ပင်းယခေတ်
သက္ကရာဇ် ၆၆ဝ ပြည့်နှစ်လောက်မှစ၍ ပုဂံပြည်ကြီး၌ ပြည်တွင်းရေး အရှုပ်အထွေးများ တဖြည်း ဖြည်း ပေါ်ပေါက်လာကာနောက်ဆုံးတွင် ပုဂံပြည်ကြီးတိမ်းယိမ်း ကာ ရှမ်းညီနောင် သုံးဦးတို့သည် မြင်စိုင်း၊ ပင်းယ နှင့် စစ်ကိုင်း၊ ဤသုံးမြို့တွင် ထီးနန်း စိုက်ထူကြသည်။
ယင်းသို့ ပုဂံပြည် ကြီးပျက်စီးသည်မှ အင်းဝခေတ်ကြီး မထွန်းကားမီ ကာလကို ပင်းယခေတ်ဟု စာပေသမိုင်းတွင် သတ်မှတ်ခဲ့ အချိန်ကာလအားဖြင့် နှစ်ပေါင်း ၆ဝ ကျော်မျှဖြစ်သည်။
ပင်းယခေတ် စာပေ အဆင့်အတန်းသည် ပုဂံခေတ် အဆင့်အတန်းထက် တိုးတက်လာသည် ဟုဆိုရပေမည်။
အဘယ်ကြောင့် ဆိုသော် ပုဂံခေတ်တွင် မတွေ့ရသော စာမျိုးများကို ဤပင်းယခေတ် တွင် တွေ့ရခြင်းကြောင့် ဖြစ်သည်။ အထူးသဖြင့် ပင်းယခေတ်၌ ပေါ်သော ဆန်းသစ်သည့် စာပေများမှာ တျာ့ဖွဲ များ၊ ကာချင်းများနှင့် ရတုများဖြစ်သည်။
ထိုသို့ကာရန်အစပ် အဟပ်နှင့် ဆွဲငင်ရွတ်ဆိုရသော စာမျိုးကို တွေ့ ရခြင်းဖြင့် ဂီတဘက်၌ လိုက်စားလာကြောင်း ထင်းရှားလေသည်။ ကာချင်းမှာ ကာ ကရာတွင် သီဆိုရသော သီချင်း တစ်မျိုးဖြစ်သည်။
ကာ ကသည် ဆိုသည်မှာ ဗန်းခုံးငယ်ကဲ့သို့ ခပ်ဝိုင်းဝိုင်း ပုံသဏ္ဌာန်ရှိသော ကာကို မြောက်ထောင် ပင့်တင် ကခြင်းတစ်မျိုးဖြစ်သည်။ ကရာတွင် အတူကသူတို့က သစ်သားဓား၊ သစ်သားလှံတို့ဖြင့် ထိုးခုတ်သည်ကို မထိမခိုက်ရအောင် ကာကွယ်၍ ကရသော အက ဖြစ်ရကား စစ်ရေးစစ်ရာ လေ့ကျင့်မှု တရပ်ပင် ဖြစ်လေသည်။
ဤကာကမှုသည် အလွန်နှစ်သက်ပျော်ရွှင်ဖွယ် ကောင်းသော လေ့လာမှုဖြစ်၍ သက္ကရာဇ် ၆၇၄ ခုနှစ်တွင် ပင်းယ၌ နန်းတက်သော သီဟသူမင်း ခေတ်က ဝတ်ပုံစားပုံ အပြုအမူ အနေအထား တို့ကို 'ခါးပတ်တော်မှာ ရွှေချည်စုံ၊ မှိုင်းလုံး ရွှေဝတ်လုံ၊ မလုံသာချမ်းဧ' အစရှိသဖြင့် ကာချင်းတွင် ဖွဲ နွဲ့ရေး သားသည်ကို တွေ့ရသည်။
မြင်စိုင်း ငါးစီးရှင် ကိုယ်တော်တိုင် ကာချင်းများကို ရေးသားခဲ့သည်ဟု အဆို ရှိလေသည်။ကာချင်း အပြင် သက္ကရာဇ် ၇ဝဝ ကျော်လောက်တွင် 'ရတု'ဟူသည့် လေးလုံးစပ်အဖွဲကို စတုရဂသ္မဗလ အမတ်ကြီး ရေးသားထားသည်ကိုတွေ့ရသည်။အမတ်ကြီး၏ ရတုသည် လောကအကြောင်း နှင့် မသက်ဆိုင်၊ ဓမ္မကြောင်း သက်သက်ဖြစ်၍၊ မိမိ သိလိုသော မြတ်စွာဘုရား တရားတော်နှင့် သက်ဆိုင်သည့် အမေးပုစ္ဆာများကို ဆူးတွင်းပစ် ဆရာတော်ထံ ရေးဆက် မေးမြန်းခြင်းဖြစ်သည်။
