ပြောတတ်ဘို့ အရေးကြီးတယ်
ချစ်လှစွာသော steemit ညီအစ်ကိုများ မင်္ဂလာပါ။ အကြောင်းအရာတစ်ခုကို ပြောဆိုခြင်း ရေးသားခြင်း ပြုလုပ်တဲ့ နေရာမှာ အချိန်သင့် အခါသင့် ပြောဆိုဘို့ လိုသလို ပြောပုံမှန်ဘို့လည်း လိုပါတယ်။ မှန်တာကိုပြောတာ၊ အကျိုးရှိစေတာကို ပြောတာမှန်ပေမယ့် ကိုယ်ပြောတာ အခြားသူ နှစ်သက်ဘို့ လိုတယ်။ ပြောပုံပြောနည်းကလည်း အရေးကြီးတဲ့ အချက်တစ်ခုပါ။တစ်ချို့ ပညာရှင်တွေ ပညာတတ်တွေ လူ့အဖွဲ့အစည်းမှာ ဘေးရောက်နေတယ်ဆိုတာ လူလူချင်းပြေလည်အောင် မဆက်ဆံတတ် မပြောတတ် မတင်ပြတတ်လို့ပါ။ ငါတို့ က မှန်တာကိုဘဲ ပြောတတ်တယ် ၊လိုရင်းကို ဒဲ့ဘဲပြောတတ်တယ်၊ ဘွင်းဘွင်းရှင်းရှင်းဘဲ ပြောတတ်တယ် ၊စသဖြင့် ပြောဆိုသံတွေဟာ အမှတ်တမဲ့နားထောင်ရင် မှန်သလိုပါဘဲ။ ဒါပေမယ့် အများနဲ့သဟဇာတ မဖြစ်တာကို လိုက်စဉ်းစားကြည့်ရင် လိုအပ်ချက်တွေများနေတာ တွေ့ရပါတယ်။
လူဆိုတဲ့ သဘောက မှန်တာတွေ မမှန်တာတွေ သိပ်စိတ်မဝင်စားဘူး၊နားထောင်ရင် သူ နားထဲ နားဝင်ချိုတာကိုဘဲ ပိုစိတ်ဝင်စားတယ်။သူနှစ်သက်တာကိုဘဲ နားထောင်ချင်တယ်၊ ပြောတဲ့အကြောင်းအရာထက် ပြောဆိုတဲ့အထဲမှာ မနှစ်သက်တဲ့သူပါရင် လက်မခံချင်တာ လူ့သဘာဝ။မှန်တာပြောတာဘဲ မင်းတို့ ကြိုက်ကြိုက် မကြိုက်ကြိုက်ဆိုရင် အစကတည်းက လာပြောမနေနဲ့ပေါ့။ ဆိုလိုချင်တာက အကြောင်းအရာတစ်ခု မှန်တယ်မှားတယ်က တစ်ပိုင်း ၊စကားပြာဆိုတဲ့အတက်ပညာက တစ်ပိုင်း ခွဲခြားမြင်စေချင်တာပါ။ ကိုယ်ပြောတဲ့စကားကို တစ်ဖက်သား လက်ခံလာအောင် ပြောနိုင်တာ အရည်အချင်းတစ်ခုပါ။မှန်လည်းမှန်တယ် ၊အကျိုးလည်းရှိတယ်ဆိုပြီး ပြောပေမယ့် ပြောဟန်လေးတော့ လိုတယ်။ တောင်တောကသာယာလိုက်တာကွာ ဆိုရင် မြောက်တောက ခြောက်သွေ့နေသလိုလို၊ ဒီထမင်းလေးစားလိုက်ပါဟယ် ခွေးကျွေးရမှာ နှမြောစရာကြီးတို့ ၊ဒီအကြံလေးဘယ်လိုသဘောရသလဲ ဒါပေမယ့် ဟိုအဖွဲ့ရဲ့အကြံကွ ၊ဦးသိန်တန်ကြီး ပြောတာသဘောမကျတိုင်း ဖြိုးမြတ်အောင်ကိုvote မပေးချင်တာ၊ အမေ့ကိုမကြည်တော့ သမီးကိုအပြစ်မြင်တာတွေ စသဖြင့် ဥပမာပြရရင် အများကြီးပါ။ ဘယ်လောက်ဘဲမှန်နေပါစေ ဘယ်လောက်ဘဲကောင်းနေပါစေ ၊ဘယ်လောက်ဘဲ ကြိုက်နေပါစေ မပြောတတ် မလုပ်တတ်ရင် အရာမထင်ပါဘူး။ လူသားတွေရဲ့သဘောသဘာဝကို လူသားတွေပိုသိသင့်ပါတယ်။ တစ်ဘက်သားစိတ်ခုအောင်လုပ်ပြီးမှ ပြောရင် ဘယ်လောက်ကောင်းကောင်း ၊ဘယ်လောက်မှန်မှန် နားဝင်အောင်ပြောဘို့ မလွယ်တော့ဘူး။ တစ်ချို့ ပညာရှင်တွေ ၊ပညာတတ်တွေ လူ့အဖွဲ့အစည်းရဲ့ ဘေးကို တဖြည်းဖြည်းရောက်သွားတယ်ဆိုတာ ထိုအချက်တွေကြောင့်။ စကားပြောဆိုတဲ့နေရာမှာ တစ်ဘက်လူဘက်တွေးပြီး ပြောဘို့လိုသလို ကိုယ့်စကားကိုလည်း ဂရုစိုက်သင့်တယ်။ ကိုယ်က အမှုမဲ့ အမှတ်မဲ့ အရေးမကြီးဘူးလို့ ထင်ပေမယ့် တစ်ခြားသူအတွက် အရေးကြီးနိုင်တယ်လေ။ ထိုထိုကိစ္စမျိုးတွေမှာ ကာယကံရှင်တွေထက် ဘေးလူက ကြည့်ရင် ပိုမြင်သာတယ်။
