Sticker ကပ်ကြသူများ...(KC Myanmar)
လမ်းမပေါ်မှာ သွားနေတဲ့ ကားတစ်ချို့ အပေါ်မှာပဲဖြစ်ဖြစ် တစ်ချို့အဆောက်အဦးနံရံ တွေမှာ ပဲဖြစ်ဖြစ် stickerအချို့ကို ကပ်ထားကြတာတွေ့နိုင်ပါတယ်။ တစ်ချို့ sticker တွေက သစ်လွင်နေပြီး၊ တစ်ချို့ကတော့ အတော်လေးကို ဟောင်းနွမ်းနေတာ ဖြစ်ပါတယ်။ ဒီလိုပဲ ကျွန်တော်တို့ တစ်တွေဟာလည်း တစ်ဦးကို တစ်ဦး အပြန်အလှန် sticker တွေကပ်နေတတ်ကြပါတယ်။ မင်းကတော့ အရမ်းတော်တာပဲ၊ မင်းကတော့ တော်တော်တုံးတယ်၊ မင်းကတော့ အသေးစိတ်ကို မမြင်တတ်ဘူး၊ စသဖြင့် sticker အမျိုးမျိုးကိုကပ်တတ်ကြပါတယ်။ ဒါကြောင့် လူတွေကို sticker ကပ်ကြသူများလို့ ပြောချင်တာဖြစ်ပါတယ်။
ကိုယ်က အမှုမဲ့ အမှတ်မဲ့ အခြားသူအပေါ် negative sticker ကို ကပ်လိုက်မိနိုင်ပါတယ်။ ကိုယ့်အဖို့ကတော့ sticker ကိုကပ်ပြီးတာနဲ့ မေ့မေ့ပျောက်ပျောက် ဖြစ်သွားတတ်ပါလိမ့်တယ်။ negative sticker အကပ်ခံရသူကတော့ အဲဒီ sticker ကိုပြန်ခွာရကောင်းမှန်း မသိ ဖြစ်နေတတ်ပါတယ်။ တစ်ချို့လူတွေဆိုရင် ကားတွေပေါ်တွေ့ရတဲ့ sticker ခပ်ဟောင်းဟောင်းတွေလို ဖြစ်သွားတဲ့အထိကို သူများကပ်လိုက်တဲ့ negative sticker တွေကို ပြန်မခွာမိပဲ ဝတ်ဆင်နေကြတာ တွေ့နိုင်ပါတယ်။ သူများတွေ ပြောတဲ့ အတိုင်းကိုယ့်ကိုယ်ကို လက်ခံသွားကြတာတွေ့ရတဲ့အတွက် အရမ်းစိတ်မကောင်းစရာကောင်းလှပါတယ်။
အထူးသဖြင့် မိဘတွေက ကိုယ့်သားသမီးတွေအပေါ်မှာ negative sticker တွေ မကပ်မိစေဖို့ အရမ်းသတိထားရပါ့မယ်။ ဥပမာ - မင်းတို့တော်တော်အပျင်းကြီးတာပဲ၊ ကြည့်စမ်း၊ ဟိုဘက် အိမ်ကခလေးတွေဆို ဘာမှ ပြောစရာမလိုဘူး။ သူတို့ အသိစိတ်နဲ့ သူတို့ စာကျက်နေကြပြီ စသဖြင့် အမှတ်တမဲ့ အလွယ်တကူ ပြောတတ်ကြပါတယ်။ ကျောင်း ဆရာ၊ ဆရာမတွေလည် ကိုယ့်တပည့်တွေအပေါ် negative sticker တွေ မကပ်မိအောင် အထူးသတိထားသင့်ပါတယ်။ ဥပမာ - မင်းက ဉာဏ်တော်တော်ထိုင်းတာပဲ၊ ကျောင်းဆက်တတ်ဖို့တောင် မကောင်းဘူး။ ဆန်ကုန်မြေလေးတွေ စသဖြင့် negative sticker တွေတပ်ပေးတတ်ကြပါတယ်။
လူအနည်းစုလောက်သာ ကိုယ့်အပေါ်ကပ်လိုက်တဲ့ negative sticker တွေကို ကိုယ့်ဘာသာကိုယ် ဖယ်ရှားနိုင်ခဲ့ကြပါတယ်။ များသော်အားဖြင့် ဒီ negative sticker တွေကြောင့် ကိုယ့်ကိုယ်ကို အကောင်း မမြင်နိုင်တော့ပဲ သူများ ပြောတဲ့ အတိုင်း လက်ခံသွားကြတာ တွေ့ရတဲ့အတွက် အရမ်းစိတ်မကောင်းစရာဖြစ်ပါတယ်။ ဒါကြောင့် လူတွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါမှာ negative sticker တွေ မတတ်မိအောင် ဆင်ခြင်သင့်ပါတယ်။
လူတွေဟာ ကိုယ့်ကိုယ်ကိုယ် တန်းဖိုးထားတတ်တဲ့ စိတ်ဓာတ်ရှိဖို့ အရေးကြီးပါတယ်။ မိမိကိုယ်ကို မိမိတန်ဖိုး မထား အထင်မကြီးတဲ့သူတွေကို တခြားလူတွေကလည်း အထင်မကြီး တန်ဖိုး မထားတတ်ကြပါဘူး။ နှိမ့်ချတာနဲ့ သိမ်ငယ်တာကို ကွဲကွဲခြားခြား သိဖို့ အရေးကြီးပါတယ်။ လူတွေနဲ့ ဆက်ဆံတဲ့အခါမှာ သူတို့ကိုယ်သူတို့ တန်ဖိုးထား အထင်ကြီးမှုနဲ့ ပတ်သက်ပြီး တုန့်ပြန်နိုင်တဲ့နည်းလမ်း ၄ ခုရှိပါတယ်။
