( )
"ကဲ အားလုံးဆင်းလာခဲ့ကြပါ"
ပုလိပ်ဖြစ်သူမှ ကားပေါ်တွင်ရှိသော အချုပ်သားများ အားလုံးကို ဆင်းခိုင်းလေသည်။
ကျနော်တို့တွေ ဘန်ကောက် IDC အချုပ်ထောင်ကနေ လွတ်မြောက်ပြီးတော့ အထောက်ထားမရှိသူများအား ပြန်လည်ပို့ဆောင်ပေးခြင်း ဖြစ်လေသည်။ သို့သော်....
မြန်မာပြည်သို့ ပြန်မရောက်ခင်မှာ မနက်စောစော မဲ့ဆောက် အချုပ်ရုံးသို့ ဝင်ခဲ့ရသေးသည်။ မဲ့ဆောက်အချုပ်ရုံးတွင် နေ့တစ်ဝက်နီးပါးလောက် နေပြီးမှ တစ်ဖန်ထပ်မံပြီးတော့ နာမည်စာရင်းပေးရပြန်သည်။ ထိုမှတစ်ဆင့် မဲ့ဆောက်အချုပ်ရုံးမှ ပုလိပ်များမှ အချုပ်ကားပေါ်သို့ အချုပ်သားများအား ပြန်လည်တင်ဆောင်၍ ထိုင်းဘက်ခြမ်း (မယ်ပ) အူးအော်ဂိတ် နှင့် မြန်မာဘက်ခြမ်း (မြဝတီ) ကိုးသုံးဂိတ်(အဟာင်း) သောင်ရင်းမြစ် ကမ်းနဖူးသို့ ခေါ်ဆောင်သွားလေသည်။
"ဂျိမ်းး"
ကားတံခါးဖွင့်သံကြားသည် ကျနော်တို့ အချုပ်သား ကားပေါ်ကနေဆင်းကြလေသည်။
ဟားး အခုမှပဲ မြန်မာပြည် ပြန်ရောက်လေတော့တယ်။ ကားပေါ်ကနေ ဆင်းလိုက်သည်နှင့် ကြည်လင်အေးမြပြီး တစ်သွင်သွင်စီးဆင်းနေတဲ့ ပြောင်းပြန်စီးဆင်းသော သောင်းရင်းမြစ်အား မြင်တွေ့ရလေတော့သည်။ သောင်ရင်းမြစ် ကမ်းနဖူးတွင် ပြန်လည်လွတ်မြောက်လာသော ထိုင်းရောက် မြန်မာပြည်သားများအား တစ်ဖက်ကမ်းရှိ မြန်မာနိုင်ငံဘက်ခြမ်းသို့ ပြန်လည်ပို့ဆောင်ပေးရန် စက်လှေတစ်စီးမှာ အသင့်စောင့်နေလေသည်။
ထိုကမ်းနဖူးတွင် အသင့်စောင့်ဆိုင်းနေသော စက်လှေပေါ်သို့ အိမ်ကိုအမြန်ပြန်ချင်ဇော်နဲ့ ကျနော်အပြေးလွှားတက်လိုက်လေသည်။ စက်လှေပေါ်သို့ ရောက်သည်နှင့် ပတ်ဝန်းကျင် တစ်ခုလုံးကို ကျနော် လှမ်း၍ရှိုးလိုက်သည်။ သောင်းရင်းမြစ်မှာ စက်လှေပေါ်ကနေ ကြည့်တာတောင် အောက်က သဲတွေကို မြင်တွေ့ရသည်အထိ ကြည်လင်လှလေသည်။ ပြီးတော့ ဟိုဘက်ကမ်းနဲ့ ဒီဘက်ကို လှမ်းလျှောက်၍ ကူးသွားလို့ရသည်အထိ ဒူးခေါင်းကျော်လောက် ရေကတိမ်သည်။ တစ်ဖန် စက်လှေမှာလည်း သံဘောဒီဖြစ် တည်ဆောက်ထားပြီး ကားအင်ဂျင်တက်ဆင်ထားသောကြောင့် ကျနော့်အမြင်မှာ နည်းနည်းတော့ ဆန်းကျယ်နေသည်။
မယ်ပ အူးအော်ဂိတ်နဲ့ မြဝတီ ကိုးသုံးဂိတ်တို့သည် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်သော ဂိတ်များဖြစ်လေသည်။ ထိုင်းဘက်ခြမ်းက ကုန်ပစ္စည်းများ ဆီပုံးတွေ ဂုန်နီအိတ်အမဲတွေနဲ့ထည့်ထားသော အချိုမှုန့်အိပ်များနဲ့ စက်ဘီး ဆိုင်ကယ် ကားများကို ကိုးသုံးလုံးဂိတ်သို့ ပို့ဆောင်၍ ကိုးသုံးဂိတ်မှတစ်ဖန် ကြက်သွန် ငရုတ်သီး ပဲ အစရှိသည့် ကုန်ပစ္စည်းများအား အူးအော်ဂိတ်သို့ ပြန်လည်၍ပို့ဆောင်လေသည်။
"ဝေါ...."
