"သူမ...(၁၆)" "She...(16)"

in #myanmar7 years ago

ဒီလိုနဲ့ ကျွန်​​တော်​​ဆေးရုံမှဆင်းရန်​ ရက်​​ရောက်​လာခဲ့သည်​။ထိုရက်​အတွင်း ကျွန်​​တော့်​ဆီ ယွန်း ထပ်​​ရောက်​မလာခဲ့ပါ။မေ​မေ သည်​လည်း ​ဆေးရုံတွင်​ အချိန်​ပြည့်​လူနာ​စောင့်​ရသဖြင့်​ ပင်​ပန်း​နေသည်​ထင်​၍ မ​မေးဖြစ်​​တော့ပါ။ ကျွန်​​တော်​တို့ တက်​​ရောက်​​နေ​သော​ကျောင်းသည်​လည်း ငလျင်​ အရှိန်​​ကြောင့်​အ​ဆောင်​တစ်​ချို့ပျက်​စီးကာ ​ခေတ္တပိတ်​ထားသည်​ ဟုသိရသည်​။ဆေးရုံက ဆင်းလာ​သော လမ်းတစ်​​လျောက်​တွင်​လည်း ပြိုကျပျက်​စီး​နေ​သော အိမ်​များကို​တွေ့ရသည်​။ကျွန်​​တော့်​ မြို့တွင်​လည်း ထိုကဲ့သို့ပင်​ အပျက်အစီးတစ်​ချို့နှင့်​ ယိုင်​​နေ​သော အိမ်​တစ်​ချို့ကိုမြင်​ရသည်​။
image
လတ်​လတ်​ဆတ်​ဆတ်​​တော့ မဟုတ်​ပါ​ချေ။ ယိုင်​​နေ​သော အိမ်​များတွင်​ ​ဒေါက်​များကန်​ထားသည်​ကို ​တွေ့ရသည်​။ ​"​မေ​မေ ဒီမှာလည်း ငလျင်​လှုပ်​သွားတာလားဟင်​"။ သိချင်​စိတ်​ဖြင့်​​မေးလိုက်​မိသည်​။"အိမ်​​ရောက်​ ရင်​​မေ​မေ ​ပြောပြပါ့မယ့်​ သားရယ်​"ဟု ​မေ​မေပြန်​​ပြောလာသည်​။ကျွန်​​​တော်​ လည်းတိတ်​ဆိတ်​စွာဖြင့်​ အ​ဝေးသို့​ငေးကာ လိုက်​ပါလာခဲ့​တော့သည်​။ အိမ်​သို့​ရောက်​​သော်​ ပစ္စည်းပစ္စယများချကာ ကျွန်​​တော်​၏ အခန်းတွင်းသို့သွင်းလိုက်​သည်​။ကျွန်​​တော်​မရှိသည်​မှာ ကြာ​သော်​လည်း အခန်းတွင်းတွင်​ သန့်​ရှင်း​နေသည်​။မေ​မေ အမြဲတမ်းရှင်းလင်းထားပုံရ​လေသည်​။ ​"မေ​မေ ထူးခြားတို့​ရော ဒီပြန်​​ရောက်​​နေပြီလား"။"​အေး သား​ ​ရောက်​​နေပြီ​လေ။ကျောင်းခဏပိတ်​ထားတယ်​ ဆို​တော့ သူတို့က အ​စောကြီးပြန်​​ရောက်​​နေကြတာ"။ "ဪ အဲ့တာ​ကြောင့်​ သား​ဆေးရုံတက်​​တော့ ​နောက်​ရက်​​တွေ​ရောက်​မလာကြတာကိုး"။"သားက ရှိရဲ့သားနဲ့ မလာဘူးဆိုပြီး အပြစ်​တင်​​နေတာ"။"အဲ့တာဆို သူတို့ဆီခဏသွားလိုက်​ဦးမယ်​ ​မေ​မေ"ဟု​ပြောကာ ထွက်​လာခဲ့သည်​။ ထူးခြားအိမ်​​ရှေ့သို့​ရောက်​​သော်​ အခန့်​သင့်​ပင်​ ဒန်း​ပေါ်၌ထိုင်​​နေ​သော ထူးခြားကို​တွေ့ရသည်​။ကျွန်​​တော့်​ကို​တွေ့​တွေ့ချင်းပင်​ "ဟာ လင်းခန့်​ မင်းဘယ်​တုန်းက​ဆေးရုံဆင်းလာတာလဲကွ။အဆင်​​ပြေရဲ့လား သူငယ်​ချင်း"ဟု​ဝမ်းသာအားရ​မေးလာသည်​။"လာ လာသူငယ်​ချင်း....