မျှော်လင့်မိသော အလင်းရောင်

in #myanmar6 years ago (edited)

alone-beanie-boy-569169.jpg

စိတ်ကူးတွေ ဖြန့်ကျဲကြည့်တော့ …
မနေ့ကလို တစ်ရက် ဒီနေ့လိုတစ်ရက်
မနက်ဖြန်လိုတစ်ရက် ။ အစရှိသော
အတွေးပေါင်းများစွာနှင့် ကျွန်တော်တို့တွေရဲ့
သက်ပြင်းတွေ အလူးအလဲကိုဖြစ်နေရတယ် ။

ငြီးငွေ့ခြင်း မီးခိုးငွေ့တွေကြားက
အလင်းတစ်ခုကို မရမကရှာဖွေရင်း
စာကောင်းကောင်းတစ်ပုဒ်ရေးနိုင်ဖို့
ကျွန်တော် ကြိုးစားရပြီလေ …
( အင်း… ကိုယ့်ကိုယ်တော့ဟုတ်လှပြီပေါ့ ) ။

တစ်ကယ်တော့ …
စာကောင်းကောင်းတစ်ပုဒ်ရေးနိုင်ဖို့
အတော်မလွယ်ပါဘူး ။
ဘာကြောင့်လည်းဆိုရင်
ကျွန်တော်သိပ်မရှင်းပြနိုင်ပါဘူး ။
ကိုယ်ကိုယ်တိုင်းလည်း ဒီနေ့အချိန်ထိ
စာကောင်းပေကောင်း လုံဝမရေးနိုင်ခဲ့ပါဘူး ။
steemit - မှာရှိကြတဲ့
ကျွန်တော်လေးစားရသော ဆရာသမားတွေ
အကိုအမတွေ အတူတူလျှောက်လှမ်းကြသော
ညီတွေညီမတွေ အားလုံးရဲ့
စာပေတွေကို လိုက်မှီနိုင်ဖို့ အတော်ကြိုး
စားနေရတဲ့ လူသားတစ်ယောက်ပါ ။

arid-clouds-daylight-1115756.jpg

ရုန်းကန်ရခြင်းဆိုတဲ့ သဘောတရားတစ်ခုဟာ
နေရာတိုင်းမှာ ရှိကြသလိုပါပဲ ။
ခန္ဓာကိုယ်ကို ရုန်းကန်ရခြင်း ။ စိတ်ကိုရုန်းကန်ရခြင်း ။ သက်ရှိတွေကို ရုန်းကန်ရခြင်း ။ သက်မဲ့တွေကို
ရုန်းကန်ရခြင်း အစရှိသဖြင့်ပေါ့ဗျာ ။

" ဓားဆိုတာ သွေးမှ ထက်တယ် " ဆိုတဲ့
စကားရပ်တစ်ခုလို ကျွန်တော်တို့ရဲ့
အတွေးအမြင်စိတ်ကူးတွေကို
ပိုပြီးထက်မြတ်လာအောင် သွေးသနေမှ
ရုန်းကန်ရခြင်းဆိုတဲ့ အကြောင်းတရားက
လွတ်မြောက်လိမ့်မယ်လို့ ထင်မြင်မိပါတယ် ။
( အကုန်လုံးမဟုတ်ခဲ့ရင်တောင် အနည်းအ
များပေါ့ ) ။

ကဲ …
အခုဆို( ၁၀ ) တန်းအောင်စာရင်းတွေထွက်လာပြီ
အောင်မြင်မှုနှင့်ကျရှုံးမှု
နှစ်ခုစလုံးက လိုက်လာပြီ ။
အောင်မြင်သူတွေ ' ဓား ' ကောင်းကောင်း
သွေးခဲ့ပုံပေါက်တယ် ။
ကျရူံးသူတွေကိုတော့ အပြစ်မဆိုသာပါဘူး ။
သူတို့တွေလည်း
' ဓား ' ကိုကောင်းကောင်းသွေးခဲ့ပေမယ့်
ဓားခုတ်ထစ်လိုက်တဲ့ နေရာကပဲ
လွဲမှားသွားသလား မေ့လျှော့သွားသလား
မသိပါဘူး ။ ' ဓား ' ကောင်းတစ်လက်
ရပြီဆိုရင်တော့ မှန်မှန်ကန်ကန်
ခုတ်ထစ်နိုင်ဖို့တော့ လိုတာပေါ့ ။
ဒီလိုမှမဟုတ်ရင် ကိုယ်စိုက်ထုတ်လိုက်တဲ့
ခွန်အားတွေ အလဟဿ
အချီးအနှီးအဖတ်မတင်ဖြစ်ရပြီလေ ။
ဒါက - ကျွန်တော့်ရဲ့ စိတ်ကူးနဲ့
ပုံဖော်လိုက်မိတဲ့ အတွေးအမြင်လေး တစ်ခုပါ ။
မိတ်ဆွေတို့ အားလုံးလည်း နားလည်
လက်ခံပေးလိမ့်မယ်လို့ မျှော်လင့်မိပါတယ် ။

adult-adventure-backpack-842155.jpg

ဒုက္ခတွေဆိုတာ အသွင်အမျိုးမျိုးတွေနဲ့
ကျွန်တော်တို့တွေရဲ့ ဘဝခရီးလမ်းတွေမှာ
တွေ့ရဆုံရပါတယ် ။
အခက်ခဲတွေရှိမယ် ။ ဘေးရန်အန္တရာယ်တွေလည်းရှိမယ် ။ ရက်စက်မှုတွေရှိမယ် ။ တရားမမျှတမှုတွေလည်းရှိမှာပဲ ။ ဒါတွေကို တစ်ချို့က စိတ်ပျက်
အားငယ် စိတ်ဓာတ်တွေကျသွားကြတယ်
ခွန်အားတွေ လျှော့သွားကြတယ် ။
( ကျွန်တော့်လို လူစားမျိုးပေါ့ဗျာ ) ။

