စည်သူမင်းကြီးတည်ခဲ့တဲ့ ရှေးဟောင်း သနဲ့ဆက်ထား
ာလေးကျော်ရင် မျော်ရစ်တောင်လေးတတ် တောင်ရဲ့ တဘက်ခြမ်းရောက်ရင် မျော်ရစ်ဘုရားကို ဖူးမျော်နိုင်ပါပီ။ ဘုရားက အလောင်းစည်သူမင်းကြီးတည်ခဲ့တဲ့ ရှေးဟောင်း သမိုင်းဝင်ဘုရားတစ်ဆူပါ။ မျော်ရစ်ဘုရားနဲ့ ကျွန်းမကြီးနဲ့ဆက်ထားတဲ့ တံတားလေးအောက်ကိုဆင်းပြီး ကျောက်ဆောင်တွေနဲ့ ဓါတ်ပုံအလှရိုက် ပင်ဘယ်ပြာပြာကြီးကို အဝရှုစား။
မျော်ရစ်ကအပြန် မောင်းမကန်ကို မိနစ်၃၀လောက် ပြန်မောင်းလိုက်ရင် မောင်းမကန်ကမ်းခြေကိုရောက်ပါပီ။ တဂယ့် long beach ပါ။ ရေဆော့လို့အရမ်းကောင်းတဲ့ သန့်ရှင်းပြီး မပျက်စီးသေးတဲ့ ကမ်းခြေတစ်ခုပါ။ ဟော်တယ်နည်းပါတယ်။ ကမ်းခြေတစ်လျောက် ပင်လယ် ကဗွီးပင်တန်းကြီးတွေနဲ့ စားသောက်ဆိုင်တွေ စီရီနေတာလေးရယ် တံငါလှေလေးတွေက ရောင်စုံအလံလေးတွေတလူလူနဲ့ ရပ်ထားတာရယ် ကမ်းခြေအလှကို ပြောင်မြောက်စေတယ်။ အနောက်မျက်နှာမူကမ်းခြေထုံးစံအတိုင်း sunset အရမ်းလှတယ်။ နေအဝင်မှာ ၆ပေလောက်ရှိတဲ့ လှိုင်းလုံးကြီးတွေနဲ့ တော်တော် ရှုခင်းကောင်းပါတယ်။ မောင်းမကန်မှာ ပင်လယ်စာတွေ တဝကြီးစားလို့ရတယ်ဗျ။ ရှပ်သုပ်၊ ခရုအုံးသုပ်၊ ဂဏန်း၊ ပုဇွန်၊ ငါးပါးနီ အကုန်ရတယ်၊ ငါးမန်းရေခွံသုပ်။ အဲ့ညကတော့ တည်းခိုခန်းယူထားပြီးသားဖြစ်နေတာကြောင့် ထားဝယ်မြို့ကို ပြန်အိပ်လိုက်တယ်။
Congratulations @magyi! You have completed the following achievement on Steemit and have been rewarded with new badge(s) :
You published your First Post
You got a First Vote
Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word
STOP
To support your work, I also upvoted your post!
Do not miss the last post from @steemitboard:
SteemitBoard World Cup Contest - The results, the winners and the prizes
Congratulations @magyi! You received a personal award!
You can view your badges on your Steem Board and compare to others on the Steem Ranking
Vote for @Steemitboard as a witness to get one more award and increased upvotes!