Kill two birds with one stone.

in #myanmar7 years ago

FB_IMG_1524973561560.jpg

မင်္ဂလာပါ ချစ်မိတ်ဆွေအပေါင်းတို့။
အလုပ်တစ်ခုလုပ်ရင် တစ်ခုခုတော့ အကျိုးရှိသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အချိန်တွေ ပေးဆပ်ပြီး လုပ်နေရတဲ့အတွက်ကြောင့်ပါ။ အချိန်တွေအားလို့ အပျော်လုပ်တယ်ဆိုတာ ခဏဘဲကောင်းပါတယ်။ နောက်ပြီး ထိုအလုပ်ကို ရေရှည်လုပ်နိုင်တဲ့စွမ်းရည်လည်း ရရှိလာမှာမဟုတ်ပါဘူး။ စလုပ်ကတည်းက သူများလုပ်လို့ လိုက်လုပ်တယ် ၊ပေါ်ပင်မလို့ လုပ်ဖြစ်တယ်။ သူများတွေမလုပ်တော့ မလုပ်ချင်တော့ ။ ဈေးကလည်းကျ v cm ကလည်းမရှိတော့ ဆိုတော့ လက်ပြနှုတ်ဆက်တာ မဆန်းပါဘူး။ မဟော် ဘာကြောင့် ဆက်ရေးနေတာလည်း ၊steemit ကို ဘာကြောင့် ဆက်လုပ်နေတာလည်း မပြောခင် အခုတလော မဟော် ဘာကြောင့် Meditation အကြောင်းကို အပိုင်းဆက်ရေးနေတာလည်း ဆိုတာ အနည်းငယ် ရှင်းပြပါရစေ။

IMG_46502788356578.jpeg
crd.org.source

ကိုယ်ဖန်တီးလိုက်တဲ့ အရာကို ဖတ်မယ့်သူလည်းမရှိ၊အကျိုးအမြတ်အနေနဲ့လည်း အလွန်နည်းပါးနေတဲ့အချိန်မှာ ယခုလို daily စာရေးနိုင်ဘို့ daily postတင်နိုင်ဘို့ ဘယ်လိုစီမံထားမလဲ မိတ်ဆွေတို့ရေ။ မိမိကိုယ်ကို အားဆေးတော့ ကျွေးထားမှရတော့မယ်။ အကြောင်းအရာတစ်ခုနဲ့ ထက်သန်စိတ်ကို ပျိုးထောင်ထားမှရမယ်။ စာဖတ်သူတွေ မရှိသလောက် နည်းပါးနေပါစေ ကိုယ်ရေးထားတာဟာ အလဟဿ မဖြစ်ဘို့ ကြိုးစားရမယ့် အချိန်ရောက်နေပြီ။ ယခင်တုန်းက အရေးအသား မကောင်းလည်း အဖွဲ့အစည်းအင်အား၊ ဈေးစွမ်းအားတွေနဲ့ ငွေကြေးဆို့တဲ့ အကျိုးအမြတ်ရခဲ့ကြပါတယ်။ အခုက ထိုအတိုင်လျှောက်လှမ်းလို့ သိပ်အဆင်မပြေတော့ပါဘူး။ အားလုံးလဲကျနေတဲ့ အချိန်မှာ တစ်ခုခုကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်နိုင်မှ ဖြစ်မယ်။ ကိုယ့်ရဲ့ဖန်တီးမှု ၊လေ့လာမှုတွေကို record သဘောမျိုး မိမိကိုယ်ကို trainခြင်းဖြင့်ဘဲရှေ့ဆက်သွားရတော့မယ်။ စာဖတ်သူ နည်းခြင်း များခြင်းကြောင့် ကိုယ့်ရေးအားကို မပြောင်းလဲသင့်ပါဘူး။ အဖွဲ့အစည်းအင်အားနည်းလာတာနဲ့အမျှ စာဖတ်သူလည်းလျော့နည်းလာမှာပါ။ နောက်ဆုံး ရှိသလောက်နဲ့ဆက်သွားနိုင်ဘို့ မိမိကိုယ်ကို plan ဆွဲထားခြင်းပါ။ လိုင်းတစ်လိုင်းကို သေချာသတ်မှတ်ပြီး ထိုအရာ ကိုယ့်အတွက် အကျိုးရှိအောင် ၊ တိုးတက်အောင် လုပ်နေခြင်းဖြင့် steemitကို လုပ်ဆောင်ပြီးသားဖြစ်အောင် ကြိုးစားရမှာပါ။

