Vote တောင်းစားရမည့်အချိန်နီးလာပြီ ( Henry Aung )
လက်ရှိအချိန် ဈေးကွက် အတွင်း၌ ဖြစ်ပေါ်နေသော SBD ဈေး နှုန်း အပြောင်းအလည်းကြောင့် အများကလည်း သို့လောသို့ လော ဖြစ်နေကြပါသည်။ အစတော့ ကျွန်တော်လည်း SBD တွေ ဈေးမြင့်တက်လာခြင်းကို ဘူပေါင်း တခုဟုသာထင်ထားခဲ့ပါသည်။ သို့သော် Steemit မှ ဆရာကြီးများက သွေးအေးအေးဖြင့် ရှင်းပြသောအခါ ကျွန်တော် မလိုချင်သော နေ့ရက်သို့ ရောက်လာကြောင်းကို သတိထားမိပါတော့သည်။
အကျယ်ရှင်းပြပါမည်။ လွန်ခဲ့သော လ အနည်းငယ်ခန့်က မိမိတို့ အခြားသူများ၏ အကူအညီဖြင့် Voting များ ရယူကြသောအခါ ကျွန်တော့ အနေဖြင့် တောက်လျှောက် သတိပေးနေခဲ့သည်မှာ SP ကို များနိုင်သမျှများအောင်စုကြပါ ရန် ဖြစ်ပါသည်။ နာထောင်သူများရှိသကဲ့သို့ မိမိတို့ ရရှိလာသော SBD များကို ဈေးကွက်အတွင်းသို့ ချရောင်းစားလိုက်ကြသူများလည်း ရှိကြပါသည်။ ကျွန်တော့ အနေဖြင့် တိုက်တွန်းရုံသာတတ်နိုင်၍ ထိုထက်လည်း ပိုမတတ်နိုင်ခဲ့ပါ။
ယခု SBD ဈေး 10$ နားသို့ ကပ်လာပြီ ။ Steem ဈေးမတက်၍ ပူစရာမရှိပါ။ အလိုလို ဖြေးဖြေးချင်းလိုက်တက်လာပါလိမ့်မယ်။ အားလုံး သိသည့် အတိုင်း မိမိ ဆောင်းပါး ရေးသား၍ ရသော SBD မှ ၂၅% ကို vote ပေးသူထံ ပြန်ပေးရ၍ ကျန် ရှိသော ၇၅% မှ Steem SP 50% နှင့် SBD 50 % တို့ မိမိ wallet သို့ ရောက်ရှိကြောင်း အားလုံးအသိပင်ဖြစ်ပါသည်။
SBD သည် လက်ရှိ USD 1$ ထက်ပိုသော ငွေကြေးအဖြစ်ရပ်တည် နေသည်မှာ အားလုံးအမြင်ဖြစ်ပါသည်။ ကျန်ရှိသော 50% Steem Power မှာ လည်မိမိ ရရှိထားသော SBD ပေါက်ဈေးအတိုင်း SP ပြောင်းပေးခြင့် ဖြစ်သဖြင့် ယခင်ကထက် SP ပိုများများ ရနိုင်တော့မည် ဖြစ်ပါသည်။ ထို့ကြောင့် Steem ဈေးတက်ခြင်း နှင့် SBD ဈေးတက်ခြင်းတို့ သည် Steemit ကိုထိခိုက်စရာမရှိပါ။ ထိခိုက်သည်မှာ မိမိတို့ ဖြစ်ပါသည်။
အားလုံးသိသည့် အတိုင်း ယခု Steemit မှ ငွေဖေါ်လို့ ရနေပါပြီ။ တန်ဖိုးရှိလာကြောင်း သိလာကြပါပြီ။ SBD များ Steem များလိုချင်လာကြပါပြီ။ ၂ မျိုးသာရှိပါသည်။ ဆောင်းပါးရေးပြီးရှာမလား ? ဝယ်စု မလား..? အများသူငှာ free ကြိုက်ကြသည့် အတိုင်း ဆောင်းပါးရေးသူများ ထွက်ပေါ်လာကြပါလိမ့်မည်။
မိမိတို့ လက်ရှိ MSC ၏ အားလုံးပေါင်း SP ဖြင့် vote လျင်တောင် SBD 1$ မရနိုင်သေးပါ။ curie ကလည်း power down နေသဖြင့် အကူအညီ လည်း မရနိုင်သေးပါ။ သို့သော်လည်း အချိန် ကတော့ ရောက်လာပါပြီ။ ကျွန်တော့ ပိုစ်လေး vote ပေးပါအုံး ကျွန်မ ပို့စ်လေး vote ပေးပါအုံး။ ကျွန်တော် အစောပိုင်းတင်သော ဆောင်းပါးများတွင် ဖေါ်ပြခဲ့ သည့် အတိုင်း ဇွဲ ကောင်းသူတို့ ဝရိယ ကောင်းသူတို့ အကျိုးခံစားရချိန်တော့ နီးလာပါပြီ။
ထင်သည့် အတိုင်း မိမိ တို့ SP မများခင် ဈေး တက်လေပြီ။ SBD ဈေးတက်လျင် SP ပိုများများရမည်။ Steem ဈေးတက်လျင် voting power များလာမည်။ မိမိတို့ အတွက် အရှုံးမရှိပါ။ အခွင့်အရေးရပါလျက်နှင့် ဆောင်းပါးမရေးသူများသာရှုံးပါလိမ့်မည်။ ကံမပါတောင် ဝရိယ အကျိုး ခံစားနိုင်ကြသော်လည်း ဝရိယ မရှိပါက ကျွန်တော်ပေးထားသော ခေါင်းစဉ်အတိုင်းသာ ။
မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....
