ရင်ခတ်ပန်းလေးတစ်ပွင့်၏ ပျော်စံရာ ( ဇာတ်သိမ်း)

in #story6 years ago

image

ကျွန်ုပ်တို့လူတစ်စုသည် နောက်ဖေးလှည်းလမ်းကြားက
နေတတိတ်တဆိတ်ခိုးထွက်လာကြပီးနောက် ရွာထိပ်ရှိ
ညောင်ပင်ကြိးအောက်သို့ပင်ရောက်လာခဲ့၏ထိုညောင်
ပင်ကြီးမှာ ယခုလောက်ဆိုရင်အနှစ်၁၀၀ကျော်ပြီဖြစ်
သည် သစ်ပင်ကြီးမှာဝိုက်ပြီးအကိုင်းကြီးများဟာအောက်
သို့ဖြန့်ကားလျှက် ညောင်မြစ်များပင်အောက်သို့တွဲလျား
ကျလျှက်ရှိချေသည်။ကျွန်ုပ်တို့ရွာရှိရှေးလူကြီးသူမများ
ပြောပြချက်အရဆိုပါမူ ထိုညောင်ပင်ကြီးအောက်တွင်
ဂျပန်များက တော်လှန်ရေးသမားများကို ရင်ခွဲပြီးမြေမြုပ်
ခဲ့သည့်နေရာဟုပြောပြကြပါသည်။ထို့ကြောင့်လဲထို
ညောင်ပင်ကြီးဆီသို့နေစောင်းချိန်တွင်ဘယ်သူမှမသွား
ရဲကြပေ တစ်ခါကဝက်သားရောင်းသောဈေးသည်တစ်
ယောက်ဖောက်သည်ဝယ်သားများကိုနေဝင်ရီတမှောင်
အချိန်၌သယ်လာရာထိုနေရာရောက်လျှင်ခွေးနက်မဲမဲ
ကြီးမှဆင်းလားပြီး ဝက်သားများကိုလိုက်လံလုသည်ဟု
ကြားဖူးပါသည်ထို့ကြောင့်ပင်ကျွန်ုပ်တို့မှာလည်းစားချင်
စိတ်သာစိုးမိုးနေ၍ကြောက်သည်ကိုခနမေ့ထားပြီးဖြတ်
သွားကြရလေသည် ထိုလမ်းမှမသွားလျင်လည်းမဖြစ်
အခြားမှာလယ်ကန်သင်းရိုးလမ်းများသာရှိ၏ လူသွား
လမ်းမရှိ လှည်းလမ်းကြောင်းများတော့ရှိ၏ သို့သော်
အဆင်မပြေ သို့ပေမဲ့ကျွန်ုပ်တို့သွားရောက်သည့်အချိန်
၌ထိုသရဲမှာအိပ်နေသည်ထင်၏တုတ်တုတ်မျှမလုပ်ပေ
ထို့ကြောင်ကျွန်ုပ်တို့သုံးယောက်သား ကြက်ခြံကြီးရှိရာ
သို့ချီတက်လာကြတော့သည်ကြက်ခြံနားမရောက်မီပင်
ကြက်ချေးနံ့များမှာ လေလာရာသို့ခရီးနှင်ကြသည်ထင်
အနံ့သက်များမှာအလွန်ဆိုးဝါးလှ၏ ထိုထက်ကြောက်
စရာကောင်သည်မှာ ကြက်ခြံစောင့်လူကြီးပင်ဖြစ်သည်
သူ့တွင်လောက်လွဲကြီးနှင့်ဒူးလေးများရှိသည်ကြောင့်
ကျွန်ုပ်တို့လူတစ်စုအစီအစဉ်တစ်ကျတိုင်ပင်ထားကြရ၏
ကျွန်ုပ်မှာ နဂိုထဲကပင်အသွားအလာရှိသည်ဖြစ်၍ ထိုခြံ
၏ဝင်ထွက်လွယ်ပေါက်များကိုသိနှင့်လေသည်။