"ဟာ.. မြန်လိုက်တာ မောင်းချက်က လှန်ထွက်နေတာဘဲ"
ကျနော်တို့ကို ကမ်းကူးပေးမည့် စက်လှေဘေးကနေ လေးထောင့်ဆီပုံးများအပြည့် တင်ဆောင်ထားသော စက်လှေတစ်စီးမှာ ဖြတ်၍ မောင်းသွားခြင်း ဖြစ်လေသည်။ စက်လှေမှာ အလွန်ကောင်းမွန်၍ဖြစ်မည်ထင်သည် ကုန်ပစ္စည်းအပြည့်တင်ထားတာတောင် မောင်းထွက်သွားတာ ရေပေါ်တွင် လွှားခနဲနဲ့ မြန်လွန်းလှလေသည်။
"ကဲ အားလုံး လူစုံရင် ထွက်မယ်ဟေ့"
စက်လှေမောင်းသမားက မြန်မာလူမျိုးဖြစ်လေသည်။ စက်လှေထွက်ရန် လှမ်း၍ အော်ပြောလေသည်။
ငှယ်... ကျနော်တို့အား ပို့ဆောင်ပေးမည့် စက်လှေမှာ စက်နိုး၍မမောင်းပဲနဲ့ ဝါးလုံးရှည်ဖြစ်ထိုး၍ ပို့ဆောင်ပေးလေသည်။ ဝါးထိုးတဲ့သူမှာ အတော်ကျွမ်းကျင်ပုံရလေသည် စက်လှေသံဘောင်ပေါ်ကနေ နောက်ပြန်လမ်းလျှောက်၍ ဝါးကိုထိုးလေသည်။ ကြည့်ရတာ သူအမြဲတမ်း လုပ်နေကြ သူ့ရဲ့အသက်မွေးဝမ်းကြောင်း ဖြစ်ဟန်တူသည်။
ဤကဲ့သို့ စက်လှေဖြစ်ပို့ဆောင်ပေးရာ ကျနော်တို့တွေ မြဝတီဘက်ခြမ်းရှိ ကိုးသုံးလုံးဂိတ်သို့ ရောက်လာကြလေသည်။ စက်လှေပေါ်ကနေ ကမ်းနဖူးပေါ်သို့ ကျနော်တက်သည်နှင့် ကမ်းပေါ်တွင် လက်နက်ကိုင်(DKBA)အဖွဲ့စည်းများမှာ အသင့်စောင့်ဆိုင်းနေလေသည်။
ကိုးသုံးလုံးဂိတ် ကမ်းပေါ်သို့ရောက်သည်နှင့် တစ်ဖန်ပြန်၍ ကျနော်လှမ်းရှိုးလိုက်လေသည်။
မိုက်ဒယ် အတော်လေးကို လန်းပါသည်။ မြန်မာ့တပ်မတော်က ရဲဘော်တွေထပ်ကို DKBAတွေ ဝတ်စားဆင်ယင်ထားသော ယူနီဖောင်းများ စမက်ကျကျနဲ့ အတော်လေးကိုကြည့်၍ကောင်းလေသည်။ ကိုင်ထားသော လက်နက်များမှာလည်း ခေတ်မှီလှသည် ဒီကြားထဲ မျက်မှန်ကလည်း တပ်ထားပြန်တော့ နိုင်ငံခြားကားတွေထဲကလို အမေရိကန် စစ်သားတွေလား ထင်မှတ်မှားလောက်သည်D:
"ကဲ.. ကဲ အားလုံးတန်းစီပြီးတော့ ထိုင်နေကြဟေ့"
စာအုပ်ဘောပင်ကိုင်ဆောင်၍ အရပ်ဝတ်နဲ့ လူတစ်ယောက်မှာ ကျနော်တို့အား လှမ်း၍ပြောခြင်းဖြစ်လေသည်။
"အခု ပြန်ရောက်လာတဲ့လူတွေကို နာမည်ခေါ်မယ် နာမည်မပါတဲ့လူတွေက ဟော ဟိုနားက ဂိုထောင်ထဲမှာ သွားနေကြပါ နာမည်ပါတဲ့လူတွေက ကျနော်နဲ့လိုက်ခဲ့ကြပါ"
အရပ်ဝတ်နဲ့လူမှာ တစ်ဦးချင်းစီ နာမည်အော်ခေါ်လေသည်။ နာမည်ခေါ်တဲ့အထဲတွင် ကျနော်မပါခဲ့ပါ။ အဘယ်ကြောင့်လည်းဆိုတော့ ထိုအရပ်ဝတ်နဲ့လူမှာ လူပွဲစားဖြစ်လေသည်။ ဘန်ကောက်မှ ပြန်လာသူများမှာ သက်ဆိုင်ရာ သူ့ပွဲစားနဲ့သူ ကိုးသုံးလုံးဂိတ်တွင် ငွေပေး၍ ပြန်ရွေးယူရပါသည်။ ပွဲစားနဲ့ ချိပ်ဆက်မှု့မရှိထားသော ကျနော်တို့မှာ ဂိုထောင်ထဲသို့သွားကြရလေသည်။ ဂိုထောင်သို့ ရောက်သည်နှင့် ခပ်ဝဝနဲ့ ဘက်အိတ်အကြီးကြီးလွယ်သော အမျိုးသမီးတစ်ယောက် ဝင်ချလာလေသည်။