2N61tyyncFaFVtpM8rCsJzDgecVMtkz4jpzBsszXjhqan9wbuBCV9X53xfQ85BAqouAuxR3AyaKEwNhegDk9dX6vgagmBv8rvnSQDNhU2roqCUwvKQhe18WwoArDyY8624i4LdL4cRTU.jpeg

crd.org.source

ဥပမာ မယွန်းကို စံနမှုနာထားပြီး ရှင်းပြပါ့မယ်။ သူ့ပညာ ၊သူ့ဖန်တီးမှုကို တစ်စိုက်မတ်မတ် လေ့လာ ကြိုးစား လုပ်ဆောင်နေခြင်းအားဖြင့် သူမရဲ့ ပညာစွမ်းရည်လည်း တိုးတက်သကဲ့သို့ steemitမှာလည်း ပုံမှန် လုပ်ဆောင်နေတယ်၊တိုးတက်နေတယ်။ ယခုဆို သူမရဲ့ဖန်တီးမှုတွေကို စာအုပ်ထုတ်ပြီး အခွင့်အလမ်းသစ်တွေရှာဖွေလို့ရနေပါပြီ။ အခုနောက်ပိုင်း တွေ့ရတဲ့လက်ရာတွေက အဆင့်အတန်းမြင့်လှပါတယ်။ ဒီအတိုင်းသွားရင် အလုပ်တစ်ခုတည်းနဲ့ အကျိုးနှစ်ခု ဖြစ်စေပါတယ်။ ကိုယ်ဝါသနာပါရာလည်း တိုးတက်စေသလို steemit မှာလည်း ဆက်လက်ရပ်တည်နိုင်စေတယ်။ စာဖတ်သူမရှိတောင် သူမအလုပ်ကို သူမဝါသနာရဲ့ တွန်းအားဖြင့် ရှေ့ဆက်နိုင်ပါတယ်။ ပုံမှန်ကြုံသလို စာရေးနေတာထက်စာရင် လေ့လာမှုတစ်ခုခုကို ဦးတည်ရေးသားတာက မပျက်ကွက်အောင် တွန်းအားဖြစ်စေမှာပါ။တစ်ခါ လာလည်း မဲပြာပုဆိုး ဆိုရင် ကိုယ့်ကိုယ်တိုင်တောင် ဖတ်ချင်စိတ်နည်းပါးလာမှာပါ။ လေ့လာတင်ပြခြင်းအားဖြင့် ကိုယ့်အရည်အသွေးလည်း တိုးတက်စေသလို အများလည်းအကျိုးရှိစေပါတယ်။ နည်းပညာအကြောင်းဖြစ်ဖြစ်၊ ဘာသာစကားတစ်ခုကို သင်ကြားမှုဘဲဖြစ်ဖြစ် တစ်စိုက်မတ်မတ် လေ့လာ တင်ပြသွားရင် နှစ်ဦးနှစ်ဘက် အကျိုးရှိစေပါတယ်။ ဒါဆိုရင် ဈေးကျလည်း postတင်ဖြစ်တယ်၊ လူနည်းလည်း postတင်ဖြစ်ပါတယ်။ အပိုင်းဆက်များလာလေ အရှိန်ကောင်းလာလေ ဖြစ်ပါမှာ ။ self study လည်းဖြစ်စေသလို တစ်ချက်ခုတ် နှစ်ချက်ပြတ် လည်းဖြစ်စေပါတယ်။

