Regert(2)🔀🔀🔀

in #myanmar • 6 years ago

IMG_20180713_224022.jpg

[Regert🔀🔀 part(1)အား ဖတ်ရန်♥♥]

ထိုအကြောင်းကို မယ်ကြည် ပြန်ကြားရသောအခါသူမအား ပစ်ထားမည် သူမ ဆိုးဆိုးကောင်းကောင်း နားမထောင်ချင်တော့ပေ။ သို့သော် သူမသည် မယ်ကြည် ချစ်သော မယ်ကြည့်အားချစ်သော တစ်မိသားစုဖွား ညီမအရင်းကဲ့သို့ပင် ဖြစ်လေသည်။ သူမအား သူမယောက်ျားက ကိုယ်ထိလက်ရောက် ရိုက်သည်ဟု ကြားလျှင် မိမိအား အရိုက်ခံရသလို အသားတစက်စက်တုန်၍ ဒေါသထွက်ရလေသည်။ သူမဝမ်းနည်း၍ ငိုကြွေးသည့်အခါ ကိုယ်ပါ ရောငိုရလောက်အောင် ချစ်ခင်ရသူဖြစ်သည်။

stock-vector-two-best-friends-girls-holding-hands-vector-illustration-about-friendship-isolated-on-white-270177926.jpg
Crd-org-source

ယောက္ခအိမ်ပြန်ရောက် ၍ သူမပိုက်ဆံမကုန်မချင်း အဆင်ပြေနေသေးသည်။ ပါသည့်ပိုက်ဆံကုန်ပြီး မကြာခင် ပြသနာစကြပြန်သည်။ အလွန်တစ်ရာ စိတ်ညစ်ဖွယ်ပင်။ သူမ အမျိုးသားသည်လည်း မယ်ကြည်တို့ သူငယ်ချင်းပင်။ မိဘ အလိုလိုက်ခံရ၍ လိမ္မာသူမဟုတ်။ မယ်ကြည်တို့သာ တစ်တန်းပြီး တစ်တန်း တက်လာသော်လည်း သူသည် second year ၃ခါကျပြီး ကျောင်း ထွက်ရသူဖြစ်သည်။ သူမသည် ယောက္ခအိမ် အခင်းထွက် အသီးအနှံများ ကို ဈေးတွင် ရောင်းချသည့်အလုပ် လုပ်ရပြန်လေသည်။ ပညာတတ် သူမ၊ အရည်ချင်းရှိသောသူမ ထိုသို့ပင်ပန်းစွာ လုပ်ရသည် ကြားမိတော့ မယ်ကြည် ငိုရပြန်သည်။

girl-crying-gesture-260nw-1020653488.jpg
Crd-org-source

သူမလည်း အတော်နှင့် မယ်ကြည့်ဖုန်း မဆက်ရဲပါချေ။ သူမထိုသို့ ဖြစ်နေသည်ဟု အခြားသူများက မယ်ကြည့်အား အကြောင်းကြားကြချိန် မနေနိုင်သူ မယ်ကြည်မှ ထ ဆက်သွယ်ရသည်။ သူမ အမျိုးသားသည်လည်း ယခင်တိုင်း ဖောက်ပြန်မြဲပင်။ စိတ်လေမိသည်။ လုပ်ကိုင်မစားသော ယောက်ျားအား ဘာအထင်ကြီး၍ ကြိုက်ကြသလဲ?? ထို့ပြင် အိမ်ထောင်ရှိယောက်ျားလဲ ဖြစ်ပြန်သည်။ စဉ်းစားမရပါချေ။ မယ်ကြည်နှင့် အဆက်သွယ်ရပြီး သူမ ဘာလုပ်ချင်သလဲ မေးရသည်။ သို့သော် ယခုတစ်ကြိမ်တွင်တော့ လွယ်လွယ်မကူညီပါချေ။ ကွာရှင်းခဲ့ပါ သူမ ခင်ပွန်းနှင့်။ ကွာရှင်းမှသာမှ ကူညီမည်ဟု ပြောခဲ့သည်။ သူမအမျိုးသားသည် လွန်စွာ ယုတ်ညံ့ပေသည်။ ကွာရှင်းမပေးပါချေ။ ကွာရှင်းမပေးလဲ ပြန်ခဲ့ရန်သာ ပြောပြီး လမ်းစရိတ် ထက်ပို့ပေးလိုက်သည်။ ဒီတစ်ခေါက် သူမ ပြန်ရောက်လာတော့ သူမ မိဘ တွေက ခေါ်ထားသည်။ ခေါ်ထားလဲ တစ်ရက်မှ စိတ်မချမ်းသာရ သူမအား ဘယ်မှ မထွက်ရ။ နေ့စဉ် ဆူပြောနေပြီး သူမ စိတ်ညစ်ရပြန်သည်။

