I know your answer
ကိုကိုရေ ……
မလွမ်းဘူးလားဟင် ?
လွမ်းတာပေါ့ အရမ်းလွမ်းတယ်လို့ ဖြေမှာ သိနေပါတယ် …
မချစ်တော့လို့  ပစ်ထားတာလားကိုကို ?
ချစ်တာပေါ့ကွာ သိပ်ချစ်တာတွေကို ထုတ်မပြချင်တော့လို့ 
ဖြေအုံးမှာလဲ သိနေပါတယ် ……
မခေါ်ဘဲ တကယ်နေနိုင်တယ်ပေါ့ ဟုတ်လားဟင် ?
မနေနိုင်ပါဘူး အိပ်လို့ လဲမရ သတိတွေရနေတာပါ အခုထိအိပ်ရေးမဝဘူးလို့  ပြောမယ်ဆိုတာလဲ သိနေပါတယ် ……
လွမ်းတယ်
သိပ်ချစ်တယ်
အရမ်းသတိတွေရနေတာပါလို့ 
အရင်တုန်းကလိုရော မပြောတော့ဘူးလားဟင် ?
ဘာမှမပြောတော့ဘူး ပျော်သလိုနေစေချင်လို့ ပါလို့  ဖြေမယ်ဆိုတာလည်း သိနေပါတယ် ……
@julia-rain ( author )
Comment removed