ထွေရာလေးပါး အနိစ္စ😂

in #myanmar7 years ago (edited)

Screenshot_2017-12-30-22-42-41-066_com.imaginstudio.imagetools.pixellab.png

မင်္ဂလာပါ steemitမှ မိတ်ဆွေတို့ရေ...

ပတ်ဝန်းကျင်မှအတွေ့အကြုံများကိုချရေးနေရင်လည်း ရေးစရာမကုန်အောင် ရေးကွက်မျိုးစုံဖန်တီးလို့ရနေတယ်ဆိုပေမယ့်။စာရေးဖို့ရာမှာတစ်ခါတစ်လေ စာထဲကိုစိတ်ကိုနှစ်ပြီးရေးလို့မရဘူးဖြစ်နေရပါတယ်။ အမှန်တစ်ကယ်ဆို စာရေးချိန်ကလည်းမရှိတာမဟုတ်ပြန်ပါဘူး။ရှိနေရက်နဲ့ကို ငပျင်းစာရေး ခရီးထောက်နှေး ဖြစ်နေခဲ့တာပါ။
စာပေကောင်းတစ်ခုဖြစ်ဖို့ဆိုတာမလွယ်ကူပေမယ့် စာတစ်ပုဒ်ဖြစ်အောင်တော့ ရေးဖို့က လူတိုင်းအဆင်ပြေကြမယ်ထင်ပါတယ်။ နေ့စဉ်ကြုံတွေ့နေရတဲ့အကြောင်းအရာလေးတွေကိုရေးနေရင်လည်းဖြစ်တာပဲမဟုတ်လားဗျာ။
ဒါပေမယ့် စာပေဆိုတာ ဖတ်ရှုသူကို ဆွဲဆောင်နိုင်ရမယ် ဖတ်လိုက်တဲ့စာကို အရှိန်မြှင့်သထက်မြှင့်တင်နိုင်ရမယ်လို့လည်းထင်မြင်မိပါတယ်။ ကိုယ်ရေးတဲ့စာကကောင်းမွန်မှုမရှိရင် စာဖတ်တဲ့သူက ကိုယ်ရေးတဲ့စာရဲ့အဓိပ္ပါယ်ကို သိနိုင်မှာမဟုတ်ပဲ ယောင်လည်လည်ဖြစ်သွားရမှာပါ။
ကျနော်လည်းကြုံဖူးခဲ့ပါတယ် ခဏခဏပေါ့။ စာကိုဖတ်ရင်းကနေ ဘယ်လိုcommentပေးရမှန်းမသိတာနဲ့ Voteတောင်မပေးဖြစ်ခဲ့တာတွေလေ။

Steemitမှာ စာရေးတယ်ဆိုတာကလည်း ကိုယ့်ရဲ့ စိတ်ကူးယဉ်ဖန်တီးနိုင်မှုတွေကို လေ့ကျင့်နိုင်တဲ့ စမ်းသပ်ဖော်ဆောင်နိုင်တဲ့နေရာတစ်ခုပါပဲ။

ကျနော်တို့တတွေအပြင်လောကကြီးထဲမှာ ဖြစ်ခွင့်မရှိတဲ့ super manတို့လို ဇာတ်လိုက်ကျော်တွေနေရာမှာ ကိုယ်တိုင်စီးမြောခံစားရင်း ကိုယ်တိုင်ဇာတ်လိုက်ဖြစ်စေကာ ရေးဖွဲ့ထားလို့ရတာပဲလေ။ ကျနော်တို့တတွေက ဇာတ်လိုက်ကျော်တွေပေါ့။

ကျနော်ပြောခဲ့သလို စာရေးရင် စာဖတ်တဲ့သူကိုမျက်စိမလည်စေပဲရေးသားနိုင်ရင်တော့အကောင်းဆုံးပါပဲ ဖတ်ရှုပေးတဲ့သူက ကြိုက်နှစ်သက်သွားရင် Vote ရော Mentပါ ရရှိမှာပါ။ ဖတ်ရှုရမကောင်းရင်တော့ စာကိုဖတ်ရင်သာဖတ်သွားမယ် Vote Mentပေးချင်စိတ်ရှိမှာမဟုတ်တော့ပါဘူး။