Author : Henry Aung ( Kachin )
MSC : 001


Amazing Henry!
Thanks Dubi
Myanmar Steemit Community ရဲ့ကျေးဇူးကြောင့် steem power 100 ကျော်စုမိနေပါပြီရှင် 😊
ဆက်ပြီးတော့ ကြိုးစားပါ။ ဆောင်းပါးတွေမှာ MSC no ဖေါ်ပြပေးပါ။ MSC no မပါရင် vote နည်းပါလိမ့်မယ်။
ဟုတ်ကဲ့ပါအစ်ကို၊ နောက်တစ်ခါ ဆောင်းပါးရေးရင် MSC နံပါတ်ထည့်ပါ့မယ်။
စုဆောင်းထားပါတယ် အများကြီးမစွမ်းပေမဲ့ တတ်နိုင်သလောက် စုထားတာလေးတော့ ရှိနေဆဲပါ တစ်ကယ်ဆိုရင် ရထားတဲ့ steem power တွေဟာ အကိုဟင်တို့ကျေးဇူး ကြောင့်ပါ
အစ်ကိုဟင်ရဲ့ကျေးဇူးနဲ့ bro domeတို့ရဲ့ ကြိုးစားမှုပေါင်းစည်းလိုက်တာမှာ
အကျိုးတစ်ခုဖြစ်ထွန်းလာတာပါပဲ
.
ကြိုးစားရေးနေသူတွေကိုတွေ့ရတာဝမ်းသာတယ်
ချီးကြူးပါတယ်ဗျာ.. အက်မင်တွေအရမ်းကြိုးစားကြတယ်❤❤❤
ကျွန်တော်စိုးရိမ်တာ အခုလို ဈေးတက်လာရင် Curie ရဲ့ အကူအညီ မရတော့မှာ စိုးရိမ်နေတာ။ curie ကလည်း သူတယောက်တည်း မဟုတ်ဘူး ကူညီသူ အားလုံးရဲ့ SP ပေါင်းထားတာဆိုတော့ ။
ဘာပဲပြောပြော သုံးလအတွင်း SP 308 စုမိတာအမြတ်ပဲ၊ လိပ်သွားတော့သွားနေ ဦးမှာပါပဲ၊ တစ်နှစ်ဆို SP ၁၂၀၀လောက်တော့စုမိမှာပါ။ အရှုံးမရှိပါဘူး၊ အမြတ်ကြီးပါပဲ။ ကိုဟင်နဲ့ ကတော့ ဆရာသေသည်အထိလက်တွဲဖေါ်ပါပဲဗျာ။
စိတ်ချပါဆရာ။ Steemit က မြန်မာတွေအတွက် အရှုံးမရှိပါဘူး။
အမှန်ပဲဗျာ
မှန်တာပေါ့ဆရာ
အမှန်တွေပဲ တောက်လျှောက်ပြောနေခဲ့တာပါ။
ဆရာ ပြောခဲ့တဲ့ အတိုင်း ကွက်တိပါ ခင်ဗျ
ကြိုးစားရေးသားနေပါတယ်ဗျာ
ဆက်ပြီးတော့ ကြိုးစားပါ။ ဆောင်းပါးတွေမှာ MSC no ဖေါ်ပြပေးပါ။ MSC no မပါရင် vote နည်းပါလိမ့်မယ်။
Trade ဈေးကွက်ပေါက်ဈေးကတော့ 13.5$ ထိရောက်သွားပီအကိုဟင်ရေ
အဲတော့ ဝမ်းသာစရာပေါ့။
သေချာတာပေါ့အကိုရယ် ကြိုးစားသူတိုင်းအတွက်ထိုက်တန်တဲ့အကြိုးခံစားရမှာပေါ့အကိုရေ လေးစားပါတယ်ခင်ဗျာ
ဟုတ်တယ်အစ်ကို ကျွန်တော်ဆို Spလေး123ပဲ စုနိုင်တယ်
ကြိုးစားပမ်းစားနဲ့ ရေးနေကြတဲ့သူတွေကတော့
SP300လောက်ရနေကြပါပြီ
ကြိုးစားမှုရဲ့ရလဒ်က အချိန်ကြာလာတာနဲ့အမျှ စကားပြောလာပါပြီအစ်ကိုရေ
MSC ကိုဖွဲ့တာ နောက်ကျ သွားတာ။ တကယ်ဆို ၂၀၁၇ March လောက် စသင့်တာ
မင်္ဂလာ ရှိပါပေ့ ဗျာ
ဝမ်းသာစရာပေါ့။