"ကဲ အားလုံးသေချာ နားထောင်ကြနော်... အခုနင်တို့တွေ မြန်မာပြည် ပြန်ရောက်လာတာ ဒီဂိတ်ထဲကနေ ထွက်ဖို့အတွက် တစ်ဦးလျှင် ဘတ်ငွေသုံးထောင်ပေးရပါမယ် ငွေမပေးနိုင်ရင် ဂိတ်ထဲကနေ ထွက်လို့မရဘူး အကယ်၍ ငွေမပေးနိုင်တဲ့သူရှိရင် လက်ထောင်ကြပါ"
အမျိုးသမီးပြောသော စကားကြောင့် ကျနော်မျက်လုံးမျက်စံ ပြူးထွက်သွားလေသည်။ ဘယ်လိုဖြစ်လို့များ ဘတ်ငွေသုံးထောင် တောင်းရသနည်း....? ငွေမပေးနိုင်ရင် ဂိတ်ထဲက ထွက်လို့မရဘူးဆိုတော့.... ကိုယ့်နိုင်ငံ ကိုယ်ပြန်လာတာ ဘာကြောင့်များ ငွေက ပေးရသနည်း...? ထိုင်းမှာနေတာ အချုပ်ခံရတာ ထိုင်းကနေ မြန်မာပြည်ကို ပြန်လာတာ ဘာငွေမှမကုန်ပါ ဘာကြောင့်များ ဒီလောက်များတဲ့ ငွေကို တောင်းရသနည်း...? အမျိုးမျိုးအဖုံဖုံး ကျနော်တွေးမိလေသည်။
ဆက်၍ ရေးသားသွားပါမည်။
SP များတိုးပွားအာင်
ကူညီအားဖြည့်ပေးကြသော
Myanmar steemit မှ
Leader အစ်ကို @kachinhenry နှင့်
MSC Admin များနှင့်တစ်ကွ Member များ
အားလုံးကို ကျေးဇူးအထူးတင်ပါသည်။
Author @kolinn
MSC 160
မြန်မာနဲ့ ထိုင်း ဘယ်သူပိုဆိုးသလဲ သိရပြီပေါ့လေ
ဟုတ်ပ ကိုစောရာ...
ဘတ်သုံးထောင်ကဘာလို့များပေးရပါလိမ့်နော်
အိုက်စ် အိမ်ပြန်ခရီးက ဖြောင့်ဖြောင့်တန်းတန်းမဟုတ်သေးဘူးပေါ့။
အိမ်ပြန်ခရီးက မြန်မာပြည်ရောက်မှ ပိုကြမ်းသွားတာ ကိုထွေးရေ
အပြန်ခရီးလမ်း ဘာတွေဆက်ဖြစ်မလဲဗျာ
ဆက်ရေးပါမယ့်ဗျာ 😊
ဘဒို ၃၀၀၀ ထပ်ပေးလိုက်ရသေးတာလား။
အာ့ကြောင့်မလို့ သူတို့အကျီတွေ သန့်နေတာနေမယ်
ဖြစ်နိုင်တယ်😄 ကိုယ့်ကိုကိုယ်တောင် မသထာတာ ငွေမပေးခဲ့ဘူးဗျ
မပေးတာကောင်းတယ် ဘဒို
အကျင့်ပါတယ် 😁
လက်ဖက်ရည်ဖိုးတောင်းတာ နေမှာပါ ကိုလင်းရာ အကျင့်ပါနေကြလို့😁😁😁
လက်ဘက်ရည်ဖိုးတောင်းတာ ktvမှာ တစ်ညကောင်းကောင်း ကဲလို့တောင်ရတယ် 😂
ဆက်ဖတ်ချင်အောင် ဖြတ်ချသွားပြန်ပြီး နောက်တစ်ပတ်ပေါ့
အဲ့လိုလည်း မဟုတ်ပါဘူးဗျာ မအားတဲ့ကြားက ရေးရလို့ ဖြတ်ချလိုက်ရတာပါ 😛
မကွေးမှာမီးပျက်နေတာ၄ရက်ရှိနေလို့ ဖုန်းအားမရှိလို့ အချိန်ပေးမဖတ်နိုင်တာကိုခွင့်လွှတ်ပေးပါဗျ
အပိုင်းဆက်လေးနဲ့ တန်းလန်းလန်း မျော်နေရပီခွယ်
😊😊😊😊
အဲ့ဒီမှာ စတွေ့ပြီ 😁😁
ရှုခင်းအလှခံစားရင်း ဘက်ငွေတောင်းခြင်းခံခဲ့ရသည်ပေါ့
😁😁