ဒီနေ့ကတော့ ကျနော် စာရေးမယ်ဟန်ပြင်ပြီးမှ မရေုးဖြစ်ခဲ့ပြန်ပါဘူး။ အကြောင်းကတော့ ကလေးငယ်လေးတစ်ယောက်နဲ့လူကြီးရဲ့ စကားကိုနားထောင်နေလို့ပဲဖြစ်ပါတယ်။
ကျနော့ ဆိုင်လေးထဲ ဦးငယ်လို့ခေါ်တဲ့ ဦးလေးကြီးတစ်ယောက်နဲ့ ကျနော်တို့အိမ်သားတွေနဲ့ စကားပြောနေကြပါတယ်။ ဦးငယ်လို့သာခေါ်တာ အသက်ကတော့ မငယ်တော့ပါဘူး။သူ့မှာ မြေးလေးတစ်ယောက်လည်း ရှိတယ်ဗျ သူသွားတဲ့နောက်တကောက်ကောက်လိုက်နေတဲ့ မြေးလေးပေါ့။ သူ့ရဲ့မြေးလေးက ယောကျာ်းလေးဆိုတော့ ပိုပြီးအားကိုးရမယ်တော့ထင်ပါတယ်ဗျ😁။
ဒီနေ့မှာ ဦးငယ် ကျနော်တို့ဆီလာတော့ သူ့မြေးလေးက ပါမလာဘူး အဆော့မတ်နေတယ်နဲ့တူပါတယ်ဗျာ။ ဦးငယ်ရောက်လာပြီး အနည်းငယ်ကြာမှ သူ့မြေးလေးက အနောက်ကနေလိုက်လာပြီး အမောတကောနဲ့ ပြောတဲ့စကားကြောင့် ကျနော်လည်း နားထောင်ကြည့်မိလိုက်တယ်ဗျ။

Help+your+child+speak+clearly.jpeg

Credit image source

"ဖိုးဖိုးရေ ဖိုးဖိုး”
"ဟေ..ဘာလည်းမြေးရ”
"နေ့လည်တုန်းက ဆရာလေး ပြန်သွားတယ်တဲ့ဗျ”

"ဪ မြေးရယ် ဆရာလေးပြန်တာ ပြန်ပါစေပေါ့ကွယ်”

" ဟာ...အဖိုးကလည်း ဆရာလေးပြန်တာမဟုတ်ဘူး ပြန်တာဗျ”

"ဟာမြေးကလည်း ပစောက်ယပင့်နဲ့ပျံတာလား
ပစောက်ယရစ်နဲ့ ပြန်တာလား....”

"ဟုတ်အဖိုးရေ ပြန်တာတော့ ယရစ်နဲ့ပြန်တာပဲဗျ ပြန်တာချင်းတော့ မတူဘူး”

"အေးပေါ့ကွယ့် မြေးရဲ့ ဆရာလေးနဲ့ လူဆိုတော့ ပြန်တာခြင်း ဘယ်တူမတုန်း။ ဆရာလေးက ဆရာလေးပုံစံပြန်မပေါ့ကွယ်။”

အဲ့ဒီမှာပဲနားထောင်နေတဲ့ ကျနော့ ဦးလေးက ဦးငယ်ကို ကြားဖြတ်မေးလိုက်ပါတယ်။
"ဦးငယ်ရေ
ဆရာလေးဆိုတာ ဆေးကုတဲ့ဆရာလေးလား၊ စာသင်တဲ့ဆရာလေးလားဗျ။”
" ဘယ်ဟာမှမဟုတ်ဘူးဗျိုး မြေးလေးပြောတဲ့ ဆရာလေးက သီလရှင်ကိုပြောတာဗျိုး၊ မနက်ကမှ အိမ်ကိုကြွလာတာ။”...ဆိုတော့မှ သူ့မြေးလေးက ထပ်ပြောတဲ့စကားကြောင့်မျက်စေ့လည်ကုန်ပြန်ရောလေ။ သူ့မြေးလေးက....
" ဟာ...ဖိုးဖိုး။
အိမ်ကိုလာတဲ့ဆရာလေးက မပြန်သေးဘူး
ပြန်တာက ဆရာလေးကျောင်းက ဆရာလေးတစ်ပါးပြန်တာ ဖိုးဖိုးရ”

