ပျင်းပါစေ

in #artzone7 years ago

image

ပျင်းပါစေ

 ဘဝကိုယ်နှိုက်က အပြုသဘောဆောင်တဲ့ စွမ်းအား ဖြစ်တဲ့အတွက် ဘဝထဲမှာ ပုံမှန် ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတိုင်းဟာ ပျော်ရွှင်ကြည်နူးမှု တစ်စုံတစ်ရာကို စွဲကိုင်လာပါတယ်။ 
  ပျင်းတယ် ဆိုတာ ဘဝထဲမှာ ပုံမှန်ဖြစ်လေ့ဖြစ်ထ ရှိတဲ့ အရာဖြစ်လို့ သူလည်းပဲ ပျော်ရွှင်ကြည်နူးမှု တစ်စုံတစ်ရာကို စွဲကိုင်လာပါတယ်။
  ဒါပေမယ့် လူတွေဟာ ပျင်းမှာကို သိပ်ကြောက်ကြတယ်။ ပျင်းမှာကို သေလောက်အောင် ကြောက်တော့ မပျင်းခင်က ကြိုကြိုတင်တင် အပျင်းဖြေနှင့်နေတယ်။ အပျင်းပြေဖို့ ကြိုးစားရင်း ကလေးဘဝက မတက်လာတော့ဘူး။ ဘယ်တော့မှ လူကြီးဖြစ်မလာတော့ဘူး။ ဘဝတစ်ခုလုံးဟာလည်း ပျင်းမှာ ကြောက်တာရယ် အပျင်းဖြေနေရတာရယ်နဲ့ လုံးချာလိုက်ရင်း ကုန်သွားရတာပဲ။   

   ပျင်းရိနေတာကို ပျော်ရွှင်မှုဖြစ်အောင် ဘယ်လို ပြောင်းလဲပစ်ရမယ်ဆိုတာ မသိရင် ကြည်လင်ရွှန်းပတဲ့ စိတ်တစ်ခု ပိုင်ဆိုင်ရေးအတွက် မိမိကိုယ်မိမိ မြုပ်နှံထားတဲ့ ဘဝတစ်ခုဟာ ဘာမှ အသုံးကျတော့မှာ မဟုတ်တော့ဘူး။

     ပျင်းရိနေတဲ့အခါ ပျင်းရိနေတာကို စိတ်ရှည်ရှည်နဲ့ ဒီအတိုင်းထားကြည့်ပါ။ အပျင်းပြေအောင် ဘာမှ မလုပ်ပဲနဲ့ ပျင်းနေတဲ့စိတ်ကိုပဲ ဒီအတိုင်းထိုင်ကြည့်ကြည့်ပါ။  ပျင်းတယ်ဆိုတာဘာလဲ ၊ သူ့nature က ဘယ်လိုလဲ၊ ပျင်းတဲ့စိတ်က ဘယ်လိုစိတ်လဲ ၊ လူတစ်ယောက်မှာ ပျင်းတဲ့စိတ်ဖြစ်လာရင် ဘာတွေတွေးမိလဲ။

ကိုယ့်စိတ်ကို ကိုယ်ပြန်စိတ်ဝင်စားပြီး သတိနဲ့စောင့်ကြည့်ကြည့်ပါ။

image

    ပျင်းတာရဲ့သဘာဝကို သတိနဲ့ကြည့်ရင်းကြည့်ရင်း တစ်ချိန်မှာ ဗြုန်းဆို ပျင်းတာကြီး မရှိတော့ဘူး။  ပျင်းတဲ့စိတ်ကို သတိနဲ့အမိဖမ်းနိုင်လို့ ကိုယ့်ကိုယ်ကိုယ် ကျေနပ်တယ် အားရတယ်။ စွမ်းအားပြည့်နေတယ်လို့ ခံစားရတယ်။  တငြိမ့်ငြိမ့်နဲ့ ကိုယ့်power ကို ကိုယ်ပြန်ခံစားရတာ အရသာကို ရှိနေတာပဲ။ ပျင်းတဲ့စိတ်ကိုကြည့်ရင်း စိတ်က ပျော်ရွှင်ကြည်နူးလာတယ်။ 
    ပျင်းတဲ့စိတ်ကိုယ်နှိုက်က အပြုသဘောဆောင်တဲ့ စွမ်းအား ဖြစ်တဲ့အတွက်  ပျော်ရွှင်ကြည်နူးမှု တစ်စုံတစ်ရာကို စွဲကိုင်လာပါတယ် ဆိုတာ ကိုယ်တွေ့သိတာနော်။ 

  ပျင်းတာကို မကြောက်ပါနဲ့။ ပျင်းတဲ့စိတ် ဖြစ်တိုင်း ဖြစ်တိုင်း အပျင်းပြေအောင် မလုပ်ပဲ နောက်ဆုတ်လက်ပိုက်ပြီး သူ့သဘာဝကို မြင်အောင်ကြည့်ပါ။
    ပျင်းတဲ့စိတ်ကို အပြုသဘောအနေနဲ့ မြင်ပါ။ ပျင်းရိနေတဲ့စိတ်သဘာဝကို မြင်အောင်ကြည့်ပါ။ ပျင်းရိနေတဲ့စိတ်ကို သတိနဲ့ကြည့်ရင်းကြည့်ရင်း စွမ်းအားတစ်မျိုး တိုးလာတာ ရင်ထဲမှာ ခေါင်းထဲမှာ တစ်ကိုယ်လုံးမှာ စကားလုံးနဲ့ ပြောပြလို့ မရလောက်အောင် ပီတိဖြစ်နေတာ ခံစားရတဲ့ထိ ကြည့်ပါ။

      ပျင်းရိနေတာကို စွမ်းအားနဲ့ ပျော်ရွှင်မှုဖြစ်အောင် ပြောင်းပစ်တယ်ဆိုတာ  ဥာဏ်အမြော်အမြင် လိုအပ်တဲ့ အတတ်ပညာတစ်ရပ် ဖြစ်ပါတယ်။ 
       ဒါဟာ ကလေးဆန်တဲ့သူတွေအတွက် မဟုတ်ပါဘူး။ လူကြီးဖြစ်မယ့်သူတွေအတွက်ပါ။

Htet Htet Htet Htun

photo : facebook

image