မြန်မာကျပ်ငွေ ဘာကြောင့် ကျဆင်းရသလည်း?
မြန်မာကျပ်ငွေ ဘာကြောင့် ကျဆင်းရသလည်း?
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
အခုတလောပိုင်း ဒေါ်လာ-ကျပ်ငွေဖလှယ်နှူန်း ၁၄၀၀
ကျော်သွားခဲ့ပြီးနောက် မြန်မာ့ငွေကြေးစနစ်နှင့် ဗဟို
ဘဏ် ပေါ်လစီတို့ကို့ လူအများက စိတ်ဝင်စားမှူ့ 
ယခင်ကထက် ပိုများလာကြသည်။ ဒီလ ၃၁ရက်နေ့
မှာ ဗဟိုဘဏ် ဥက္ကဌ အပြောင်းအလဲ ရှိနေတာရယ်၊
ဝန်ကြီးဌာနများကို မိမိတို့ဌာန အသီးသီးအလိုက်
နိုင်ငံခြား ငွေ ရှာသုံးရမည်ဟူသော အစိုးရ ပေါ်လစီ
စသည်တို့ကြောင့် ဈေးကစားသူများ၏ ဈေးကစား
မှူ့ သည်ဒေါ်လာ တန်ဖိုးတက်ပြီးမြန်မာကျပ်ငွေ
တန်ဖိုးကျဆင်းရခြင်းက တကြောင်း၊ ကမ္ဘာ ၌ ဒေါ်လာ
တန်ဖိုးတက်ခြင်းကြောင့် မြန်မာကျပ် တန်ဖိုး ကျဆင်း
ရခြင်း စသည်တိုအပြင် တခြားသော ငြင်းခုံစရာ အထွေ
ထွေ ၊ ကိစ္စများတို့အလယ် လူထု၏ အာရုံစိုက်မှူ့ တိုးလာ
ခဲ့သည်ဟုဆိုရမည်။တချို့ကလည်း စိုးရိမ်စိတ်ကြောင့်
လာမေးကြသလို၊ တချို့ကလည်းဘာကြောင့်အတက်၊
အကျ ဖြစ်စေရလည်းဟူသော ကွင်းဆက်၊ ဆက်နွှယ်ပုံ
များကို သိလိုကြ၍ မေးမြန်းလာကြသည်။ မေးသည့်အထဲ၌ လက်ရှိForex trading လုပ်နေသူများတောင်
ပါနေကြသည်။ နိုင်ငံခြားငွေကြေးအတွဲများကြတော့ အတက်၊အကျ ကိုယ်တိုင်ကိုယ်ကျ ခနိ့မှနိးသုံးသပ်ကြ
ပြီး အရောင်းအဝယ်လုပ်သူများက ဒေါ်လာ-ကျပ်အတွဲ
ကြတော့ ခြေရာ မခံတတ်ကြလို့ မေးကြခြင်းဖြစ်ပါသည်တဲ့။ ကဲရှိစေတော့။ သိသလောက်တော့ ဖြေကြားအံ့။
ကမ္ဘာ ပေါ်တွင် နိုင်ငံခြားငွေလဲလှယ်ရေးစနစ်နင့်ပတ်သက်ပြီး စနစ် (၃)မျိုး ထွနိးကားနေပါသည်။၎င်းတို့မှာ...
(၁)အချုပ်အချယ်မရှိ လွတ်လပ်သော နိုင်ငံခြားငွေ
လဲလှယ်ရေးစနစ်။ ဤစနစ်ကတော့ ဈေးကွက်ရောင်း
လိုအား၊၀ယ်လိုအားအတိုင်း ပေါက်ဈေးကိုမျှော
ထားသည့် အရှင်မျှော ထားစနစ်(free float system)ကိုဆိုလိုသည်။
(၂)နိုင်ငံခြားငွေလဲလှယ်ရေးကို အစိုးရ က လုံးဝဥဿုံ
ကွပ်ကဲချုပ်ကိုင်ထားသောစနစ် ။ ၎င်းစနစ်၌ လဲလှယ်ရေး
နှူန်းကို အစိုးရက ပုံသေထားသတ်မှတ်ပြီး၊ fixed exchange rate system ဟုခေါ်သည်။
(၃)ဤစနစ်သည်ကတော့ အထက်က (၁) နှင့် (၂)စနစ်
နှစ်မျိုးလုံးကို ပေါင်းစပ်ထားသည့် ကပြားစနစ် ဖြစ်သည်။
လက်ရှိတရုတ်နိုင်ငံကျင့်သုံးသည့် စနစ်သည် နံပါတ်(၃)
ကပြားစနစ် ပင်ဖြစ်သည်။ ၁၉၉၃ခုနှစ်မတိုင်မီက တရုတ်
နိုင်ငံခြားငွေလဲလှယ်ရေးစနစ်သည် (၃)မျိုးရှိလေသည်။
(က)တရုတ်ဗဟိုဘဏ်က တရားဝင်ပုံသေ သတ်မှတ်
ထားသောနှူနိး၊ (ခ)ငွေဖလှယ်ရေးဌာန(Swap centres)များတို့တွင် ပေါက်သောဈေးနှူနိး။
၎င်းဌာနတို့သည်လညိး ပုဂ္ဂလိက တို့ထက် အစိုးရအာ
ဏာပိုင်များကသာ အုပ်စိုးကြီးစိုးထားခြင်းဖြစ်လေ
သည်။သဘောကတော့ အစိုးရ သတ်မှတ်ဈေးနူန်း
နှင့်သိပ်မခြားပေ။(ဂ)ပြင်ပဈေးကွက် မှောင်ခိုနှူနိး
ဖြစ်သည်။စနစ်တိုင်းမှာ ထိနိးချုပ်ကွပ်ကဲမှူ့ တို့က
တင်းကြပ်လွန်းနေသည့်အတွက် ပြည်တွင်း၊ပြည်ပ
လုပ်ငနိးရှင် အသီးသီးတို့က ဝေဖန်သံတွေ ထွက်
လာသောအခါတွင် ၁၉၉၃ခုနှစ်၊ ဒီဇင်ဘာကုန်
၌ ၎င်းစနစ် (၃)မျိုးလုံးကို တစ်ပေါင်းတစ်စည်းတည်း
ပေါင်းစည်းလိုက်ပြီဖြစ်ကြောင်းနှင့် တရားဝင် ပုံသေ
နှူန်းကို ဖျက်ပြီး အရှင်ထားငွေလဲလှယ်ရေးစနစ်ကို
ကျင့်သုံးတော့မည်ဖြစ်ကြောင်းတရားဝင်ကြေညာ
ခဲ့လေသည်။
တရုတ် က အဲဒိလို ကြေညာခဲ့ပေမယ့် အခုချိန်အထိ
နိုင်ငံခြားငွေ လဲလှယ်ရေးစနစ် ကို သွယ်ဝိုက်သော
နည်းဖြင့်ထိန်းချုပ်ထားသည်။ ကမ္ဘာ့ ပညာရှင်အများ
စုတို့ကတော့ တရုတ်၏ စနစ်ကို ထိန်းချုပ်ခံ အရှင်
မျှော စနစ်(managed float)ဟု သတ်မှတ်ခေါ်
ဆိုကြသည်။တရုတ်သည် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှူ့ 
ကို ဆွဲဆောင်သည့် အနေဖြင့် ငွေလဲနှူန်းကို အပြင်
ပေါက်ဈေး နှင့် ချိန်ညှိပေးခြင်းနှင့် ငွေတန်ဖိုးချခြင်း
(devaluation)တို့ကို မကြာခဏဆိုသလို လုပ်
ဆောင်လေ့ရှိလေသည်။
ငွေကြေးတန်ဖိုးအတင်၊အချ လုပ်ခြင်း၌ သတိပြုရန်
အချက်နှစ်ချက် ရှိလေသည်။ ၎င်းတို့ကတော(၁)့ နိုင်ငံ
ခြား ကုန်သွယ်မှူ့ ရှင်းတမ်းတွင် ပေါ်သော လက်ငင်း
စာရင်း(current account)နှင့်(၂)နိုင်ငံခြားရန်ပုံ
ငွေစီးဆင်းမှူ့ (flow of foreign fund)တို့ပင်
ဖြစ်ပါသည်။ ကုန်သွယိမှူ့ ရှင်းတမိး၌ ပိုငွေပြခြင်း၊
လိုငွေပြခြင်း အခြေအနေသည် ငွေတန်ဖိုးကို သက်
ရောက်မှူ့ ရှိစေနိုင်သည်။ လိုငွေပြခြင်းမှာ နိုင်ငံခြား
သို့တင်ပို့သော ကုန်တန်ဖိုး သည် အမိနိုင်ငံ သို့ တင်
သွင်းသည့် သွင်းကုန်တန်ဖိုးထက် နည်းနေခြင်းပင်
ဖြစ်သည်။ပိုငွေ ပြမှူ့ က အထက် နှင့် ပြောင်းပြန်ဖြစ်
လေသည်။
တရုတ်နိုင်ငံက ပြည်ပပို့်ကုန်တန်ဖိုးသည် ပြည်တွင်းသွင်း
ကုန်တန်ဖိုးထက် များပြားနေသည်။ သဘောကတော့နိုင်ငံခြားငွေ အရများသည့်သဘော ဖြစ်သည်။ထို
အခါ၌ ယွမ်ငွေတန်ဖိုးကို ချ၍ ထားပါက ပိုပြီး
အကျိုးဖြစ်နိုင်ပြီး၊ နိုင်ငံခြားရင်းနှီး မြှု ပ်နှံမှူ့ များကို
လည်းဆွဲဆောင်ရာ၌လည်း အကျိုးဖြစ်စေသည်။
မြန်မာနိုင်ငံလိုဟာမျိုးကြတော့ ကုန်သွယ်မှူ့ ရှင်း
တမ်းတွင် လိုငွေ ပြမှူ့ ကတောက်လျှောက်
ရှိနေသောကြောင့် ငွေတန်ဖိုးချခြင်း(devaluation)
သည် အခန့်မသင့်ပါက နားကားသွားနိုင်ချေရှိသည်။
နိုင်ငံခြားငွေ စီးဆင်းမှူ့ ။ ။
နိုင်ငံခြားမှ ငွေစီးဆင်းမှူ့ အနေအထားကြောင့် အမိနိုင်ငံ
ငွေကြေးဖလှယ်နှူနိးကို အပြောင်းအလဲ ဖြစ်စေနိုင်ပါသည်။နိုင်ငံခြားငွေစီးဆင်းမှူ့ ဆိုရာ၌ အမျိုးမျိုးရှိလေသည်။
(၁)ပို့ကုန် မှရငွေ(တရားဝင်လည်းဖြစ်နိုင်သည်။တရားမ
ဝင်လည်းဖြစ်နိုင်သည်)။
(၂)နယ်စပ်ကုန်သွယ်ရေးမှဖြတ်၍ ၀င်လာသောငွေ(တရားဝင်လည်းဖြစ်နိုင်။ တရားမ၀င်လည်းဖြစ်နိုင်)၊
(၃)နိုင်ငံခြားသားများက ယူလာသောငွေ၊သုံးစွဲသောငွေ၊
(၄)နိုင်ငံခြားသံရုံးများမှ သုံးငွေ၊
(၅)နိုင်ငံခြား ရင်းနှီးမြှုပိနှံသူများက သယ်လာသောငွေ၊
သုံးစွဲသောငွေ၊
(၆)ပြည်ပ အလုပ်လုပ်သူများက အမိပြည်သို့ တင်ပို့သောငွေ၊
(၇)ပြည်တွင်းနှင့်ပြည်ပ ဘဏ်အချင်းချင်းလွှဲပြောင်းပေး
သောငွေ၊
(၈)နိုင်ငံခြားမှ အကူအညီ ၊ထောက်ပံ့ငွေ၊
(၉)တခြားနည်းလမ်းဖြင့် ၀င်လာသောငွေ၊
အထက်ပါငွေစီးဆင်းမှူ့ သည် နိုင်ငံခြားငွေ
ရောင်းလိုအားပင်ဖြစ်သည်။
နိုင်ငံခြားငွေ ရောက်ရှိပုံ။ ။
နိုင်ငံခြားမှ ရောက်လာသောငွေများသည် အဓိကအားဖြင့်.....
(၁)ငွေကြေးအာဏာပိုင်၊
(၂)ဘဏ်တိုက်များ၊
(၃)ပုဂ္ဂလိက လက်၊
(၄)ပြင်ပ မှောင်ခိုဈေးကွက် တို့ကြား၌ ပျံ့ နှ့ံ ရောက်ရှိ
လျက်ရှိပါသည်။
နိုင်ငံခြားငွေ ရောင်းလိုအားဇာစ်မြစ်ကို ဖော်ပြပြီးနောက်
ဝ.ယ်လိုအားဘက်ကို ကြည့်ကြစို့။
ယေဘုယျ အားဖြင့် ဖော်ပြထားခြင်းဖြစ်သည်။ အတိအကျ သဘော မရှိနိုင်ပါ။
(၁)သွင်းကုန်အတွက် လိုသော ဒေါ်လာ(သို့)နိုင်ငံခြား
ငွေ၊
(၂)၀န်ဆောင်မှူ့ နင့် ကျွမ်းကျင်မှူ့ တိုအတွက်ပေးရသော
ဒေါ်လာ၊
(၃)ဆောက်လုပ်ခများ၊ပစ္စည်းစရိတ်များတို့အတွက်ပေး
ရသော ဒေါ်လာ၊
(၄)ပြည်ပ ကြွေးမြီဆပိရန်ပေးရသော ဒေါ်လာ၊
(၅)ဒေါ်လာဖြင့် ပေးရသော ပစ္စည်းနင့် ၀န်ဆောင်မှူ့ 
အတွက်ပေးရသော ဒေါ်လာ၊
(၆)အခွန်ဆောင်ရန်ပေးရသော ဒေါ်လာ၊
(၇)ငွေကြေးဈေးကွက် ၌ ကစားရန်အတွက် ပေးရသော
ဒေါ်လာ၊
(၈)အိမ်ငှါးရန်နှင့် တည်းခိုရန် အတွက်ပေးရသော
ဒေါ်လာ၊
(၉)ဖုန်းဝယ်ရန်၊ ကွန်ပျူတာဝယ်ရန်၊ ကားဝယ်ရန်အတွက်ပေးရသော ဒေါ်လာ ၊
(၁၀)နိုင်ငံခြားအဖွဲ့ အစည်းများအား ပေးရသော ဒေါ်လာ
အထက်ပါတို့်မှာ ဒေါ်လာဝယ်လိုအား ဖြစ်ပေါ်စေရန်
အကြောင်းကိစ္စ အနည်းငယ်သာဖြစ်ပါသည်။
ထို့ကြောင့်ဒေါ်လာ -ကျပ် ပေါက်ဈေးသည် မြနိမာငွေကြေးဖလှယ်ရေး စနစ် အပေါ်၌ မူတည်နေပြီး
သီအိုရီ သဘောအရတော့ ၀ယ်လိုအားနှင့်ရောင်းလိုအား
ညှီမျှသည့် ပွိုင့်တွင် ပေါက်ဈေးနှူနိးသည် ထွက်လာမည်
ဖြစ်ပါကြောင်းမျှဝေပေးလိုက်ရပါသည်။
Author-Ko Nay Nay
Thank you