crd.org.source
ကိုယ့်သားသမီးဆုံးမရင်တောင် အခြေအနေ အချိန်အခါကို ကြည့်ရတယ်။ အငယ်နဲ့အကြီး နှိုင်းယှဉ်တာ၊အတင်းဆူငေါက်ပြောတာတွေဟာ ကိုယ့်ဘက်ကကြည့်ရင်မှန်တယ်ထင်ရပေမယ့် ဆုံးမတာဟာ အရာမရောက်ပါဘူး။ မှန်တယ်ဆိုပေမယ့် သားသမီးက လက်ခံချင်အောင် ပြောနိုင်မှ ပြောတတ်မှ တကယ်မှန်ကန်တဲ့ ဆိုဆုံးမမှု ဖြစ်စေမှာပါ။ ငါက မိဘဘဲ မှန်တာပြောတာဘဲ ကောင်းစေချင်လို့ ပြောတာဘဲဆိုပြီး ကိုယ်ပြောချင်သလိုပြောလို့မသင့်ပါဘူး။ မိဘတိုင်း သားသမီးကိုချစ်သလို ကောင်းစားစေချင်လို့ ပြောတာချည်ပါဘဲ။ ဒါပေမယ့် ဆုံးမတတ်ဘို့လိုသလို နားဝင်အောင် ပြောတတ်ဘို့ လိုတယ်။ မိဘနဲ့သားသမီး ဆက်ဆံရေး အဆင်မပြေဘူးဆိုတာ ထိုအချက်တွေ အများဆုံးပါဝင်ပါတယ်။လွဲနေတာတွေတည့်ဘို့ ၊လိုနေတာတွေ ဖြည့်ဘို့ဆိုတာ စိတ်ရှည်ရှည်ထားပြောမှပိုကောင်းတာ။ ကိုယ်က သိပေမယ့် သူ မသိသေးဘူးလေ။ အမှန်တရားကို သူ့ခေါင်းထဲ နေရာပေးချင်လာအောင် ကိုယ်က ချဉ်ကပ်တတ်ဘို့ အရေး ကြီးတယ်။ ဘယ်သူကတော့ စကားပြောကောင်းတယ် ၊သူက အထာနပ်တယ်ဆိုတာ တစ်ဘက်သားကို ဂရုစိုက်ပြီး အလေးထားဆက်ဆံတတ်လို့ ချီးကျူးခံရတာပါ။မိတ်ဆွေတို့လည်း စကားပြောဆိုရာမှာ အခြေအနေ အချိန်အခါ ကြည့်ပြီး တစ်ဘက်သားကိုဂရုစိုက်ပြောဆိုပါလို့ ပြောဆိုရင်း နိဂုံးချုပ်လိုက်ပါတယ်။
အားလုံးကို ကျေးဇူးအထူးတင်ပါတယ်။
MSC- 228
@mahaw
သားသမီးပျိုးထောင်ရတဲ့ အတက်ပညာက အရမ်းသိမ့်မွေ့ပြီး နက်နဲလွန်းပါတယ်
သူတို့နားဝင်အောင် ပြောရမှာပါ။ကျေးဇူးပါညီမ။
လူ့ဘဝမှာ အရေးကြီးဆုံးက ပေါင်းသင်းဆက်ဆံရေးနည်ပညာက
အခက်ခဲဆုံးဗျ
ဟုတ်ပါတယ် ဦးယု။
Congratulations @mahaw! You have completed the following achievement on Steemit and have been rewarded with new badge(s) :
Award for the number of comments received
Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word
STOP
Thank.
ဘို့ အစား ဖို့ ကို သုံးရင် ကောင်းမယ်ထင်ပါတယ်
ဟုတ် ပြော ပြပေးလို့ ကျေးဇူးပါ ကိုဟိန်း။
တစ်ယောက်နဲ့  တစ်ယောက် မှန်ကန်စွာ လက်တွဲနိုင်ဖို့ အခြေ အနေအချိန်အခါအရ
ပြောဆို ဆက်ဆံ လုပ်ဆောင်သွားဖို့ ကလည်း
ဒီနေ့ ခေတ်ရဲ့ Communication တစ်ခုပါပဲဗျာ
ကိုယ်အရေးဆိုတတ်မှလည်း ကိုယ် ဖြစ်စေချင်တာ ဖြစ်မှာပါ။
This post has received a 5.35 % upvote from @boomerang.
အပြောမတတ်တော့ ဆဲသလိုဖြစ် ဆိုသလိုတွေပေါ့ အစ်ကိုရာ။
ဟုတ်ပါတယ် ညီမ။
သင်ယူရအုံးမည် ဟုကဲ့
သိထားတော့ အကျိုး ဖြစ်စေတာပေါ့ ညီမ။ကျေးဇူးပါညီမ။
စကားပြောတာလည်းအတတ်ပညာတစ်ခုပါဘဲ...
ဟုတ်ပါတယ်ညီမ။ကျေးဇူးပါ။
နှုတ်ချို သျှိတစ်ပါးလို့ တောင် စာဆိုရှိခဲ့ပါတယ် စကားပြောတတ်ဖို့ အရေးကြိုမြင်လို့ ပေါ့
ဟုတ်ပါတယ် အရှင်ဘုရား။