၁။ အဲဒီစိတ်ဓာတ်ကို အသိအမှတ်မပြုခြင်း။
၂။ အဲဒီ စိတ်ဓာတ်ကို ရိုက်ချိုးဖျက်ဆီးခြင်း။
၃။ အဲဒီ စိတ်ဓာတ်ကို မြင့်တင်ပေးခြင်း။
၎။ အဲဒီ စိတ်ဓာတ်ကို ထိန်းထားပေးခြင်း တို့ဖြစ်ပါတယ်။
ပထမ အချက် ၂ ချက်ကတော့ ရှောင်သင့်တဲ့ နည်းလမ်တွေပဲ ဖြစ်ပါတယ်။ Negative sticker ကပ်သူများပဲဖြစ်ပါလိမ့်မယ်။ အဲဒီလိုလုပ်ခြင်းအားဖြင့် သူတို့နဲ့ ဆက်ဆံရေးကိုလည်း ထိခိုက်နိုင်ပါတယ်။ ကိုယ့်ကြောင့် သူတဖက်သား ဘဝကို ထိခိုက်သွားနိုင်တယ်ဆိုတာကို သတိကပ်ထားသင့်ပါတယ်။
နည်းလမ်းအမှတ် ၃ နဲ့ ၄ ကတော့ ကျွန်တော်တွေ အားလုံးလုပ်သင့်လုပ်ထိုက်တဲ့အရာတွေပဲဖြစ်ပါတယ်။ နည်းလမ်းအမှတ် ၃ ဖြစ်တဲ့ လူတွေ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားတဲ့ စိတ်ဓာတ်ကို မြင့်တင် ပေးခြင်ဟာ လူတစ်ဦးတစ်ယောက် အောင်မြင်တဲ့ အချိန်၊ကောင်းတာလုပ်တဲ့ အချိန်တွေမှာ အလွန်သုံးသင့်ပါတယ်။ အဲဒီလို လုပ်ခြင်းအားဖြင့် သူတို့ရဲ့ စိတ်ဓာတ်ကိုမြင့်တင်ပေးရာရောက်ပါတယ်။ ဒီလို လုပ်တဲ့နေရာမှာ specific ဖြစ်ဖို့နဲ့ sincere ဖြစ်ဖို့ အရမ်းအရေးကြီးပါတယ်။ အဲဒီ အခါမှသာ ကိုယ့်လုပ်ရပ်က ထိရောက်မှာ ဖြစ်ပါတယ်။
အမှတ် ၄ ဖြစ်တဲ့ လူတွေ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားတဲ့ စိတ်ဓာတ်ကို ထိန်းသိမ်းပေးခြင်းက ၄င်းတို့ အဆင်မပြေတဲ့အချိန်၊ အခက်အခဲနဲ့ကြုံရတဲ့အချိန်၊ အမှားအယွင်း လုပ်မိတဲ့ အချိန်တွေမှာ သုံးရပါမယ်။ အဲဒီလို အချိန်တွေမှာ လူတွေဟာ စိတ်ဓာတ်ကျတတ်ကြပါတယ်။ အပြစ်တင်ခြင်းခံရတဲ့ အခါမှာလည်း လက်မခံနိုင်ပဲ စိတ်အနှောက်အယှက်ဖြစ်တတ်ကြပါတယ်။ ဒါကြောင့် သူတို့ကိုယ်သူတို့ တန်ဖိုးထား အထင်ကြီးတဲ့ စိတ်ဓာတ်လေးကို ထိန်းသိမ်းပေးထားခြင်းအားဖြင့် ၄င်းတို့ကို ကူညီရာရောက်ပါတယ်။ အဲဒီလို လုပ်တဲ့အခါမှာလည်း issue ပေါ်မှာသာ အဓိကထားပြီး personal တွေမှာ အာရုံ မထားသင့်ပါဘူး။
အခုပြောခဲ့သလို လူတွေရဲ့ စိတ်ဓာတ်တွေကို တတ်နိုင်သလောက် မြင့်တင်ပေးခြင်း၊ ထိန်းသိမ်းပေးခြင်း တွေဟာ negative sticker ကပ်ပေးခြင်းထက် အများကြီး သင့်လျော်ပါတယ်။ လုပ်သင့်ပါတယ်ဆိုတဲ့ ကျွန်တော့်ရဲ့ အမြင်ကို ရိုးသားစွာနဲ့ share ပါတယ်။
Negative sticker ကပ်ခြင်းမှ ကင်းဝေနိုင်ကြပါစေ။
Photo Credit: Google Image
Author: KC Myanmar
Congratulations @kcmyanmar! You have completed some achievement on Steemit and have been rewarded with new badge(s) :
You published your First Post
You made your First Comment
You got a First Vote
Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word
STOP
ရမ်းကြိုက် ဆရာ့စာတွေ စောင့်ဖတ်မယ် ဒါနဲ့ ဆရာက post တွေ အများကြီးတင်နိုင်တော့ ကျွှန်တော်တို့ မ vote နိုင်မှာဘဲစိုးတယ် အမှန်တော့ အများကြီး vote ချင်တာ power နည်းနေလို့