"ဟေ¡¡¡¡
နေပါအုံးမြေးရဲ့ ဆရာလေးက ဘယ်လိုပြန်တာတုန်းမြေးရ ဘယ်အိမ်ကနေပြန်တာလည်း”

"ဘယ်အိမ်ကမှ ပြန်တာမဟုတ်ဘူးလေ
သူကျောင်းမှာနေရင်းပြန်တာလေဖိုးဖိုးရဲ့”

ဦးငယ်လည်းစဉ်းစားပြီလေ ဆရာလေးပြန်တယ် အိမ်ကမဟုတ်ဆိုတော့......

"ဒါဆိုမြေးပြောတဲ့ ပြန်တာက ယပင့်နဲ့ပျံတာမဟုတ်လား”

"မသိဘူးလေ ဖိုးဖိုးရ သားက ဖိုးဖိုးတို့ပြောတာကိုမှန်လားမှားလားမသိရမ်းပြောရတာ”

ဒီတော့မှ ဦးငယ်လည်းရီမောရင်းမှသူ့မြေးကို ရှင်းပြတော့တာပေါ့ဗျာ။
"ပျံဆိုတာက ကောင်းကင်ကိုပျံတက်တဲ့ငှက်တွေကို ပျံတာလို့ပြောလို့ရတယ်ကွယ့်မြေးရဲ့။
ပြန်ဆိုတာက အသွားအပြန်တို့၊ ခရီးကနေပြန်တာတို့၊ အိမ်ကိုပြန်လာတာတို့မှာသုံးတယ်ကွယ့်။
မြန်မာစာက အသံထွက်တူရင်တောင်အဓိပ္ပါယ်မတူတာတွေက အများကြီးပါကွယ်။ အခြေနေနဲ့အချိန်အခါကိုလိုက်ပြီး အဓိပ္ပါယ်ပြောင်းလဲသွားတဲ့စကားတွေကလည်းရှိနေတုန်းပဲမြေးရေ။မြေးက အခုမှ ကျောင်းစာတွေကိုသင်ကြားရမှာဆိုတော့ အဖိုးရှင်းပြလည်း ခေါင်းထဲရှုပ်ပြီးအလကားဖြစ်သွားရမှာမလို့ မရှင်းပြတော့ပါဘူးကွယ်။အခု မြေးပြောတဲ့ ဆရာလေးပျံတယ်ဆိုတာ ဘယ်မှာတုန်းကွဲ့”

"မြို့လည်က သီလရှင်ကျောင်းမှာပါဖိုးဖိုး။
ဒါနဲ့ ဖိုးဖိုးကိုမေးရအုံးမယ် ခုနအဖိုးပြောသလို ပျံတာကကောင်းကင်ကိုပျံတာဆိုတော့ ဆရာလေးက ကောင်းကင်ကိုပျံတာပေါ့နော်”

"အိမ်း....
အဲ့ဒီလိုလည်းမဟုတ်သေးဘူးလေကွယ်။
ဘုန်းတော်ကြီးတွေသေတာကို ပျံလွန်တော်မူသည်လို့သုံးတာကွယ့်၊ ဒီတော့ သီလရှင်သေရင်လည်း ပျံတယ်လို့သုံးချင်သုံးမယ် မသုံးချင်မသုံးဘူး။ဖိုးဖိုးလည်းမသိလို့ ဒီအိမ်က ကိုမိုးကို မေးကြည့်တော့ ကိုမိုးလည်းမသိတာနဲ့ အင်တာနက်ပေါ်က သူ့သူငယ်ချင်းတွေကိုမေးကြည့်တော့.....သူ့သူငယ်ချင်း ကိုစောနဲ့ ကိုထွေးတို့ပြောတာတော့ အနိစ္စရောက်ခဲ့သည်တဲ့ကွယ်။😁😁😁😂😂”

