ဗဟုသုတမှိဝေရာတွင် နည်းလမ်းတကျရှိစေချင်

'စာအုပ်စာပေ လူ့မိတ်ဆွေ' 'ပညာရှာ ပမာသူ့ဖုန်းစား'ဆိုသည့်စကားအရ လူသားတိုင်းသည် လူမှုဝန်းကျင်တွင် ရပ်တည်ရှင်သန်ရပါက အခြားသူများ၏အတွေ့အကြုံဟောင်းများကို လေ့လာစူးစမ်းကြရန်လိုအပ်ကြောင်း သိရှိနိုင်ပါသည်။ ထိုအတွေ့အကြုံများကို စာအုပ်စာပေဖတ်ရှုခြင်းမှသော်လည်းကောင်း မိမိကိုယ်တိုင်လုပ်ငန်းခွင်မှရှာဖွေ၍ သော်လည်းကောင်း ရရှိကြရသည်။ ထိုသို့လေ့လာရရှိသည့် ဗဟုသုတများအပေါ်မှီခို၍ လမ်းကြောင်းမှန်ပေါ်သို့ နင်းလျှောက်နိုင်လိမ့်မည်ပင်ဖြစ်ပါသည်။
ကျွန်တော်ငယ်ရွယ်သူများသည် ရှေးလူကြီးများ၏ ဆုံးမစကားများ ပညာရပ်များ ၄င်းတို့အောင်မြင်ခဲ့ကြသည့် နည်းလမ်းများ ၄င်းတို့ဖြတ်သန်းခဲ့ရသည့် ဘဝသင်ခန်းစာများ စသည့်တို့ကိုပြန်လည်လေ့လာသိရှိခဲ့ကြရသဖြင့် ကျွန်တော်တို့ကိုယ်တိုင်သည်လည်း လိုက်နာရမည့်နည်းလမ်းများ ရှောင်ကြဉ်အပ်သည့်နည်းလမ်းများကို တွေ့ရှိနားလည်းခဲ့ကြရခြင်းပင်ဖြစ်ပါသည်။
ယနေ့လူ့ဘောင်အဖွဲ့အစည်းတွင်ကား သတင်းများ ပျံနှံ့မှုပိုမိုအားကောင်းလျှက်ရှိပါသည်။ ကမ္ဘာကြီးသည် ရွာကြီးအလား ထင်မှတ်မှားရပါသည်။ မည်သည့်နေရာ မည်သည့်ဒေသတွင် မည်သို့သောအကြောင်းတရားများ ပေါ်ပေါက်နေသည် ဆိုသည်ကို နာရီပိုင်းအတွင်းပျံနှံ့လွယ်သည်။ လူမှုကွန်ယက်မှ သတင်းကောင်း သတင်းဆိုးများ နေ့စဉ်ကြားသိတွေ့မြင်နေကြရသည်ပင်။ ထိုသို့သတင်းများအပေါ်အခြေခံကာ ပြုပြင်သည့်များကိုပြုပြင်ရင်း ပညာရယူကာ မိမိတို့၏ဘဝအခြေအနေမြင့်မားစေရန် ကြံဆောင်သင့်ပါသည်။ မိမိ၏ထင်မြင်ချက်နှင့် သတင်းစကားတို့မတူညီပါက ဝင်ရောက်ဆဲဆိုခြင်းများဖြင့် မိမိဘဝအတွက် အကျိုးမဖြစ်ထွန်းနိုင်ရုံ သာမကတန်ဖိုးရှိသောအချိန်များပင် အလဟဿ ကုန်ဆုံးသွားရပေမည်။ ကျွန်တော် Facebookကိုစတင်သုံးစွဲစဉ်ပခါ သတင်းတစခုမှားနေသော်လည်းကောင်း မိမိသဘောထားနှင့်လွဲချော်နေလျှင်သော်လည်းကောင်း comment တွင် ငြင်းခုံပြောဆိုခဲ့ဖူးပါသည်။ ကျွန်တော်၏ပြောဆိုချက်များသည် ရိုင်းပြသောအသုံးအနှုန်းကား တစ်ခါတစ်ရံမှပင် မပါခဲ့ဖူးပါချေ။သို့သော် မျမိသဘောထားကို လာရောက်ဆန့်ကျင်သူက ယဉ်ကျေးစွာသော်လည်းကောင်း ရိုင်းပြစွာသော်လည်းကောင်း ပြန်လည်ပြောဆိုလာပါက မိမိဘက်ကလည် ပြန်လည် ချေပချင်စိတ် ပိုမိုထက်သန်လာရပြန်ပါသည်။ သာ၍ ဆိုးသည်မှာ မိမိပြောသည့်အပြုသဘောကို ရိုင်းပြစွာဖြင့် အပျက်သဘောဆောင်ပြောဆိုလာလျှင် အသားများဆတ်ဆတ်တုန်နေအောင်ထိပင် နာကျင်ခဲ့ရပြန်ပါသည်။
Author by @khaylay
MSU-007
ဆက်လက်ရေးသားပါဦးမည်။
Good Post and Try More
hoke
အသုံးတည့်ဖို့ အသုံးတတ်ဖို့ လိုနေကြပါသေးတယ်..
Nice post
Good post
Congratulations! This post has been upvoted from the communal account, @minnowsupport, by khaylay from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
Sneaky Ninja Attack! You have just been defended with a 2.94% upvote!
I was summoned by @khaylay. I have done their bidding and now I will vanish...
woosh
A portion of the proceeds from your bid was used in support of youarehope and tarc.
Abuse Policy
Rules
How to use Sneaky Ninja
How it works
Victim of grumpycat?