a943e99cadc897de03e4ecd7573834a1.jpg
Crd-org-source

မယ်ကြည့်အား ဆက်သွယ်ပြန်သည်။ အိမ်ကနေ ထွက်၍ အလုပ်လုပ်ရန် အကြံပေးသည်။ ထွက်ရန်လဲ ကူညီပေးသည်။ သို့နှင့် သူမသည် အလုပ်ကောင်းတစ်ခု ရပြန်သည်။ မယ်ကြည် ကျေနပ်ရပြန်သည်။ သူမအဆင်ပြေသည်ကိုပဲ ဝမ်းသာရသည်။ သူမလဲ စာတတ်သွားပါပြီ။ ယခုအခါသူ့အမျိုးသား ရောက်လာပြန်သည်။ သူမ ပိုက်ဆံ အား ခိုကပ် သုံးစွဲပြန်သည်။ သူမအား အလုပ်မှ ဟိုလူ ဒီလူနှင့် စွပ်စွဲ ပြီး ပြန်လိုက်ရန် ခေါ်ပြန်သည်။ ဒီတစ်ခါတော့ သူမ အလုပ်မှ လုံးဝမလိုက် မကျေနပ်က ကွာပေးမည်ဟု ပြောလိုက်လေသည်။ အရင်နှင့်မတူတော့သော သူမအား ကြည့်၍ ဝမ်းသာရပါသည်။ သူမ အရင်က နောင်တရစရာများကိုသာ လုပ်ခဲ့သည်။ ယခုအခါ သူမသည် ပြတ်သားသင့်သည်ကို ပြတ်သားလေသည်။ ပြုပြင်ပြောင်းလဲ မရတာကို ဇွတ်ကြိုးစားယူ၍ မရသည်ကို နားလည်သွားပေသည်။
သူမမိဘများကို ထောက်ပံရင်း သူယောက်ျားနှင့် ကျေနပ်ကြချိန် လျောက်လည်လိုက်၊ အဆင်မပြေချိန် ရန်ဖြစ်လိုက်နှင့် ယခုချိန်ထိ ရှိလေသည်။

aid92749-v4-728px-Be-a-Great-Best-Friend-Step-11-Version-3.jpg
Crd-org-source

အလုပ်မှမထွက်တော့သည့် ဖြစ်၍သာ တော်သေးသည်။ သူမ စိတ်ကူးနှင့် အိမ်ထောင်ရေး သည် ထင်ထားသလို ထပ်တူကျမည် မထင်ပါ။ မိမိအမှားဆိုတာ သိရက်နှင့် အချိန်အကြာကြီး ထွေးပွေ့ထားစရာလိုပါသလား။ မိမိ ဥပေက္ခာ ပြုလျှင်ရလျက်နှင့် မပစ်နိုင်သူသာ အပြစ်ရှိပေသည်။ ဘဝတွင်နေထိုင်လာသမျှ နောင်တအနည်းဆုံးဖြစ်အောင်နေထိုင်ကြစေချင်သည်။ ဘဝမှာ နေလာရင်း အချစ်ဆိုတာလဲ တွေ့ရမည်။ ဘဝတစ်ခုတည်ဆောက်ရာတွင် အချစ်ချည်း မပြည့်စုံနိုင်။ ထိုက်သင့်သောဝင်ငွေလဲ ရှိရသည်။ ချစ်သူတိုင်း ညားကြပြီး ညားသူတိုင်းလဲ အိမ်ထောင်ရေးဘဝ အဆင်ပြေကြစေချင်ပါသည်။ ယောက်ျားလေးများ အနေဖြင့်လည်း မိန်းကလေးများ အားကိုးရလောက်သောသူ ဖြစ်စေချင်မိသည်။ တခြားသူများ မယ်ကြည့် သူငယ်ချင်းကဲ့သို့ ကံမဆိုးကြစေချင်ပေ။ သူမကို တခါတရံတွင် သနားမိပြီး တခါတရံတွင် လွန်စွာစိတ်တိုမိပါသည်။ လူတိုင်း ကံချင်းမတူကြ၍ လူတိုင်း ကံကောင်းသော နေ့ရက်များ ပိုင်ဆိုင်ကြစေချင်သည်။ steemit က သူငယ်ချင်းများအားလုံး လိုတိုင်းတ ရနိုင်ကြပါစေလို့ ဆုမွန်းတောင်းလိုက်ရင်း နိဂုံးချုပ်လိုက်ရပါသည်။

