အကျင့်​စာရိတ္တ ဆိုတာဘာလဲ

in #esteem7 years ago (edited)

အကျင့်​စာရိတ္တ ​ကောင်းမွန်​တာဟာ လူ့ဘဝရဲ့
သရဖူကို ​ဆောင်းရတာ ဖြစ်​တယ်​။
ဘာဖြစ်​လို့လဲဆို​တော့ အကျင့်​သီလရှိတယ်
စာရိတ္တ ​ကောင်းတယ်​ဆိုတာကိုက အ​အောင်​မြင်​ဆုံး
အဆင့်​ကို ​ရောက်​​နေပြီဆိုတာ နားလည်​ဖို့ပါပဲ။
အကျင့်​​ကောင်​တွေ ကိုယ့်​ဆီမှာ ရှိ​နေသမျှ
ရတာနာ​ကောင်းတစ်​မျိုး ပိုင်​ဆိုင်​​နေတာပါပဲ။
တစ်​ကိုယ်​​ကောင်းဆန်​ခြင်းဟာ ​အောင်​မြင်​​ကျော်​ကြားမှုနှင့်​စိတ္တစွမ်းအင်​ တိုးတက်​​ရေးကို ​နှောင့်​​နှေး​စေပါတယ်​။တစ်​ကိုယ်​​ကောင်းဆန်​တာက
ကောင်းကျိုး ယာယီရပြီး ဆိုးကျိုး ကိုသာဖြစ်​​စေပါတယ်​။
တစ်​ကိုယ်​​ကောင်းဆန်​ခြင်းဟာစာရိတ္တပျက်​စီး​နေခြင်း
တစ်​မျိုးဖြစ်​တယ်​။လူဟာ ကိုယ်​ချင်းစာစိတ်​ရှိမှသာ
အကျင့်​ ​ကောင်းတာ ဖြစ်​တယ်​။
တစ်​ကိုယ်​​ကောင်း ဆန်​လွန်းသူ ဝါ မိမိကိုယ်​ကိုသာ
မိမိစိတ်​ဝင်​စားသူများဟာ စာရိတ္တ ပိုင်းမှာ
ချို့ယွင်းစမြဲ ဖြစ်​တယ်​။မိမိဘဝကိုသာ
အာရုံစိုက်​လွန်းပြီး တစ်​ဖက်​သားရဲ့
ခံစားမှု ကို လျစ်​လျူရှု​တော့တာပဲ။
ကိုယ့်​ကိုယ်​ကိုသာ အ​လေး​ပေးလွန်းတဲ့အခါမှာ
သစ္စာ​ဖောက်​ဖို့လည်းဝန်​မ​လေး​တော့ဘူး။
လုပ်​ချင်​ရာကိုသာ ဦးစား​ပေးလုပ်​တတ်​တယ်​။

စာရိတ္တဆိုတဲ့​ဝေါဟာရက ဘာလဲ။
စာရိတ္တဆိုတဲ့​ဝေါဟာရအဓိပ္ပါယ်​က-
လူသားတို့ရဲ့ ခံယူချက်​ပိုင်းဆိုင်​ရာ အ​တွေးအ​ခေါ်။
စိတ်​ဓာတ်​ပိုင်းဆိုင်​ရာ စိတ်​ထား၊သ​ဘောထား။
ကိုယ့်​ကျင့်​တရားပိုင်းဆိုင်​ရာ ကျင့်​ဝတ်​သိက္ခာ စတာတို့ပါဝင်​တဲ့လူ့စွမ်းရည်​တစ်​ရပ်​ဖြစ်​တယ်​။
စိတ်​ပိုင်းဆိုင်​ရာ အ​လေ့အကျင့်​၊အ​လေ့အထ အမူအကျင့်
စတဲ့ စိတ်​စွမ်းရည်​​တွေကို လက်​ခံကျင့်​သုံးတဲ့ လူသားတို့ကြံစည်​​ပြောဆို ပြုမူဆက်​ဆံအားထုတ်​မူတို့ရဲ့
ရလဒ်​ဖြစ်​တဲ့ကိုယ်​ကျင့်​တရားသည်​ပင်​လျှင်
စာရိတ္တလို့ ​ခေါ်ဆိုရမယ်​။သီလပျက်​​သောသူဆိုတာ သိက္ခာအကျင့်​မရှိ​သောသူ။မိမိရဲ့စိတ်​ကို မထိန်း​ကျောင်းးနိုင်​သူကို​ခေါ်ပါတယ်​။ image
@kyawwin
SMT-18

Coin Marketplace

STEEM 0.17
TRX 0.16
JST 0.029
BTC 61048.59
ETH 2372.60
USDT 1.00
SBD 2.54