ရွှေဘဝါးတော်အောက်၊ ကျွန်ုပ်၏ လျှေက်ဖြင့်၊ မလျှောက်ဝံ့ဝံ့၊ လျှောက်ဝံ့ဝံ့တည့်၊ ကြောက်ရွံ့လျက်ပင်၊ စက်ရွှေစင်ကို၊ ထိပ်ပြင်ပန်းနှယ်၊ ဆင်စံပယ်လျက်၊ နိကာယ်လုံးစုံ၊ ကျမ်းသုံးပုံဝယ်' အစချီကာ ရတုသုံးပိုဒ်စလုံးတွင် နက်နဲလှသော အဘိဓမ္မာတရားဆိုင်ရာ ပါဠိပါဌ်သားများကို ခက်ရာခက်ဆစ် စကားလုံးများဖြင့် ရေးသား မေးမြန်းခြင်းကို ထောက်က ပင်းယခေတ် မြန်မာစာပေသည် ပုဂံခေတ် မြန်မာစာပေထက် အဆင့်အတန်း တိုးတက်မြင့်မားလာကြောင်း သိရသည်။
ဤသို့ဖြင့် ပင်းယခေတ်တွင် တျာချင်း၊ ကာချင်း၊ ရတု စသော စာပေ အဖွဲအနွဲ့မျိုး ထွန်းကားသည့်ပြင် ကျောက်စာ အရေးအသားများလည်း မတိမ်ကောသေးချေ။
သက္ကရာဇ် ၇ဝ၂ ခုနှစ် ဥဇနာမင်း လက်ထက်တွင် ဂူတည်၍ မြေလှူကြောင်းကို ကျောက်ထက်အက္ခရာ တင်ထားခဲ့သည်။ တစ်ဖန် ၇၂၁ ခုနှစ် ကျော်စွာငယ် လက်ထက်တွင် ဘုရား ကျောင်းများကို တည်ထားဆောက်လုပ်၍ လယ်မြေများ လှူကြောင်း ကျောက်စာ ရေးထိုးခဲ့လေသည်။
ပင်းယခေတ် ကျောက်စာများသည် ပုဂံခေတ်ကျောက်စာများကဲ့သို့ စေတီပုထိုးများ၌ မြေလှူကြောင်း၊ ကျေးကျွန်လှူကြောင်း စသည်တို့မှာ အကြောင်းအရာအားဖြင့် တူညီနေသော်လည်း ဝါကျအထားအသို ကောင်းခြင်း၊ နာမဝိသေသနပုဒ်များ ဆင့်ကဲ သုံးထားခြင်းတို့မှာ ပုဂံခေတ်ထက် များစွာ တိုးတက်သည်ကို တွေ့ရပေသည်။လင်္ကာဟူသော အရးအသားသည်လည်း ဤပင်းယ ခေတ်တွင် ပေါ်ပေါက်ကောင်း ပေါ်ပေါက်ပေလိမ့်မည်။ ရတု လောက် ခက်ခဲသော စာမျိုးကို ဖွဲ့ဆိုနိုင်ပါလျှင် လင်္ကာကိုဖွဲ့ခဲ့မည်မှာ ယုံမှားဖွယ်ရာ မရှိချေ။
သို့သော် ထိုခေတ် ထိုအချိန်က မြန်မာစာကို အရေးတယူ ဂရုတစိုက် သိမ်းဆည်းမှုနည်းပါးသေားကြောင့် လင်္ကာအရေးအသား စာတမ်းမှတ်စုဟောင်းများ ရှာဖွေမရ ဖြစ်ခဲ့ရသည်ဟု ခန့်မှန်းရပေသည်။
ခေတ်တစ်ခုလုံးကို ခြုံကြည့်ပါက တိုတောင်းလှစွာသော အချိန်အတွင်း မြန်မာစာပေ အရေးအသားကို ပုဂံခေတ်ကထက် များစွာ တိုးတက်လာသည်ဟု ဆိုရပေမည်။
@kokyawzinphyo(MSC 047)
11.10.2017(Wed)
20:30
Good writing
ကျေးဇူးပါ
Good post
ကောင်းတယ်ဗျို့
ကျေးဇူးပါ
Thnx @kokyawzinphyo for putting this info all together.
Nice history
ကောင်းပါတယ်
မြန်စာအရေးအသားအ ကြောင်းရေးရင်း အင်္ဂလိပ်စာ စာလုံးပေါင်းလွဲသွားပါကြောင်း
nice post
Tag မှာ History ထည့်ပါ။
ဟုတ်ဆရာ
history ပါ histary ဖြစ်နေပါတယ်
ဟုတ်ကဲ့
Nice.....ဒါနဲ့ bro ရေ ခေါင်းစဉ်မှာ ၀စ္စနှစ်လုံးပေါက် ထည့်ဖို့ကျန်ခဲ့ပါတယ်နော်။ ပင်းယ ခေတ် ဖြစ်ရမှာပါ။ အားပေးနေပါမယ် 😊
ဟုတ်ကဲ့ကျေးဇူးပါ