သေခြင်းတရားကို အသေသတ်ပစ်လိုက်ရအောင်

in #killing8 years ago

DSC00118.JPG
မရွေးသုံးပါးနဲ့ တိုက်ခိုက်နေတဲ့ သေမင်းကို တရားနာ ပရိသတ်အပေါင်း သူတော်ကောင်းတို့ကလည်းပဲ သေခြင်းတရားနဲ့ မိတ်ဆွေဖွဲ့ထားတဲ့ ပုဂ္ဂိုလ်များပီပီ မရွေးလေးပါးနဲ့ ပြန်ပြီးတော့ တိုက်ခိုက်ရမယ်။
ဘောလုံးကန်တဲ့အခါ ဟိုတစ်ဖက်အသင်းက ကိုယ့်ကို တိုက်စစ်ဆင်လာရင် ကိုယ့်ဘယ်ကလည်းပြန်ပြီး တိုက်စစ်ဆင်ရမှာပဲနော်။ ဟိုဘက်က အကွက်ကျကျနဲ့ဂိုးသွင်းဖို့ကြိုးစားလာရင် ကိုယ့်ဘက်ကလည်း ကိုယ့်လူတွေနဲ့ အကွက်ဆင်ပြီးပြီးတော့ တိုက်စစ်ဆင်နေတာပဲ ထိုင်ကြည့်နေလို့ကတော့၊ တစ်လုံးပြီး တစ်လုံး အရှူးခံနေရမှာပဲနော်။ဒီတော့ မရွေးသုံးပါးနဲ့ တိုက်ခိုက်နေတဲ့ သေမင်းကို ကိုယ်က မရွေးလေးတစ်ခု ထပ်တိုးလိုက်။ မရွေးလေးပါးနဲ့ ပြန်တိုက်မယ်။ ဘာလဲ မရွေးလေးပါ။ လုပ် နေရာ ဧရိယာ ချိန်ခါမရွေးရှု။ ဆောင်ပုဒ်ကို ကြည့်ပြီးတော့ ပြောတတ်ပါပြီး။ အလုပ်မရွေး၊ နေရာမရွေး ဧရိယာပုတ်မရွေး။ အချိန်မရွေးဆိုပြီးတော့ မရွေးလေးပါး။ အဲဒီမရွေးတွေက ဘာလုပ်ရမှာလဲလို့ဆိုတော့ စားရမှာ မဟုတ်ဘူးနော်။ ဒီမရွေးက စားရတဲ့မရွေး မဟုတ်ဘူး။ လုပ်ရတဲ့ မရွေး။

Sort:  

This post has received a 22.22 % upvote from @aksdwi thanks to: @konyi.