"ဟာ...ဖိုးဖိုးကလည်း တော်တော် တုံးတာပဲ”
"ဟေ..ဘာဖြစ်လို့လည်းမြေးရ”

"သီလရှင်သေရင် ပျံတယ်ဆိုတာ သားတောင်သိနေတာပဲဟာ ဖိုးဖိုးက မသိတော့ ဖိုးဖိုးက တုံးတာပေါ့”
"အိမ်း...ထားပါတော့ကွယ်မြေးရယ်၊
ဒါနဲ့..သီလရှင်သေရင် ပျံတယ်ဆိုတာ မြေးကို ဘယ်သူပြောတာတုန်းကွဲ့”

"ဘယ်သူရှိမှာလည်း ဖိုးဖိုးရ
ဖိုးဖိုးရဲ့ ချစ်ချစ်ကြီး... ဖွားဖွားပြောပြတာပေါ့”
"ဟာ...ဒီမိန်းမ ကလေးကို ဘာတွေလျှောက်ပြီးသင်နေပြန်တာလည်းမသိဘူးကွာ... ဖုန်းဆက်ပြီးပြောအုံးမှပဲ၊
......ဟဲလို မိန်းမ... မင်းမြေးကို ဘယ်လိုတွေမဟုတ်က ဟုတ်က သင်လိုက်တာတုန်း၊ သီလရှင်သေရင် သေတယ်ပေါ့၊ ဘာလို့ပျံတယ်ပြောရတာတုန်း။
မင်းကို သင်ပေးတဲ့သူက တော်တော်ကို ညံ့လို့ပဲဖြစ်ရမယ်....ကလေးကိုနောက်တစ်ခါ မဟုတ်က ဟုတ်ကတွေ သင်ပေးရင် မင်းနဲ့ငါတွေ့ပြီပဲ...”

"ဘာ........အဘိုးကြီး ဘာပြောတယ်...
ကလေးကို မဟုတ်မဟတ်တွေသင်ပေးတယ်ဟုတ်လား၊ သီလရှင်သေရင်ပျံတယ်လို့ သင်ပေးတာ ဘယ်သူလို့ ရှင်ထင်နေလို့လည်း.....”

"အေးပြောစမ်း ဘယ်သူသင်ပေးတာလည်း မြန်မြန်ပြောစမ်း
အဲ့ဒီအကောင် ငါ့နဲ့တွေ့ပြီမှက်.....”

"အေးအေး...တွေ့တွေ့ အဖိုးကြီး...
အဲ့ဒီစကားကိုသင်ပေးခဲ့တာ ရှင်ကိုယ်တိုင်ပဲ......
မြန်မြန်သာ တွေ့ပစ်လိုက်စမ်းပါရှင်”😂

ဟေ!!!!!!!!!

ဦးငယ်လည်း..."ဟေ” တစ်လုံးပဲပြောနိုင်တော့တယ်ဗျ သူငယ်ချင်းတို့ရေ.....😁😁😁

6a01538fb9d1b2970b01bb0859e907970d.jpg

Credit image source

ဖတ်ရှုပေးတဲ့ စာဖတ်ပရိတ်သတ်ကြီးကို ကျေးဇူးတင်ပါတယ်ဗျာ။ကိုယ်စိတ်နှစ်ပါးစလုံး ကျန်းမာချမ်းသာကြပါစေ.....

@komoezaw

MSC-030

Sort:  

ဟီးဟီးးးး ကိုယ်တွေက အမှန်ကို သင်ပေးတာနော် ...

