပါးလေးပြောကြသည်။ ကိုယ့်စကားတစ်ခွန်း
က မည်သူကိုထိခိုက်သွားလဲ၊ မည်သူများ နစ်နာ
သွားလဲ မစဉ်းစားပါ။ အလွယ်တကူ နူတ်မှ ပြော
ထွက်လိုက်သည်။ ပြီးပြီးရော ပြောဆိုလိုက်ကြ သည်။ ဆိုပါစို့ ခင်မင်တဲ့ မိတ်ဆွေတွေ ချစ်ခင်စဉ်က
နစ်နစ်နာနာပြောဆိုသော်လည်း ထိုပြောစကားကို
မနာကြပေ။
သို့သော် စိတ်အခန့်မသင့်ကြလေသောအခါ တံထွေး
ထွေးတာ၊ ရီမောတာ၊ ပစ္စည်းတစ်ခု မတော်တဆ
ဖြစ်၍ အသံထွက်တာကိုပင် သူ့အား ကိုယ့်အား
စောင်းမြောင်းပြောသည်ဟု ထင်မှတ်ကြပေသည်။
ကိုယ့်ရှေ့မှာ အမြင်မတော်တာတစ်ခုခုမြင်တွေ့ရ၊
စိတ်ကသိကအောက်ဖြစ်သည့်အခါများတွင် သတိလွတ်၍သော်လည်းကောင်း၊ ဒေါသဖြစ်၍သော်
လည်းကောင်း ကြမ်းတမ်းစွာပြောဆိုမိကြသည်။ ဥပမာ ကိုယ့်ဆိုင်ကယ်ထွက်ပေါက်ကို အခြား
ဆိုင်ကယ်က ပိတ်ရပ်ထားသည့်အခါ ...
”ဘယ်ကမြင်းမသားက စည်းကမ်းမရှိ
ဆိုင်ကယ်ထွက်မရအောင် လမ်းပိတ်ရပ်ထားတာလဲ”
တစ်ခါတလေ ကျွန်တော်တို့ဝန်ထမ်းအိမ်ရာများမှာ
အပေါ်ထပ်မှ အမှိုက်များလွှတ်ပစ်ချပါက အောက်
ထပ်မှနေသူသည် ...
”ဟဲ့ စည်းမရှိ ကမ်းမရှိအလေအလွင့်တွေ အောက်မှာ
လူတွေရှိသဟေ့ နင့်တိုက သာလာယံဇရပ်မှာနေ
တယ်အောက်မေ့နေသလား...”
ကျွန်တော်တို့သည် စိတ်အခန့်မသင့်ဖြစ်သည့်အခါ
စိတ်ကသိကအောက်ဖြစ်သည့်အခါ အမြင်မတော်
သည့်အခါများတွင် ပြောဆိုမိကြသည်။ ထိုသို့ပြောဆိုသည့်အခါ ပြောဆိုခံရသူက မည်သည်မျှမဖြစ်
ပါသော်လည်း ပြောဆိုသူသည် အကုသိုလ် ဖြစ်ပေ
တော့သည်။ထိုသို့ပြောဆိုခဲ့မှုကြောင့် ဘဝပေါင်းများစွာ ငရဲကျခံခဲ့ရသူတစ်ဦးရှိပေသည်။ အလွန်လှပပြီး
အင်မတန်မှအမည်နာမကျော်ကြားသူ တစ်ဦး
ဖြစ်သည်။
သူမသည် အင်မတန်မှချောမောလှပသူတစ်ဦးလဲဖြစ်
သည်။ အလှဆိုသည်နှင့် အမျိုးသမီးများက စိတ်ဝင်စားပေမည်။ ဟုတ်ကဲ့ အမျိုးသမီးထုကြီးအတွက်
သင်ခန်းစာ တစ်ခုလို့လည်းထင်မိသည်။ သူမဆိုသည်မှာ မည်သူလို့ ထင်ကြပါသလဲ။ ရာဇဝင်မှာ စာတင်ထားသည့် အမ္ဗပါလီ အမည်တွင်သည့် အမျိုးသမီး
ဖြစ်သည်။ သူမသည် ဟိုးလွန်လေပြီးသော ကမ္ဘာ
တစ်ခုတွင် ဘုရားရှင်၏ နှမဖြစ်ခဲ့သည်။ ဘုရားရှင်၏
နှမဖြစ်သော်လည်း နိဗ္ဗာန် ရောက်ကြောင်းဆု
မတောင်းပါပဲ ဖြစ်လေရာဘဝများတွင် အလွန်လှပသည့် အမျိုးသမီး ဖြစ်ပါစေဟုဆုတောင်းခဲ့သည်။
သူ့ဆုတောင်းပြည့်ခဲ့လေသည်။ တစ်ခုသော
ဘိက္ခုနီမ ဘဝတွင် ဘုရားရှင်၏ ဓာတ်တော်များ
