ကျန်းမာ​ပျော်​ရွှင်​​သော စိတ်​နှလုံးသားတစ်​ခု တည်​​ဆောက်​နိုင်​ဖို့steemCreated with Sketch.
in #myanmar9 years ago (edited)
အချို့အချို့​သော သူများမှာ ​ငွေ​ကြေးဥစ္စာများစွာ ကြွယ်​ဝသော်​လည်း ထိုဥစ္စာပစ္စည်းများနှင့်​တပ်​တူ ​သောက​တွေထူ​ပြောကာ ချမ်းသာသုခ ကင်းမဲ့​နေကြရတယ်​။
ရာထူးအဆင့်​အတန်း ကြီးမားတယ့်​ အချို့ပုဂ္ဂိုလ်​​​တွေလည်း အများအမြင်​မှာ​တော့ အဆင့်​အတန်းရှိ​ပေမယ့်​ သူတပါးအ​ပေါ်မှာ​တော့ ​မေတ္တာ ဂရုဏာမထားနိုင်​ သူများအဆင်​​ပြေ​နေတာ​တွေ ​အောင်​မြင်​နေတာ​တွေကိုလည်း မုဒိတာမပွားနိုင်​ကြဘဲ ဝန်​တို မ​စ္ဆေရစိတ်​​တွေရဲ့ နှိပ်​စက်​မှုကိုခံ​နေကြရတာ​တွေလည်း ​နေ့စဉ်​နှင့်​အမျှ မြင်​​တွေ့​နေကြရပါတယ်​။
အမှန်​​တော့......
image​ပစ္စည်းဥစ္စာ​တွေ ရာထူးအဆင့်​အတန်း​တွေ ​အောင်​မြင်​​ကြော်​​ကြားမှု (reputation)​တွေဟာ လူသား​တွေ​ကို စိတ်​ချမ်းသာမှု​ ​ကျေနပ်​အားရမှု​​တွေ ပေးစွမ်းနိုင်​တဲ့ အရာ​တွေပါ။ဒါ​ပေမယ့်​.......
အဲ့ဒီအရာ​တွေချည်းသက်​သက်​နဲ့​တော့မပြည့်​စုံနိုင်​ပါဘူး​လေ။
image
စိတ်​ချမ်းသာကိုယ်​ချမ်းသာ ​နေနိုင်​ဖို့အတွက် အဓိက က​​ ကိုယ်​ကိုယ်​တိုင်​ကလည်း မေတ္တာ ဂရုဏာ ​စေတနာ မုဒိတာ အစရှိတယ့် ​စိတ်​​ကောင်း ​စေတနာ​ကောင်း​တွေ​မွေးမြူထားဖို့လိုပါတယ်​။ မလိုလားအပ်​တဲ့​နေရာ​တွေမှာ စိတ်​ခံစားမှု​တွေမထားဘဲ ဥ​ပေက္ခာပြုထားလိုက်​တတ်သည့်​ စိတ်​မျိုးလည်းရှိဖို့လိုပါတယ်​။ကောင်းလွန်း​တဲ့ အ​ခြေ​နေ​တွေမှာ က္က​နြေ္ဒမပျက်​​ ဆိုးဝါးလွန်းတဲ့ အ​နေအထားမျိုးမှာလည်း ​ယောက်​ယက်​မခတ်​​စေဘဲ ကြံ့ခိုင်​တည်​ကြည်​တဲ့ စိတ်​​နေစိတ်​ထားမျိုးရှိဖို့လည်း အထူးလိုအပ်​ပါတယ်​။
Steemit platform ​ပေါ်တွင်​ ​​လျှောက်​လှမ်း​နေကြ​သော ညီအစ်​ကို​မောင်​နှမ​များအားလုံး ကြည်​လင်​​သောစိတ်​နှလုံးသား၊ ရွင်​လန်း​​သော စိတ်​သ​ဘောထား ပြုံးရွှင်​​သောမျက်​နှာထားတို့ဖြင့်​ ​နံနက်​ခင်းတိုင်းကိုနှုတ်​ခွန်းဆက်​သနိုင်​ပါ​စေလို့ ​မျှော်​လင့်​ရင်း.......။
image
image
ရေးသာသူ Jhon Night (8.11.2017)
photo Credit;Google Image
Sort:  
Makasih atas informasi yang anda berikan @jhonnight, postingan @steemit anda sangat berguna bagi semua pembaca @steemit yang memahami nya, dan jujur saja saya bingung dengan tulisan anda, karena semua huruf tak dapat saya pahami dengan baik dan jelas @jhonnight, sekiranya kita dapat berkerja sama dengan baik dalam hal upvote, follow and resteem @steemit, hal yang sangat menarik ketika kita ingin mempunyai kawan yang lebih banyak yang bisa berkerja sama satu misi dan tujuan, trimakasih
Salam KSI @steemitaceh @steemitindonesia
image
tag မှာ​လေ steemit က steemit အ​ကြောင်း​ရေးမှသာထည့်​ပါ
great post!
ကောင်းပါတယ်...
Nice,Vote done.
Coin Marketplace
STEEM 0.05
TRX 0.28
JST 0.046
BTC 64227.59
ETH 1856.23
USDT 1.00
SBD 0.41