images (17).jpeg

crd.org.source

ကျွန်တော်ဟာ ဘာသာရေးစာပေတွေကို ဒီထက်ပိုလေ့လာချင်လို့ အပိုင်းဆက်အစီအစဉ်ကို ဆွဲလိုက်တာပါ။ Meditation postမှာ သမထပိုင်းရေးပြီးရင် ဝိပဿနာပိုင်း ဆက်လက်တင်ပြဆွေးနွေးနိုင်ဘို့ ကျွန်တော်လေ့လာမှရတော့မယ်လေ။ ကျွန်တော်လည်း လေ့လာပြီးသားဖြစ် ၊ကုသိုလ်လည်းရ ၊မိတ်ဆွေတို့လည်း အကျိုးဖြစ်ထွန်းတယ်ဆိုရင် သိပ်ကောင်းပေါ့ဗျာ။ steemitမှာလည်း ပုံမှန် postတင်ပြီးသားလည်း ဖြစ်စေပါတယ်။ ကိုယ့် blog မှာလည်းအမြဲရှိနေတဲ့အတွက် နောင်တစ်ချိန်မှာလည်း အကျိုးဖြစ်ထွန်းစေမှာပါ။ ရွေးချယ်မှုကတော့ ကိုယ်ဝါသနာပါရာ ရွေးချယ်လေ့လာတင်ပြပါ။ ဝတ္ထု ဆောင်းပါး ဖန်တီးတာဘဲဖြစ်ဖြစ် ကိုယ်လုပ်ချင်တာကို တစ်စိုက်မတ်မတ် ဖန်တီးနေဘို့ လိုပါတယ်။ ကြုံသလို postတင်နေမယ်ဆိုရင် တွန်းအားတွေ ထက်သန်စိတ်တွေဖြစ်ဘို့ အားနည်းစေမှာပါ။ ည သန်းခေါင်ကျော် စာထရေးဖြစ်ဘို့ တွန်အားကို ဖန်တီးထားမှရမယ်။ ကိုယ်ဝါသနာပါတာကို လေ့လာမှတ်သားပြီး စာတမ်းပြုစုသလို ရေးသားမှတ်တမ်းတင်တဲ့သဘောမျိုးနဲ့ သွားရမှာပါ။ လေ့လာပြီးသား ဖြစ်စေသလို ရေးသားပီးသားလည်း ဖြစ်စေပါတယ်။ ကျွန်တော်ကတော့ ဘဝမှာ အလုပ်သင့်ဆုံးအရာတစ်ခုအတွက် လေ့လာလိုက်ဦးမယ်။ သိသလိုလိုနဲ့ မသိတာတွေက များနေလို့ပါ။ သိထားရင် အချိန်မရွေးထလုပ်လို့ ရတာပေါ့ဗျာ။ မကြိုက်ရင် လောလေဆယ်တော့ သည်းခံပေးပါ၊ကျော်ချင်လည်းကျော်သွားလိုက်ပါ။ လောလောဆယ်က ကိုယ့်အားဆေးနဲ့ကို တွန်းအားလုပ်မှရမယ့်အခြေအနေဖြစ်နေလို့ပါ။ နားလည်ပေးပါဗျာ။ တစ်ခုတော့ ပြောပါရစေ။ ကျွန်တော့်postတွေဟာ အဖြစ်ရေးတာ တစ်postမှ မရှိစေရပါဘူး။ မိတ်ဆွေတို့အတွက် တစ်ခုမဟုတ်တစ်ခု အကျိုးရှိသွားအောင် ရေးသားနေခြင်း ဖြစ်ပါတယ်။ တစ်ခါတလေ ပုံတစ်ပုံအတွက်နဲ့ တစ်မနက်ကုန်သွားရတာတွေရှိခဲ့ပါတယ်။ အဓိက ပြောချင်တာက အလုပ်တစ်ခုတည်းနဲ့အကျိုးနှစ်ခုလောက် အနည်းဆုံးရအောင် လုပ်ဆောင်ကြပါလို့ ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။
Kill two birds with one stone.

MSC-228
@mahaw

Sort:  

ငှင့်​ ​ခေါင်းစဉ်​က Eလိုဆို​တော့ ဘိုလိုမန့်​ရပါ့ အဟီး

မန့်ချင်သလို မန့်ပါ ဦးယု။

လွယ်လွယ်နဲ့ ရတဲ့အရာက ဘယ်ဟာမှ ကြာရှည် မခံပါ

Posted using Partiko Android

မှန်ပါတယ် ညီမ။

ဟုတ်​ကဲ့ပါ...ကိုယ်​၀ါသနာပါ...အားသန်​တာကိုတစိုက်​မတ်​မတ်​ပြုလုပ်​ရင်​...​ရှေ့ဆက်​ဖို့တွန်းအားလည်းဖြစ်​​စေပါတယ်​....

Posted using Partiko Android

ဟုတ်တယ် ညီမရေ။

အားပေးတယ် ချချ

မယ်ကြည်ကျ စာရေးလိုက်မရေးလိုက်မို့ ငေါက်တော့မလား😌😌

Posted using Partiko Android