အမှန်တော့
ဗုဒ္ဓဘုရားရှင်ကိုယ်တော်မြတ်ကြီးက -
" ပြင်းထန်သော ဆန္ဒရှိသူတယောက်အဖို့ မိမိ
အလိုရှိအပ်သော အရာသည် စကြဝဠာ၏
ဟိုမှာဘက်ကမ်းတွင် ရှိသည်ဆိုငြားအံ့
ထိုအရာအား မီးခင်းသည့် လမ်းကိုနင်းလျက်
သွားရောက်ယူခြင်းဖြင့်သာလျှင်
ရယူနိုင်မည်ဟုလည်း ဆိုငြားအံ့ ။ ထိုသူသည်
ဆန္ဒ၏ အဟုန်ဖြင့် သွားရောက်ယူပေလိမ့်မည် ။
ရရှိသောအခါ၌မူ ထိုသူ၏ ခြေဖဝါးကိုပင်
မီးမကူးကြောင်း တွေ့မြင်ရပေလိမ့်ဦးမည် ။
ဤကား ပြင်းထန်သောဆန္ဒ၏ သတ္တိ တည်း "
ဆိုပြီး ဟောပြတော်မူထားပါတယ် ။

ဒီတော့ ဒုက္ခတွေနဲ့
ဘယ်လောက်ပင်ကြုံငြားပါစေ ကျွန်တော်တို့တွေမှာ
ပြင်းထန်သော ဆန္ဒ ပြင်းထန်သော သတ္တိတွေ
ရှိဖို့လိုအပ်ပါပြီ ။

ချစ်သော မိတ်ဆွေတို့ …
Myanmar Steemit Community - ကြီး
ဒီထက်ပိုပြီး အောင်မြင်တောက်ပလာစေဖို့
' ဓား ' တစ်လက် ထက်ရှစေဖို့ သွေးထားရသလို
ကျွန်တော်တို့အားလုံးရဲ့ ထက်ရှသော
အတွေးအမြင်ကောင်းများနှင့် ချပြထားသော
စာပေတွေ ဒီထက်ပိုပြီး ပြင်းထန်သော သတ္တိ
ပြင်းထန်သော ဆန္ဒတွေနှင့်
ထက်ထက်မြက်မြက်ရေးသားနိုင်ကြပါစေလို့
Steemit မိသားစုဝင်အားလုံးကို
ကျွန်တော် ဆုမွန်ကောင်း တောင်းခြွေပါရစေ …

အားလုံးကို လေးစားလျှက်…

Image Credit >>>

ညီညီထွန်း

မိုးစက်
written by @ konyinyitun
MSC . 259

Sort:  

ပြင်းထန်တဲ့စိတ်ရှိရင် တစ်နေ့ပန်းတိုင်ရောက်မှာပါ

အသေချာပေါ့ ကိုကြီးရေ

if you want me to resteem your post to over 72,500 followers go here https://steemit.com/@a-a-a

စကားလုံးလေးတွေ..အရမ်းလှသလို..တောင်းဆုဆန္ဒလေး
ကလည်း..မွန်မြတ်ပါပေတယ်။ဘဝဆိုတာ...ပြောသလောက်..မလွယ်သလို..ခက်ခဲလွန်းလှတယ်လို့လည်း..သတ်မှတ်လိုက်လို့မရပါဘူး။တခါတရံမှာ..အခက်အခဲပုံစံနဲ့မိတ်ဆက်ရပေမဲ့..အောင်မြင်မူ့ရဲ့ရှေ့ပြေးတွေလည်း..ဖြစ်သွားတတ်ပါတယ်။

မှန်ပါတယ် ဆရာမရေ တခါတရံ ဒုက္ခတွေက အောင်
မြင်ဖို့အတွက် ရှေ့ပြေးတွေဖြစ်နေမှာပါ ကျေးဇူးတင်ပါတယ် ဆရာမ

စကားလုံး​တွေ​ပြောင်​​မြောက်​လှချည်​လား

ကြိုးစားနေဆဲပါ မမအိရေ ကျေးဇူးဗျ

မီးပင်လယ်ကို အတူတူ စိတ်အားထက်သန်စွာ
ဖြတ်ကူးကြပါစို့ @konyinyitun...

ဟုတ်ကဲ့ ညီလေးစောင့်နေပါ့မယ်ဗျ

ကြိုးစားနေပါတယ် ကိုညီညီ

ကိုစော ညီလေးလည်းပါတယ်နော်

ကျွန်တော်လည်း တစ်ခါတစ်ခါ စဉ်းစားရခက်တယ်အကိုရေ စာကောင်းကောင်းတစ်ပုဒ်ရေးဖို့

အတူတူဆိုရင် ခရောင်းလမ်းတွေဖြတ်ကျော်ကြတာ
ပေါ့ ကိုစောရေ

အရမ်းမိုက်​တယ်​ဗျာ

ကျေးဇူးပါညီလေး

ပုံတွေကို မူရင်း link ရှာထည့်ပြီး Credit ပေးစေလိုပါတယ်

ဟုတ်ကိုကြီး ညီလေးပြုလုပ်လိုက်ပါမယ် ကျေးဇူးပါ
ကိုဟိန်း

ပြုလုပ်လိုက်ပါမယ်ဆိုတာ ပြုလုပ်လိုက်တာတော့ မဟုတ်သေးဘူး။

အရမ်းကောင်းတဲ့ စာသားတွေပဲဗျာ

ဟုတ်ကြိုးစားနေဆဲပါခင်ဗျ ကျေးဇူးပါဗျ