ခဏထိုင်​ဦး ငါဟို​ကောင်​​တွေ ဖုန်းဆက်​ပြီး​ခေါ်လိုက်​ဦးမယ်​"ဟုဆိုကာ အိမ်​​ပေါ်တက်​ ဖုန်းဆက်​​လေ​တော့သည်​။အိမ်​ချင်းမှာ သိပ်​မ​ဝေး​သော​ကြောင့်​ ခဏတွင်းပင်​ နှစ်​​ယောက်​သား​ရောက်​ချလာ​တော့သည်​။"လင်းခန့်​ မင်း​နေ​ကောင်းသွားပြီ​နော်​"ဟု ​ရောက်​မဆိုက်​ပင်​ ​မေးကြသည်​။"​ကောင်းသွား ပါပြီကွာ"ဟုပြန်​​ဖြေလိုက်​သည်​။"မင်းတို့ကို ​မေးရဦးမယ်​ "ယွန်း​လေး"ကို ​ဒီရက်​ပိုင်း​တွေ့မိ​ကြ​သေးလားကွ"ဟု​မေးလိုက်​မိသည်​။"အိမ်​မှာ ​မေ​မေ့ကို ​မေးရန်​မရဲ၍ သူငယ်​ချင်းများအား ​မေးလိုက်​ခြင်းဖြစ်​သည်​။
image
သူငယ်​ချင်းများ ကျွန်​​တော်​ "ယွန်း​လေး"အ​ကြောင်း​ပြောလိုက်​တိုင်း မျက်​နှာပျက်​သွားမြဲအတိုင်းပင်​။"သူငယ်​ချင်း လင်းခန့်​ ငါတို့မြို့မှာ ​ကျောင်းရှိရဲ့သားနဲ့ ဘာလို့ တစ်​ခြားမြို့မှာ ​ကျောင်းသွားတက်​ကြရတယ်​ထင်​လဲ"ဟု ​မေးလာ​တော့ ကျွန်​​တော်​ မသိပါ​ချေ။ဟု​တ်​​ပေသား။ကျွန်​​တော်​တို့မြို့တွင်​လည်း ​ကျောင်းရှိ​ချေသည်​။ဘာလို့ သူများမြို့တွင်​ ​မေ​မေကသွားထားရသနည်း။ထို​မေးခွန်းအတွက်​ ကျွန်​​တော်​အခုမှ​တွေးမိသည်​။"လာ သူငယ်​ချင်း "ယွန်း"တို့အိမ်​ကိုသွားရ​အောင်​"ဟု ​ပြောကာ ထူးခြားက ကျွန်​​တော့်​လက်​ကိုဆွဲပြီး လမ်းမဘက်​သို့ထွက်​သည်​။ကျန်​နှစ်​​ယောက်​က "​ဟေ့​ကောင်​ ထူးခြား မင်းတစ်​ကယ်​​ပြော​တော့မလို့လား"ဟု လှမ်းဆွဲသည်​။ထူးခြားက "ငါ့ကိုမတားကြနဲ့​တော့ကွာ သူဒီလိုကြီးဖြစ်​​နေတာ ငါမကြည့်​နိုင်​​တော့ဘူးကွာ...."ဟု​ပြောရင်းငိုသံပါလာသည်​။"ဒီလိုဖြစ်​​နေတာ မကြည့်​နိုင်​ဘူးဆိုရင်​ ဒီ​ကောင်​အရင်​လို ​ဆေးပြန်​​သောက်​​နေရတဲ့ဘဝကို မင်းကပြန်​​ရောက်​​စေချင်​တာလား"ဟု ​ပြောလိုက်​​သောစကား....။ကျွန်​​တော်​ နားမလည်​ပါ....။ဘာ​တွေ​ပြော​နေကြတာလည်း ကျွန်​​တော်​နားမလည်​နိုင်​​တော့ပါ။ဆေးက ဘယ်​သူ​သောက်​တာလဲ။အရင်​လို ....ဆိုတာက​ရော....။"ဘာ....ဘာ​တွေ​ပြော​နေကြတာလဲကွာ။ငါ့ကိုလည်း ​ပြောပြကြပါဦး" "ဘယ်​သူက ဘာဖြစ်​လို့ ​ဆေး​သောက်​​နေရတာလဲ" ကျွန်​​တော်​နားမလည်​နိုင်​စွာ ​မေးလိုက်​မိသည်​။"အဲ့ဒီအ​ကြောင်း​တွေအကုန်​သိရဖို့ "ယွန်း"အိမ်​ကိုသွားကြစို့ကွာ....။ထူးခြားဆွဲ​ခေါ်ရာ​နောက်​သို့ ကျွန်​​တော်​ပါလာမိ​တော့သည်​။သူငယ်​ချင်းများ​ပြောစကား​ကြောင့်​ စိတ်​​တွေ​ထွေ​နေသည်​။"ယွန်း"အိမ်​​ရှေ့သို့​ရောက်​​သော်​" အန်​တီ​ရေ အန်​ကယ်​....ကျွန်​​တော်​ထူးခြားပါ"ဟု အိမ်​ထဲသို့​အော်​​ခေါ်​နေသည်​။အိမ်​ထဲတွင်​ ယွန်းများရှိ​နေမလား .....ကျွန်​​တော်​ရင်​ခုန်​စိတ်​လှုပ်​ရှား​နေမိသည်​။
.....
@linnkhant42
MSC-022
Credit Photo-Google
image