image

ထို့
ကြောင့်ကျွန်ုပ်ကလမ်းပြပြီးကင်းစောင့်ကျန်ခဲ့မည် တင်
မောင်နှင့်မြင့်လွင်တို့မှာ ကြက်ကိုခိုးမည်ဖြစ်သည် ကြက်
များမှအသားစားကြက်များဖြစ်၍အကောင်ကြီးလှသည်
ထို့ကြောင့်တင်မောင်ကိုပင်အစောထဲကကြိုတင်ပြီးပြော
ပြထားရသည်မြင့်လွင်မှာတော့ တင်မောင်ကိုကူညီရန်
ပင်ဖြစ်သည်တစ်စုံတစ်ရာဖြစ်ခဲ့ပါက ဘေးတွဲကူညီရန်
ဖြစ်၏ ကြက်ကိုစတင်ခိုးလေပြီကြက်ခြံ၏ အနောက်
ဘက်မှာ ကြက်ချေးစွန့်ပေါက်ကလေးတစ်ခုရှိ၏ထိုအ
ပေါက်နေဝင်ကြသည်ကြက်များမှာညဘက်မှောင်မိုက်
နေကြသည်ကြောင့်အိပ်မောကြလျက်ရှိကြပေသည်
ထိုအချိန်တွင်တင်မောင်မှာ ကြက်၏လည်ကုတ်ကိုလိမ်
လိုက်ပြီး ပါးစပ်ကိုပိတ်လိုက်ကာ ဆွဲချလျက်မြင့်လွင်နှင့်
ပြန်လည်ထွက်လာရာ မြင့်လွင်မှာဘာကိုသွား၍ကိုင်မိ
သည်မသိပေ ဝုန်းခနဲဆိုအသံကြီးထွက်လာပြီးကြက်များ
လန့်နိုးကြကာအသံများဆူညံကုန်ကြပါသည် ထိုအခါမှ
ကျွန်ုပ်တို့လူတစ်စုလည်း အပြေးနှင်ကြပါတော့သည်
နောက်ကျတဲ့ခြေထောက်သစ္စာဖောက်မဟုတ်ပါလား
သို့သော်လည်းနောက်ကျသည့်မြင့်လွင်မှာခြံစောင့်လူ
ကြီး၏ဒူးလေးစာမိသွားရာ အားခနဲဆိုပြီး မြေပေါ်သို့လှဲ
ကျသွားပါသည်ထိုအခါတွင်ကျွန်ုပ်မှာ မတတ်နိုင်ပေသူ့
ကိုချီကာ ခြုံတော့ထဲရှိရာသို့ဝင်ရောက်ပုန်းအောင်းနေ
လိုက်ရပါသည်ခြံစောင့်လူကြီးမှာလည်း မှန်သွားသည်
ကိုမသိ၍လော ဆက်လိုက်မလိုက်နိုင်၍လောမဝေခွဲ
တတ်ပေကံကောင်းသွားသည်မှာ ကျွန်ုပ်တို့သေဘေးမှ
သီသီလေးလွှတ်မြောက်ခဲ့သည်မြင့်လွင်မှာတော့ ဖင်နှုတ်
ခမ်းတည့်တည့်တွင်ဒူးလေးစာမိ၍ ဖူးရောင်နေတော့၏
ထိုအခါမှ ကျွန်ုပ်လည်းလူရှင်းချိန်တွင်မြင့်လွင်ကိုတွဲကာ
ထွက်လာခဲ့တော့၏ တင်မောင်မှာတော့ကြက်ကြီးကို
ကိုင်ကာဘယ်ဆီရောက်သွားသည်မသိအနောက်သို့
ပင်လှည့်မကြည့်တော့တန်းသုတ်သွားလေတော့သည်
ကျွန်ုပ်တို့လည်းကြောက်ကြောက်နှင့်ပင်ညောင်ပင်ကြီး
ကိုဖြတ်ကာလာခဲ့ရင်း ကြက်သားလည်းမစားရမြင့်လွင်
မှာလည်းတစ်ပတ်လောက်ကျောင်းပျက်ရလေတော့
သည်နောက်တစ်နေ့ရောက်သောအခါမှတင်မောင်ပြော
ပြရာ သူလည်းပြေးရင်းလွားရင်းညောင်ပင်ကြီးအောက်
သို့ရောက်သောအခါ သူ၏လက်၌ရှိသောကြက်သေကို
အပေါ်ကလက်မဲကြီးဖြင့်ဆွဲယူရာသူပြန်လည်းကြည့်
လိုက်သည့်အခါတွင်သူ့ကိုကြည့်နေသည့်မျက်လုံးပြူး
ပြူးကြီးများကြောင့် လန့်အော်အော်ကာ ထွက်ပြေး
လားခဲ့သည်ဆို၏ နောက်တစ်နေ့တော့တင်မောင်လဲ
လန့်ဖျားဖျားလေတော့သည် ထို့အကြောင်းဆက်မိတိုင်း
ကျွန်ုပ်က ကြက်ခိုးကြရအောင်ဟုပြောရာ သူတို့မှာ
ဘာမျက်နှာများရှုံ့ မဲ့ရင်းအတင်းငြင်းကြတော့သည်
ကျွန်ုပ်မှာလည်းထိုအချိန်ကစလို့်ဘယ်အရာမှမခိုးတော့
ဟုဆုံးဖြတ်လိုက်သည် အချိန်ကိုကြည့်လိုက်သော်
ည၁၂နာရီပင်ထိုးနေပြီအိပ်မှပဲဟုဆိုကာ မီးကိုမုတ်လိုက်
ပြီးအိပ်ရာဝင်ခဲ့တော့လေသည်......။

ပြီးပါပြီ

Own short story Writer @julybrave

Image Source: google

Sort:  

dear @julybrave your very well post...
& great story...i really love your post..
thanks for sharing..

Thanks ,Friend.

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.030
BTC 60289.82
ETH 3304.15
USDT 1.00
SBD 2.42