အမြတ်ဆုံး အလှူ (part-1)
အမြင့်မြတ်ဆုံးလို့ ကျွန်တော်တို့ မြန်မာတွေ သတ်မှတ်ထားတာတွေ ရှိပါတယ်။
ဘုရား မှာ စိန်
ကျောင်း မှာ သိမ်
အလှူ မှာဆို ကထိန် တဲ့....။
သတင်းကျွတ်လပြည့်ကျော်လို့ မီးထွန်းပွဲ အပြီးမှာတော့ ကျွန်တော်တို့ နှစ်စဉ်ကျင်းပပြုလုပ်မြဲ ဖြစ်တဲ့ ကထိန်ပွဲ အတွက် ရပ်ရွာမှာ စိုင်းပြင်းကြရပြန်ပါတယ်။
ကထိန်ပွဲကို သတင်းကျွတ် လပြည့်ကျော် ၁ ရက်နေ့က စလို့ တဆောင်မုန်း လပြည့်နေ့ တစ်လ အတွင်းမှာ ကျင်းပ ပြုလုပ် ရတာဖြစ်ပါတယ်။
ကျွန်တော်တို့ ဒီနှစ် ဘယ်ကျောင်းမှာ ကထိန်ခင်း တယ်လို့ အရပ်ထဲမှာ ပြောနေကြပေမယ့် တစ်ကယ်တမ်း ကထိန်ခင်းတာက ရဟန်းတော် များ ကသာ ကထိန်ခင်းကြခြင်း ဖြစ်ပါတယ်။
ရဟန်းတော်များ ကထိန်ခင်းနိုင်ဖို့ အတွက် ကုသိုလ်ရှင်များက ကထိန် သင်္ကန်း ကို လှူဒါန်း ကြရပါတယ်။
ကျွန်တော်တို့ ကထိန်ခင်းမည့် ရဟန်းဟာ ကျောင်းမှာ ဝါဆို ဝါကပ်ထားသော ရဟန်း တော်ဖြစ်ရပါမယ်။များသောအားဖြင့် ချို့တဲ့သော ရဟန်းတော် တို့ကိုသာ ကထိန်ခင်းရပါတယ်။ချို့တဲ့ သော ကိုယ်တော် ရဟန်း မရှိပါမှ ကျောင်းတွင်း ဝါ အကြီးဆုံး ရဟန်းတော် မှ လက်ခံရယူ ရတယ်လို့ သိရဖတ်ရမိပါတယ်။
ဒီလို ကထိန်ခင်း ခြင်း အတွက် အကျိုးကျေဇူးမှာ ကထိန်ခင်း သည့် ရဟန်း မှာ ဘုရားရှင် သတ်မှတ်ထားသော စည်းကမ်းများထဲမှ တစ်ချို့ ကို မလိုက်နာပဲ သတင်းကျွတ် လပြည့်ကျော် တစ်ရက်နေ့မှ တပေါင်း လပြည့်နေအထိ ၅ လတိုင်တိုင် ကင်းလွတ်ခွင့် ရတယ်လို့ သိရပါတယ်။
ကထိန်အလှူရှင်တို့ လည်း အကျိုးကျေးဇူး ၅ မျိုးရတယ်လို့ သိရပါတယ် ။
ရအပ်သော အကျိုးများမှာ
လင်္ကာ**ကထိန်ဒါန လှူကြသူမှာ ကျိုးငါးဖြာကား သွားလေရာဝယ် အန္တရာယ်ကင်း ၊
ပစ္စည်းရင်းမှာ မီးပြင်းမဖျက်၊ ဆိပ်မတက်ဘဲ ၊ မေ့လျက်ဥစ္စာ ၊ မဆုံးပါရ ၊
ပြိုင်ရှာကြသော်၊ ကိုယ်ကဦးစွာ အရသာသည် ငါးဖြာ ကထိန်လှူကျိုးတည်း ....ဟု မှတ်သားမိပါတယ်။
ကထိန်ခင်းဖို့ အတွက် ရပ်ရွာ လူကြီးတွေက တစ်အိမ်ကို ကထိန်ကြေး
ဘယ်လောက် ဆိုပြီး သတ်မှတ်ကာ ရွာထဲ လှည့်လည် ကောက်ခံ ကြရပါတယ်။
