တောသား မြို့ရောက် အတွေးစလေးများ - 2
တောသား မြို့ရောက် အတွေးစလေးများ - 2
မနေ့က အဆက်ကလေး ဆက်ပြောကြအုံးစို့ ခင်ဗျာ။
အရင်က ပြောခဲ့တဲ့ ဘကြီးကတော့ မတူညီတဲ့ အခြေအနေကို သွားပြီး ယှဉ်မိလို့ ကိုယ့်အိမ်ကို မီးရို့ လိုက်ရပြီ။
အဓိက ကတော့ ကိုယ့်အရပ်နဲ့ ကိုယ့်ဇတ် အဆင်ပြေအောင်နေကြရမှာပဲလေ။
ကိုယ့်မိတ်ဆွေ တို့ကရော ကိုယ့်ထက် အစစအရာရာ သာလွန်နေတဲ့ နေရာတစ်ခုကို မပိုင်ဆိုင်ချင်ကြဘူးလား မရချင်ကြဘူးလား ပိုမိုကောင်းမွန်တဲ့ ဘဝ နေရာ သစ်တစ်ခုကို ရချင်ကြမယ်လို့တော့ ကျွန်တော်ထင်ပါတယ်လေ😊😊။
အရင်က ပြောခဲ့တဲ့ ဘကြီးကတော့ လိုချင် ဖြစ်ချင်မူတွေ များပြီး ကိုယ့်စိတ်ကို မနိင်ပဲ ဖြစ်သွားရတာလေ။
သူသာ ကိုယ့်စိတ်ကို ထိန်းနိင်ခဲ့မယ်ဆို ဒီလို အဖြစ်မျိုး ဖြစ်စရာကို အကြောင်းမရှိဘူး။
ဒါတွေဟာ မိမိတို့ ရဲ့ မပြည့်စုံမူတွေကြောင့် လိုချင်တဲ့ စိတ်တွေ ဖြစ်သွားရတာပါ။
နောက်ထပ်ပြော စကား တစ်ခုရှိသေးတယ် ။
သေလို့ နောက်ဘဝ လူပြန်ဝင်စားခဲ့ရင်တောင် မြို့ပေါ်က
အကြော်သည်မ ရဲ့ သားဖြစ်ဖြစ် ပြန်ပြီး လူဖြစ်ချင်ပါ သတဲ့။
ဘာလို့လဲဆိုတော့ နောက်ဆုံးအဆင့် မနက်မိုးလင်းတာနဲ့ အကြော် တော့ စားရတော့မယ်လေ။
တောမှာဆို မနက်မိုးမလင်းခင်ထ ထမင်းကြမ်းခဲ ကိုက်ပြီး နွားတရှဉ်း နဲ့ လယ်ထဲ ဆင်းရပြီလေ။
ဘဝတွေ က ကြမ်းကြတာကိုးဗျ😔
အော် ခုတော့ အရင်ကလောက် သိပ်ပြီး မဆင်းရဲကြတော့ပါဘူး 😔😔။
ကဲ အမောပြေ ရေနွေးကြမ်း တစ်ခွက်လောက် သောက်ပါအုံးလားဗျာ ။
Msc 045
@lwanwai
Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq