"အလုပ်ဆိုတာ ချစ်ဖို့ပါ"
ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရိံ
(တရားစောင့်သူကို တရားကပြန်လည်စောင့်ရှောက်၏။)
လူတိုင်းမှာ အလုပ်ကိုယ်စီရှိကြသည်။ ကလေးသူငယ်များမှာ ကစားတာ အော်ဟစ်ငိုကြွေးတာ သူတို့၏အလုပ်ဖြစ်သည်။ ကျောင်းသားများ ကျောင်းသွား စာသင် စာကျက်တာ သူတို့၏အလုပ်ဖြစ်သည်။ ၀န်ထမ်းများမှာလဲ ပေးအပ်လာသည့်တာဝန်ကို ထမ်းဆောင်ရသည်။ စာရေးဆရားသည် ၀တ္ထု ဆောင်းပါးရေးသားရသည်။ ပန်းချီဆရာသည် ပုံဆွဲရသည်။ စင်စစ်အားဖြင့် လူတို့သည် မိမိနှင့်ဆက်စပ်ရာ အလုပ်များကိုလုပ်ကိုင်လျက် ဘ၀ကိုဖြတ်သန်းရသည်။ ထိုသို့ဖြတ်သန်းရာမှာ အသက်အရွယ်များပြောင်းလဲလာသကဲ့သို့ ဘ၀နေထိုင်မှုအခြေနေလည်း တိုးတက်ပြောင်းလဲနိုင်ဖို့ အရေးကြီးပေသည်။ တိုးတက်မှုရှိမှ အဓိပ္ပါယ်ရှိသော လူတယောက်ဖြစ်လာမည်။ တိုးတက်ပြီးအောင်မြင်သောလူတယောက်ဖြစ်ဖို့ အတွေးအခေါ်များ ဖြန့်ကြက်နေရမည်။ စာပေဗဟုသုတများရှိရမည်။ ခောတ်မီကမ္ဘာကိုကြည့်မြင်နိုင်ရမည်။ စည်းကမ်းရှိရှိနှင့် နည်းလမ်းကိုသိရမည်။ အမိဝမ်းမှမွေးခဲ့စဉ်က ဆင်းရဲမွဲတေခြင်းသည် အပြစ်မဟုတ်ပါ။ အရွယ်ရောက် လူလားမြောက်သည့်တိုင် ဆင်းရဲမွေးတေနေမည်ဆိုလျှင်သာ လက်ညိုးထိုးစရာဖြစ်လာပေသည်။
သဘာဝလောကကြီးသည် မိမိတို့သက်ရှိထင်ရှားလူသားများအား ကိုယ့်ဘ၀ကိုယ့်အခြေနေနှင့် လိုက်လျောညီထွေသော အလုပ်များကိုပေးအပ်ထားပါသည်။ မိမိကိုယ်တိုင် အလုပ်ကိုတန်ဖိုးထား၏။ ချစ်ခင်မြတ်နိုး၏။ ကြီးမားသောအလုပ်ဖြစ်စေ သေးငယ်သောအလုပ်ဖြစ်စေ အလုပ်မှန်သမျှအပေါ် ခွန်အားစိုက်ထုတ်လေ့ရှိ၏။ အလုပ်မှန်သမျှ အကျိုးတရားကိုဖြစ်ထွန်းစေပါသည်။ အလုပ်လုပ်ခြင်းသည် တည်ဆောက်ခြင်ပင်တည်း။ မိမိ၏ရည်မှန်းချက် ပြည့်မြောက်အောင် အလုပ်ကပင် စွမ်းဆောင်ပေးနိုင်ပါသည်။ အလုပ်မလုပ်လျှင် မည်ရွေ့မည်မျှ ကြိုတင်စီမံကိန်းများ ဆွဲထားပါစေ အကောင်အထည်ပေါ်လာလိမ့်မည် မဟုတ်ပါ။ စိတ်ကူးအိပ်မက်မှန်သမျှကို အလုပ်ကပင် ပုံဖော်ပေးနိုင်သည်။ ကိုယ့်အလုပ်ကို ချစ်တတ်သောသူအဖို့ အောင်မြင်မှုရမှာ ဧကန်မလွဲပင်။ အလုပ်ကို ချစ်ရကောင်းမှန်းမသိပဲ အောင်မြင်မှုရသည်ဆိုလျှင် ထိုအောင်မြင်မှုသည် နေရောင်မကျမီ ခိုတွဲနေသော မြက်ဖျားနှင်းများသာ ဖြစ်ပေလိမ့်မည်။
Steemit social media platform ပေါ်တွင်လျှောက်လမ်းနေကြသော မြန်မာလူငယ်များအနေဖြင့် မြက်ဖျားပေါ်က နှင်းရေစက်များလိုမဖြစ်ရလေအောင် မိမိတို့၏ ကိုယ်ပိုင်စိတ်ကူးကို ပုံဖေါ်ပြသနိုင်ဖို့ လိုအပ်ပါသည်။
အလုပ်ကိုမချစ်တတ်သောသူ အလုပ်ကိုကြောက်ရွံ့နေသူတို့သည် ဘယ်သောခါမှ ရှေ့တန်းကိုမရောင်းနိုင်။ တန်ဖိုးမြင့်မား သတ်မှတ်ခြင်းမခံရနိုင်။ အလုပ်အပေါ် ပျော်ရွှင်မှုဆိတ်သုဉ်းလျက် ပျင်းရိနေတတ်သူများအဖို့လည်း တိုးတက်အောင်မြင်မှု အလှမ်းကွာဝေးနေပါလိမ့်မည်။
Steemit သည် ခက်ခဲ့သောအရာမဟုတ်၊ fb သုံးတတ်သူတိုင်းလုပ်နိုင်သည်။ သို့သော် user အသစ်များအနေဖြင့် အစပိုင်းမှာ ခက်ခဲသည်ဟူထင်နေတတ်သည်။ ဘာရေးလို့ ဘာတင်ရမှန်းမသိ ယောင်ဝါးဝါးဖြင့် လည်နေတတ်ပေသည်။ မိမိတို့၏ကိုယ်ပိုင်စွမ်းရည်းများကို မထုတ်သုံးပဲနေလျှင် တိမ်မြုပ်သွားလိမ့်မည်။ steemit ကိုအလုပ်တခုလိုသဘောထားကာ မိမိ၏အစွမ်းအစကို ချပြလိုက်ပါ။
အလုပ်အပေါ် ကိုယ်ကချစ်စိတ်ထားလျှင် အလုပ်ကလည်း ကိုယ့်အပေါ် ချစ်စိတ်ပွါးနေပါလိမ့်မည်။ အလုပ်ကို ချစ်မက်စိတ်ကြီးမားကာ အလုပ်လောဘရှိနေသူများအတွက် ပြီးစီးအောင်းမြင်ခြင်းသည် အသင့်အနေအထားဖြင့် ကြိုနေစမြဲဖြစ်သည်။ တရားအလုပ်ကိုချစ်မြတ်နိုးကာ တရားအလုပ်ကို အားထုတ်လျှင် တရားကလည်း ထိုသူကိုစောင့်ရှောက်သည်သာဖြစ်၏။ အမြိုက်နိဗ္ဗာန်စခန်းကို ဆိုက်ရောက်သွားကြသူတိုင်းသည် တရားအလုပ်ကို ချစ်ကြသူများသာဖြစ်ပေသည်။
သဘာဝလောကရှိ အရာမှန်သမျှသည် သူ့အလုပ်သူလုပ်ဆောင်ထမ်းရွက်နေကြသည်။ မိုးကာလ မိုးရွာမည်။ ဆောင်းကာလ နှင်းကျမည်။ နွေကာလ နေပူမည်။ မြစ် ချောင်း အင်းအိုင် ပင်လယ် သမုဒ္ဒရာများမှာလဲ စီးဆင်းနေကြမည်။ မျိုးစေ့မှ အပင်ဖြစ်တည်လာကာ သစ်ရွက် သစ်ခက်များထွက်လာမည်။ အကိုင်းအခက်များ စည်ပင်ကြီးထွားလာပြီး သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်လာမည်။ သူ့အလုပ်သူလုပ်သွားခြင်းပင်ဖြစ်သည်။ အလုပ်အပေါ် နိုးကြားတက်ကြွစွာ ၀ီရိယစိုက်ထုတ်ခြင်းသည် အောင်မြင်မှုအတွက် ကူထောက်ပေးသောအရာများဖြစ်သည်။ စင်စစ် အလုပ်ဟူသည် ကြောက်ရွံ့ရမည့်အရာမဟုတ် ချစ်ခင်မြတ်နိုး တန်ဖိုးထားရမည့်အရာသာ ဖြစ်ပေသည်။
ထို့အတူ steemit သည်လည်း ကြောက်ရွံ့ရမည့်အရာမဟုတ်ပါ။ Steemit ကိုချစ်၍ ကြိုးစားလုပ်နေသူများကို steemit လည်း ပြန်ချစ်ခင်ကာ SBD များထုတ်ပေးနေသည်ကို တွေ့မြင်ကြရပေမည်။
လောက၌ ငိုင်ငေးနေသူ၊ မှိုင်ဆွေးနေသူ၊ ပျင်းရိဖင့်နွဲနေသူ၊ ရင်းစားပြန်မရနိုင်သော အဖိုးတန်အချန်များကို နေ့ရွှေ့ညရွှေ့ လုပ်နေတတ်သူအတွက် ကံကြမ္မာကောင်းတို့သည် မျက်နှာလွှဲနေပေလိမ့်မည်။ မည်သူမဆို စိတ်ဇောအဟုန်ပြင်းထန်စွာဖြင့် လုံ့လ၀ီရိယစိုက်မှုရှိနေပါက အကျိုးဆက်တို့ တိုးတက်လာစမြဲပင်။
လူသည် မိမိကိုယ်မိမိ လူရှော်လည်းဖြစ်စေနိုင်သည်။ လူတော်လည်းဖြစ်စေနိုင်သည်။ မိမိတို့အနေဖြင့် မည်သည့်လမ်းကို ရွေးချယ်ပါမည်နည်း။
ဘ၀မှန်သမျှ အမြဲတစေ အဆင်ပြေနေတတ်သည်ချည်းမဟုတ်ပါ။ အမြဲတစေ ခလုကသင်းများနှင့် တွေ့ကြုံနေရသည်လည်းမဟုတ်ပါ။ နှင်းမြူများ မည်သို့ပင်ခဲစေကာမူ နေရောင်လာပြီးဆိုလျှင်တော့ လွင့်ပျောက်သွားရစမြဲဖြစ်သည်။
Steemit သည် မိမိတို့အနာဂါတ်အတွက် အလားအလာကောင်းသော social media တခုဖြစ်သည်။ social platform ပေါ်တွင် မိမိတို့ထက်အယင် ရောက်နှင့်နေပြီးသူများသည် မျိုးစေ့ချပေးခဲ့သူများဖြစ်သည်။ ထိုမျိုးစေ့ အပင်ပေါက်၍ ရှင်သန်ကြီးထွား ပြန်ပွါးလာအောင်လုပ်ရမည်မှာ မိမိတာဝန်သာဖြစ်သည်။
Steemit ၌ အောင်မြင်မှု ကျရှုံးမှု လမ်းနှစ်သွယ်ရှိသည်။ မိမိတို့တင်ပြလိုသော အကြောင်းအရာများကို မှန်ကန်အောင် ရွေးချယ်တတ်ဖို့လိုပေသည်။ အောင်မြင်ရေးအတွက် အကြောင်းခံတရားတို့ကို နေသားတကျအသုံးချနိုင်ပြီးဆိုလျှင် နှစ်လိုဖွယ်ရာအကျိုးတရားများ ပွင့်လန်းဝေဆာလာမှာပဲ ဖြစ်သည်။ ထိုအတွက် စိတ်ရှည်ဖို့ ဇွဲကောင်းဖို့ လိုအပ်လှပေသည်။
Steemit သည် မည်သူ့ကိုမျှ သာစေ၊ နာစေဟူ၍ မရှိပေ။ တင်းတိမ်ရောင့်ရဲခြင်းမရှိပဲ မိမိတို့၏ ညာဏ်စွမ်းညာဏ်စများဖြင့် လျှောက်လှမ်းနေသမျှကာလပတ်လုံး အောင်မြင်လိုသူများ ဘ၀တိုက်ပွဲပျော်သူများ ရဲရဲရင့်ရင့်စိတ်ခေါ်ကာ လောကဓံကို မဖြုန်စတမ်း တုန်လှုပ်မှုကင်းမဲ့စွာ steemit မှာ တိုက်ပွဲဝင်နေသူတိုင်းအတွက် steemit media မှ အောင်မြင်မှုဆုလာဘ်များ ချီးမြှင့်နေဦးမည်သာဖြစ်ပေသည်။
Steemit Platform ပေါ်မှမြန်မာလူငယ်များ အောင်မြင်မှုရကြပါစေ
Don bro.voted
thank bro
vote vote
ဟုဟု ကျေးကျေး
Done