😁😁😁
ကိုစောနဲ့ ကိုထွေးပြောတဲ့အတိုင်းပဲရေးလိုက်တော့တယ်😂😂😂

ကလေးပြောတာဖတ်ပြီးခေါင်းမူးသွားတယ် 😂😂

ဟီး နည်းနည်းတော့မူးသွားတော့လည်း မဆိုးပါဘူးကိုစိုင်းရ😁😁

ကိုမိုးက စာမရေးဘူး မရေးဘူးနဲ့ တစ်ပုဒ်ဖြစ်ဖြစ်သွားတယ်

သူများတွေတခြားမှာပြောဆိုနေကြတာကို ကိုယ့်ဆီမှာပြောတဲ့ပုံစံပြန်ရေးထားတာ ကိုသန့်ရေ 😁😁
ရေးထားတဲ့အချက်တွေက တစ်ခုမှအမှန်ဟုတ်ဘူး ဖန်တီးထားတာတွေဗျိုး😂😂
ပျံ နဲ့ ပြန် စကားနှစ်လုံးနဲ့ ကစ်ထားတာ😂

ပျံ နဲ့ ပြန် ရှူပ်သွားတာ
ကိုယ်တောင်မျက်စိလယ်သွားတယ်😁😁😁

😁😁
ရေးရင်းနဲ့လည်း လည်တယ်တယ်ဖြစ်နေရတာညီရေ

စာလုံးပေါင်တွေက စကားမပီရာကနေလည်း ကွဲလွဲတတ်တယ်ဗျ ပလောင်တစ်ယောက် ရေးထားတာလေးကိုလဲ ကိုမိုးရဲ့ post ကိုဖတ်လိုက်မှ သသိရသွားတယ် တန်ခူးလက အန္တရာယ်ကင်း လာပင့်တော့ ပလောင်လေးဆယ်တန်းတော့ ရှိပြီ သူကစကားမပီဘူး သူ့ကို ဝိုက်ဘုတ်မှာ ရေးခိုင်းလိုက်တာ နောက်တော့ သွားဖတ်ကြည့်လိုက်တာ ဒေါ်ဝေအိမ်း အန္တရယ်ကင်း လို့ ရေးထားတယ်ဗျား အိမ် ဆိုတာကို အိမ်းဆိုပါလားဗျား

ဟီး
ဒါဆို အသံကိုနားထောင်ပြီး ဝှိုက်ဘုတ်ပေါ်စာရေးလိုက်တဲ့သဘောပေါ့နော်ဘုရာ့။
သူ့စိတ်ထဲ အိမ်ကို အိမ်းလို့ပဲအမြဲထင်နေတော့မလားပဲ
သူတို့ရဲ့ အခေါ်အဝေါ်ကိုက အိမ်းဖြစ်နေသလားလည်း စဉ်းစားစရာပဲနော် ဘုရာ့။

ဖတ်ရင်းနဲ့တောင်ရှုပ်သွားတယ် 😁

😂😂
ရှင်းမရဖြစ်ပြီလား ညီရေ😂😂

မြန်မာအဘိဓာန် ပြန်လှန်ဖတ်ဦးမှပါလေ။

ဟုတ်တယ်ကိုထွေးရ
ကျနော် တဖြေးဖြေးနဲ့ မြန်မာစာကို မှန်အောင် ဘယ်လိုရေးရမလည်းမသိဘူးဖြစ်လာပြီ😂😂

နည်းနည်း​တောင်​မူးသွားတယ်

များများမူးမှ ရေချိန်ကိုက်မှာဗျ 😁😂

တက်​တက်​ကြွကြွနဲ့ဖတ်​လို့အ​ကောင်းဆုံးပဲကိုမိုး​ရေ ဟိတ်​ကြီးဟန်​ကြီး​တွေမပါဘူး😍

ကျေးဇူး ညီလေးရေ😍😍😍

ဟုတ်ပ ကိုမိုးရေ သင်္ကြန်နားလိုက်တာ စာရေးတော်တော်ပျင်းသွားလို့ မနည်းတွန်းယူနေရတယ်

ဟုတ်တယ်ဗျ
စာရေးရတာ အာရုံကမရဘူးဖြစ်ဖြစ်နေတယ်
ရေးချင်တဲ့စိတ်လေးဖြစ်လာတဲ့အချိန်ကျ အလုပ်က မအားဘူးဖြစ်လာပြန်ရော