Author @kyi
MSC 050

Sort:  

အဓိကက စိတ်ပျက်သားဖို့ဘဲ မယ်ကြည်ရေ မိန်းမတွေရဲ့ အားနည်းချက်က သနားတက်တာ ယုံလွယ်တာ သံယောဇဉ်ထားတက်တာ ဒါကို အခွင့်အရေးသမားတွေက ကောင်းကောင်းအသုံးချနေတာ သူများ အိမ်ထောင်ရေးပေမဲ့ လမ်းခွဲသင့်တဲ့ အနေအထားလို့ အကြံပေးချင်မိပါရဲ့အေ

ဟုတ်တယ် စုရေ..သူက မပြတ်သားဘူးအေ

မမကြည်သူငယ်ချင်း အခုထက်ပိုအဆင်ပြေပါစေ

ပြေနေမှာပါ ညီမ မမက အဝေးကကြည့်ရင်း သူအဆင်ေ ပြ ကျေနပ်နေသူပါ😊

အမသူငယ်ချင်း သူ့ ဘဝက အဲ့လို ဝဋ်ကြွေးပါတယ်ပဲ သဘောထားလိုက်ပါ မမရယ်

အင်း အာ့လိုပဲ သဘောထားရမာပဲ😁

ဒီတစ်​ခါသူသ​ဘော​ပေါက်​သွားပြီ။ပြန်​မလိုက်သွား​​တော့ဘူး...ကြည်​လည်းအများကြီးကူညီ​ပေးခဲ့တယ်​​နော့....

ကိုယ့် ညီအမလို သဘောထားထားတာ ယွန်းရေ😍သူ အလုပ်မာ ရှိနေတာပဲ ကျေနပ်နေရသူပါ😁

အချစ်​တစ်​ခုတည်းနဲ့​တော့ ဘဝလမ်းက ​ဖြောင့်​ဖြူးမှာမဟုတ်​ပါဘူး

ဟုတ်တယ်ညီမ စိတ်ကူးယာဉ်နေလို့ မရဘူးလေနော့😊

အချစ်‌ဆို‌သော အရာသည်‌ အမှားအမှန်‌ မခွဲ ခြားနိုင်‌‌လောက်‌‌အောင်‌ ဒုက္ခ‌ပေးတတ်‌၏။

ဟုတ်ပါတယ်လို့စ်🤣🤣

ဥပေက္ခာ ပြု လိုက်ပါ မမ အဆင်ပြေသွားမှာပါနော်

အေးလေ သူမလုပ်နိုင်ဘူး😔

တစ်ယောက်နဲ့တစ်ယောက် ကံချင်းမတူတော့ ကံကောင်းကြပါစေလို့ပဲ မမလိုပြောဘိုက်တော့မယ် 😊😊

အေးပါတော် ပြောလိုက်ပါ😊

အချစ်​ဆိုတာ . .?????

အရူးတွေမှ တွေ့ရတာတဲ့ဟ😁

သူအတွက် မကြည်လို့မျိုးလူတစ်ယောက်ရှိတာ ပိုပြီးအားဖြစ်စေပါတယ်။

ညီမလေးလို ချစ်ရလို့ပါ😊

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63549.46
ETH 2562.53
USDT 1.00
SBD 2.66