ဖြင့်တည်ထားသော ဘုရားစေတီသို့သွားရောက်
ဖူးလေသည်။ လမ်းတွင် ရှေ့မှသွားနှင့်သော
ရဟန္တာမကြီးတစ်ဦး ထွေးခဲ့သည့် တံထွေးကွက်ကို
မြင်ကာပြောဆိုလေသည်။
”ဘယ် ပြည့်တန်ဆာမကများ လမ်းပေါ်တံထွေး
ထွေးသွားပါလိမ့် တော်တော်ညစ်ပတ်ယုတ်ညံ့တာပဲ”
အဆိုပါ သူမပြောဆိုသူမှာ ရဟန္တာမထေရ်မ
တစ်ပါးဖြစ်၍ အမ္ဗပါလီသေဆုံးသွားသည့်အခါ ငရဲသို့ကျလေသည်။ ငရဲမှ လွတ်ပြီး လူ့ဘဝတွင်လည်း
ပြည့်တန်ဆာမဘဝများသို့ ဘဝများစွာအကြိမ်ကြိမ်
ဖြစ်လေသည်။ သူမသည် ပြည့်တန်ဆာဖြစ်သော်
လည်း သောတာပန်တစ်ဦးဖြစ်သည်။ သူမသည်
ပဋိသန္ဓေနေရခြင်း၏ ဒုက္ခကိုသိ၍ သာမန်လူတို့
မွေးဖွားသည့်အတိုင်း မွေးဖွားခြင်းမပြုရန်ဆုတောင်း
သည်။ သူမဆုတောင်းကြောင့် သရက်ပင်မှပေါက်ဖွားခဲ့သည်။
သရက်ပင်မှ မွေးဖွားသောကြောင့် အမ္ဗပါလီ ဟု
အမည်တွင်ခဲ့သည်။ အမ္ဗပါလီ ဘဝတွင်လည်း
အင်မတန်ချောမောလှသဖြင့် ဘုရင်ပြည့်တန်ဆာ
အဖြစ်သတ်မှတ်ခြင်းခံရသည်။ ဘုရင့်ပြည့်တန်ဆာ
ဘဝတွင် မြတ်စွာဘုရားရှင်အား သူမပိုင်သရက်
ဥယျာဉ် ကိုလှူဒါန်းသည်။ မြတ်စွာဘုရား၏
တရားတော်ကိုနားကြားရသဖြင့် အသိဥာဏ်တရားရကာ နိဗ္ဗာန်မျက်မှောက်ပြုနိုင်လေတော့သည်။
Author @htwegyi
MSC.036



နုတ်ထွက်စကားအရေးကြီးပါတယ်....deleteပြန်လုပ်လို့မရတော့ဘူး....😀
Posted using Partiko Android
ဟုတ်တယ်ဗျ ချစ်စေလိုစကားများပြောရရင်မှရမည်
မုန်းစေလို တစ်ခွန်းသာပ
Congratulations! This post has been upvoted from the communal account, @minnowsupport, by htwegyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
👍👍👍
Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq
Thanks esteemapp
ဝဇီဘေဒ ထိတိုင်းရှ။
ဟုတ်ပ ကိုမဟော်ရေ
လူကြမ်း နတ်ကြမ်းမခံနိုင်ဆိုသလိုပေါ့
Posted using Partiko Android
စိတ်ထဲရှိတဲ့အတိုင်း မပြောမိဖို့ သတိထားရတာပ
စိတ်နဲ့ပြစ်မှားရင်လဲ....
ဟုပ်ပါ့ဗျာ့ ချစ်အောင်ပြောလည်း ဒီ ပါးစပ် မုန်းအောင်ပြောလည်းဒီ ပါးစပ်
စကားလေးတစ်ခွန်း က ပြောင်းလဲမှုများစွာ
ဟုတ်တယ် ကျော်သာ ဆို ခုလို ပြောမယ်။ ဟယ် ဘယ် သူဌေးမကြီး ထွေးသွား တာလဲလို့။ အာ့ဆို ထောပြီနော် ဟီးဟီး။ 😜
Posted using Partiko Android
ဒါပေါ့ ဒါပေါ့ ဒါဆို steem ဈေးတွေတက်တော့မယ်ပေါ့လေ