ဘုန်းကြီးကျောင်းသား ရည်စားစာ (ဟာသ)

in #myanmar7 years ago (edited)

image
ကျွန်တော်ဖတ်၍ရယ်ခဲ့ရသော ရည်းစားစာတစ်ဆောင်ကို မိတ်ဆွေများထံ ပြန်လည်ကာ
ဖောက်သည်ပြန်ချလိုက်ပါတယ် ။
အသိပညာဗဟုသုတရယ်တော့ မဟုတ်ပါဘူး တနေ့တာ ပင်ပန်းနေသမျှတွေကို
ပြုံးရယ်ကာပြေပျောက်စေလိုခြင်းဟူသော စိတ်စေတနာနဲ့မိတ်ဆွေများကို ပြုံးရယ်စေချင်မျှသာဖြစ်ပါတယ် ။
လွန်ခဲ့သောနှစ်များစွာက ခေတ်ပညာကို အဓိကမထားဘဲ
ဘုန်းကြီးကျောင်းပညာရေးကိုအဓိကထားသင်ကြားလျှက်ရှိကြပါတယ် ။
အဲ့ဒိအချိန်တုန်းကတော့ ဘုန်းကြီးကျောင်းတွေမှာ ကိုရင် ကျောင်းသား
အများကြီးပါပဲ ကိုရင် ဘုန်းကြီးကျောင်းသားများကို ဆရာတော်က ဘာတွေသင်ကြားပေးသလဲဆိုရင် က အစ အ ' အထိ,အခြေခံမြန်မာစာလုံးအက္ခရာ
သင်ပုန်းကြီး,သုံးဆယ့်ရှစ်ဖြာ မင်္ဂလာကဗျာ,
အဲ့ဒါတွေရပြီဆိုမှ ပရိတ်ကြီး အဘိဓမ္မာ
သဒ္ဒါ ဝိနည်းများကိုသင်ကြားပေးလို့ ကိုရင် ကျောင်းသားများဟာ
ပါဠိအက္ခရာများကို ရွတ်တတ် ဖတ်တတ်ကြတာပေါ့ ။
အခုအချိန်များမှာတော့ ဘုန်းကြီးကျောင်းတွေမှာ ကိုရင် ကျောင်းသားဆိုတာ မရှိသလောက် ပါပဲ အတော်လေးကို ရှာပါးသွားပြီး ။
ဘုန်းကြီးကျောင်းသားတွေဟာ ဘုန်းကြီး ဦးဇင်း ကိုရင်တွေကို
ချစ် ကြောက်ရိုသေခြင်းရှိကြပါတယ် ။
ရွာတစ်ရွာ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ကိုရင်ကျောင်းသားအားလုံးတစ်ရာကျော်မကရှိပါတယ် ။
အဲ့ဒိတစ်ရာကျော်မကရှိသော ကိုရင် ကျောင်းသားတွေများစွာထဲမှ
ငအောင်ကျော် ဆိုသောနာမည်လေးနဲ့ ဘုန်းကြီးကျောင်းသား
တစ်ယောက်လဲရှိပါတယ် ။
ဆွမ်းခံချိန်ရောက်လို့ ကိုရင်တွေဟာ ရွာထဲကိုဆွမ်းခံကြွရင်
ကျောင်းသားများ ဆွမ်းအုပ်များကိုင်လျှက် ကိုရင်တွေ၏နောက်က
လိုက်ရတာပေါ့ ။
အဲ့ဒိထဲမှာ ငအောင်ကျော် ဘုန်းကြီးကျောင်းသားလေးလဲ
အပါဝင်ပေါ့ သူလည်းကိုရင်တွေ၏နောက်ကလိုက်လို့
ဆွမ်းအုပ်ကိုင်ရတာပဲ ကိုရင်တွေဆွမ်းခံကြွလာရင် ဆွမ်းလောင်လှူသော
ရွာထဲက ကောင်မလေးတစ်ယောက်ကို ငအောင်ကျော်ဘုန်ကြီးကျောင်သားကစိတ်ဝင်စား ချစ်မိတာပေါ့ ချစ်မိတော့ ဘာလုပ်သလဲဆိုတော့
ကျောင်းက ဆရာတော် ကိုရင်ကျောင်းသားကြီးတွေမသိအောင်
ရည်းစားစာရေးတယ် ။ ဆရာတော်သိရင် သူ့ကိုကြိမ်လုံးနဲ့ရိုက်မှာလေ ။
စာရေးပြီး သူစိတ်ဝင်စား ချစ်မိနေတဲ့ကောင်မလေးကို ပေးလိုက်တာပေါ့
အဲ့ဒိမှာ ကောင်မလေးရဲ့မိဘတွေက သိသွားပါလေရော ••••
သိသွားတော့ ငအောင်ကျော်ပေးလိုက်တဲ့ရည်းစားစာနဲ့တကွ
ဆရာတော်ကို လာလျှောက်တာလေ ။
image
ဆရာတော်ကိုဘယ်လို လျှောက်သလဲဆိုတော့
"ဆရာတော်ဘုရား တပည့်တော်မ၏သမီးကို ဘုန်းကြီး၏ကျောင်းက
ဘုန်းကြီးကျောင်းသား ငအောင်ကျော်က ရည်စားစာ ပေးတယ်ဘုရား
အဲ့ဒါ ဆရာတော် ဆုံးမ ပေးပါအုံး ဘုရားလို့ လျှောက်သတဲ့ "
ဆရာတော်ကလဲ " အေး အေး ဟုတ်ပြီး ငါဆုံးမလိုက်မယ်"ဆရာတော်ကမိန့်တော့ ကောင်မလေး၏မိဘတွေပြန်သွားကြပါလေရော °°°°°
ကောင်မလေးရဲ့မိဘတွေကျောင်းက ပြန်သွားလို့မကြာသေးဘူး
ဆရာတော်က ဂလိုင်ခေါက်ပြီး ငအောင်ကျော်နှင့်တကွ ကျောင်းမှာရှိသမျှဘုန်းကြီးကျောင်းသားတွေကို အကုန်ခေါ်ပြီး အတန်းလိုက် ထိုင်စေလျှက်
ငအောင်ကျော်ရေးသော ရည်စားစာကို ကျောင်းသားအကြီးဆုံးကို
ရှိသမျှကျောင်းသားတွေကြားအောင် အသံကျယ်ကျယ်နဲ့ ဆရာတော်က
ဖတ်ပြခိုင်းတာပေါ့ ကျောင်းသားကြီးကလဲ အသံကျယ်ကျယ်နဲ့
ဖတ်ပါလေရော •••••••••••••
ကောင်းကင်ဆိုတာ အာကာသ
တောင်ပြင်ဆိုတာ ဒက္ခိဏ
ကိုယ့်ရင်ထဲမှာ မင်းရှိမှ ။