Sort:  

သူမတဲ့လားမမြင်​ဖူး​သေးဘူးကြားဖူးရုံပဲရှိ​သေးတယ်

ကြားဖူးနားဝ​လေး​တွေ ပြန်​​ပြော လို့ရတာ​ပေါ့​နော့

အဲ့..သူမပြန်လာပီ။ဒါနဲ့ အိပ်မက်ဆိုးတွေရော မက်သေးလား...သူမရေ။

ခုတစ်​​ခေါက်​​တော့ မမက်​​တော့ပါဘူးဗျာ ။ အပြင်​​လောကကို​ရောက်​လာပြီ​လေ ဟဲဟဲ။

Reply ​လေး​တွေပြန်​ချင်​လို့ comment​လေး​တွေ​ရေးကြပါလို့ အဲ.... 😁😁😁

ကိုလင်းခန့်လေးဆယ့်နှစ်နဲ့သူမကမခွဲသေးဘူးနော်။ကောင်းတယ်အစ်ကိုမခွဲနဲ့။အစ်ကိုခွဲလိုက်ရင်အစ်ကိုတော့မသိဘူးကျွန်တော်တော့သူမကိုလွမ်းနေမှာ။အလဲ့လဲ့

မလွမ်းပါနဲ့အကို​ရေ မကြာခင်​​တော့ခွဲရ​တော့မှာပါဗျာ....ဇာတ်​လမ်း​လေးလည်း ဆုံး​တော့မှာပါ

အ​ရေးအသား​တွေ အရမ်း​ကောင်းတယ်​ ဝတ္ထုတစ်​ပုဒ်​ ထုတ်​လို့​တောင်​ ရတယ်​ဗျ အား​ပေး​နေမယ်

မဟုတ်​တာအကို​ရေ ကျွန်​​တော်​ကအခုမှသင်​ယူ​နေတုန်းရှိပါ​သေးတယ်​ ​ကျေးဇူးပါဗျ

ဇာတ်လမ်းလေးက စိတ်မကောင်းစရာ

ဟုတ်​ပါ့​နော်

Congratulations! This post has been upvoted from the communal account, @minnowsupport, by linnkhant42 from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

I am very glad when I got an upvote from you bcoz you sleep like a Karla Nagar.

သူမရေ ဘယ်တော့များမှ လူထင်ပြမယ်

သူမ အိမ်​​တောင်​​ရောက်​​နေပြီကို အမကလည်း မ​လောပါနဲ့​လေ

ဇာတ်​ရှိန်​တက်​လာပြီ😁
Good pot bro

Ending လာ​တော့မှာ​နော်​။ ဒီတစ်​ခါ Endingဆိုပြီး​ရေးတာ ​ရေးရင်း ​ရေးရင်း ​နောက်​တစ်​​ခေါက်​စာကျန်​သွားတယ်​ ဟီး

ရသ တစ်​မျိုးပြီး တစ်​မျိုး ​ပေးနိုင်​လွန်းတယ်​ သူမရယ်​ ... 

နှစ်​ပါတ်​​လောက်​​ပျောက်​ပြီးမှ ပြန်​​ပေါ်လာတ​နော့

ဟုတ်​တယ်​ မလာလို့ ​မျှော်​ရတဲ့ ရသလည်း ​ပေးနိုင်​သူ

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63316.74
ETH 2581.53
USDT 1.00
SBD 2.79