ရွာ ကထိန်ဆိုပေမယ့် စည်စည်ကားကားလေးဖြစ်အောင် ရွာသူ ရွာသားများက ကြိုးစားဆောင်ရွက်ကြပါတယ်။ ကထိန်တွင် ကိုယ့်အစုအဖွဲ့နှင့် ကိုယ် စုပေါင်းကာ ပါဝင်ဆင်နွဲကြပါတယ်။ ကျေးရွာ စာသင်ကျောင်းမှလည်း ကျောင်းသူ ကျောင်းသားများ စုပေါင်းကာ ကထိန် ခင်း ရာမှာ ပါဝင်ကြပါတယ်။ နယ်လှည့် ဈေးသည်များ အဖွဲ့ ကလည်း စုပေါင်း ပဒေသာပင် ဆိုပြီး ကထိန်ခင်း ရာမှာ ပါဝင်ကြပြန်ပါတယ်။ ရွာထဲရှိ ကာလသား များနှင့် အမျိုး သမီးများဟာ ကထိန်ရက်မတိုင်ခင်ကတည်းက ကထိန်ခင်းမည့် ပဒေသာပင် ပစ္စည်း များကို စင်တွင် နေရာတစ်ကျ ချိတ်ဆွဲ ခင်းကျင်းကြရပါတယ်။
ကပ်လှူ ပူဇော်ရမည့် အလှူငွေများကိုလည်း အပ်ချည်ကြိုး များဖြင့် သီကာ စင်တွင်ချိတ်ဆွဲကြရပါတယ်။
မကြာခင်မှာ ဗုဒ္ဓ ဘာသာဝင်တို့ ၏ အမွန်မြတ်ဆုံးသော ကထိန်ပွဲကို ဆင်နွဲကြတော့မှာဖြစ်ပါတယ်။
ကထိန်တွင် ပါဝင် ကပြကြဖို့ အတွက် ကာလသားများက ဦးရွှေရိုး နဲ့ ဒေါ်မိုး အက ကိုလေ့ကျင့်နေသံ ကို ကြားနေရပါတယ်။ ပြီးတော့ လူကြီးများက ကထိန်တွင် လာရောက်ကြမည့် ဧည့် ပရိတ်သတ် များအတွက် ထမင်း နှင့် ဟင်းများ ချက်ပြုတ်ရန် တိုင်ပင် ဆွေးနွေး နေကြပါသည်။ ကထိန်ပွဲ ကြီး ကျင်းပတော့မည်။ မကြာမီ မြန်မာတို့ရဲ့ အမြင့် မြတ်ဆုံးသော အလှူပွဲ ဖြစ်တဲ့ ကထိန်ပွဲကြီး ကျင်းပတော့မှာ ဖြစ်ပါတယ်။
ဟုတ်ကဲ့ ကထိန်ပွဲ အခင်း အကျင်းနှင့် ဆင်နွဲ ပုံတို့ကို နောက်နေ့တွင် ဆက်လက်ပြောပြပေးသွားပါ့မယ် ခင်ဗျာ။
@lwanwai
Photo.FB & ME
နာရေးမို့စိတ်ကူးနေတာ ဦးသွားပီ လူဇိုးးး
ဟီးးး
ငယ်ငယ်ကကထိန်ကားလေးနောက်လိုက်ရရင်ပျော်လို့
ပျော်စရာ ကောင်းတယ် အကိုရေ
များများလှူနိုင်ပါစေ
ပေးသောဆုနှင့်ပြည့်ပါရစေ ဗျာ
ချစ်စရာ မြန်မာ့ယဉ်ကျေးမှုလေးတွေ....nice...
ဟုတ်တယ် အကို ချစ်စရာ ယဉ်ကျေးမှုလေးတွေပါ
မြန်မာတို့ရဲ့ ချစ်စရာဓလေ့စရိုက်တွေနဲ့ မြတ်သောအလှူဒါနတွေပါ။
ဟုတ်ပါတယ်ဗျာ ချစ်စရာ ဓလေ့ လေးတွေပါ
အလှူအတန်းအားလုံး မြတ်ပါပေတယ်
ဟုတ်ပါတယ်ဗျာ
Good Post!
Thanks bro.
မြန်မာလူမျိုးတွေရဲ့ မွန်မြတ်တဲ့အလှူပါ
ချစ်စရာ ဓလေ့လေးပါ အကိုရေ
ဖတ်လို့ကောင်းတယ်
ကျေးဇူးပါဗျာ.
ဂွတ်ပို့စ်
👍👍👍👍
ဟုတ် ကျေးဇူးပါ