ဟိုက် ••••••တယ်ဆိုတဲ့စာပါလား ဘုန်းကြီးကျောင်းသားလို့
မပြောရဘူး ပါဠိလိုတွေရော ပါသဟ😄😄😄ဆက်ဖတ်တယ် ။

စတုဒိသာ လေးမျက်နှာ
အဋ္ဌဒိသာ ရှစ်မျက်နှာ
ကိုယ့်ရင်ထဲမှာ မင်းမျက်နှာ ။

မသိရင် မေတ္တာပို့လိုလို ဘာလိုလိုနဲ့လက်အုပ်ပဲချီရတော့မလိုလို
စာသားတွေကသူနဲ့နီးစပ်သော ကြေးစည်သံရနံ့ရောနေ ပါနေတယ်
ကျောင်းသားတွေအားလုံးကလဲ အူနှိပ်ပြီးရယ်နေကြကြီး ။
ဆရာတော်ကလဲ ယပ်တောင်ကွယ်လျှက် ဣနြေ္ဒဆယ်တော်မူ၏ ။
ဆက်ဖတ်လေ •••••••

အကြင်သူသည်  ယော
ထိုသူသည်     သော
ငါ့ကို ချစ်ရင် ပြန်၍ပြော ။

ဟားဟား••••••အားလုံးမျက်ရည်တွေထွက်
ဆရာတော်မသိအောင် ကြိတ်ပီး ရယ်ကုန်ကြတာ••••••

ငအောင်ကျော်ခင်မျာလဲ မျက်လုံးလေးကလယ်ကလယ်နဲ့
သူပါ ရှက်ပြီး လိုက်ရယ်တယ် ။
ဆရာတော်ကလဲ ငအောင်ကျော်ရေးသော ရည်စားစာကို
ကြားရလို့ ရယ်ရသောကြောင့် အမျက် ဒေါသပြေပျောက်လျှက်မရိုက်တော့ဘဲ
နောက်မလုပ်ဖို့ ဆုံးမပြီး ခွင့်လွတ်လိုက်တယ် ။

မိတ်ဆွေများကို ပျော်ရွှင်စေ ပြုံးစေချင်သော
စိတ်စေတနာဖြင့်
@letwethondara
photo from goolgel