ကျွန်တော်နှစ်သက်သော သမိုင်း(၄)
မင်္ဂလာပါ ချစ်မိတ်ဆွေအပေါင်းတို့။ မင်းရဲကျော်စွာအကြောင်းကို ဆက်လက်တင်ပြပါ့်မယ်။ စစ်ပွဲအားလုံးကို ကျွန်တော် မရေးတော့ဘူး။ စိတ်ဝင်စားရင် ထိုစာအုပ်ဘဲ ဖတ်ပေးပါ။ လူငယ်တွေဖတ်ချင်လာအောင် ရည်ညွှန်းရုံသက်သက် ရေးလိုက်တာပါ။ အမြည်းသဘောမျိုးရေးလိုက်တာပါ။ တကယ့်အနှစ်က စာအုပ်ဖတ်ရင် ပိုတွေ့မှာပါ။ စာရေးဆရာဟာ တော်ပါပေတယ်။ မင်းရဲကျော်စွာနဲ့ ရာဇာဓိရာဇ်အကြောင်းကို အကြမ်းဖျင်းတင်ပြချင်ပေမယ့် အခက်အလက်တွေပါမှစာက ပိုဖတ်လို့ကောင်းတာလေ။ ဥပမာ လဂွန်းအိမ်တို့လို ရာဇာဓိရာဇ်ရဲ့လက်ရုံးတွေ ဖြုတ်တာ ရေးမှပိုပြည့်စုံမယ်ထင်လို့ပါ။
ပထမဦးဆုံး ရာဇာဓိရာဇ်ရဲ့ လက်ရုံးတစ်ဘက်ပြုတ်သူက သမိန်ဗြာဇ္ဇပါ။ သူကအားထားရတဲ့ သေနာပတိတစ်ယောက်ပါ။ ဘုရင်မင်းခေါင်နဲ့ သားမင်းရဲကျော်စွာ တပ်ချီလာတော့ ရာဇာဓိရာဇ် လည်း စောင့်တိုက်ဘို့ တပ်ချီရပါတယ်။ ထိုအချိန်မှာကတည်းက သမိန်ဗြာဇ္ဇက အသက်ကြီးပြီး ကျန်းမာရေးမကောင်းတော့ဘူး။ မြောင်းမြကနေ ရာဇာဓိရာဇ်ဆီရောက်တယ်ဆိုရင်ဘဲ မကြာဘူး ဆုံးသွားတယ်။ တကယ့်တိုက်ပွဲကြီး ချရတော့မယ်ဆိုမှသူသိပ်အားကိုးတဲ့ သေနာပတိကြီးက မရှိတော့ဘူးလေ။ ဒါပေမယ့် လဂွန်းအိမ်တော့ ရှိသေးတယ်ဆိုပြီး အားပြန်တင်းရတာပေါ့။ ရေကြောင်းကနေဆန်တက်လာပြီး မင်းရဲကျော်စွာ တပ်စွဲထာတဲ့ ရေတပ်အောက်နားမှာ ရာဇာဓိရာဇ်လည်းတပ်ချထားတယ်။ တစ်ဘက်နဲ့တစ်ဘက် အရိပ်အကဲကြည့်တဲ့အချိန်ပေါ့။ မင်းရဲကျော်စွာက စဉ်းစားတယ်။ ရာဇာဓိရာဇ်ရဲ့ လက်ရုံးတစ်ဘက်တော့ မရှိတော့ဘူး နောက်တစ်ဘက်ဖြစ်တဲ့ လဂွန်းအိမ်ကို ဖြုတ်နိုင်ရင် အသာလေး တိုက်ယူလို့ရပြီပေါ့။
လဂွန်းအိမ်ကို ဖမ်းဘို့ planဆွဲပါလေရော။ မင်းရဲကျော်စွာက လဂွန်းအိမ်ရဲ့ အားနည်းချက်ကိုသိတယ်လေ။ ဘာလဲဆိုတော့ လဂွန်းအိမ်က စိန်ခေါ်ရင်တိမ်ပေါ်အထိ တက်တဲ့လူစားမျိုးလေ။ မင်းရဲကျော်စွာက စစ်မတိုက်ခင် သူရဲကောင်းချင်းလှေစီးချင်းထိုးတာ ကြည့်ချင်တယ်။ ဘကြီးဘက်က အဆင်ပြေမလားပေါ့ဆိုပြီး စိတ်ဓာတ်စစ်ဆင်ရေးနဲ့ လဂွန်းအိမ်ကိုသွားဆွတယ်။ လဂွန်းအိမ်ကလည်းနာမည်တစ်လုံးနဲ့ နေလာတာလေ။ ဘယ်သူလာလာဗိုလ်မထားတဲ့သူဆိုတော့ သူတိုက်မယ်ဆိုပြီး ရာဇာဓိရာဇ်ကို လျှောက်တင်လိုက်တယ်။ ရာဇာဓိရာဇ်ကလည်း စိတ်ဓာတ်စစ်ဆင်ရေးက အရေးကြီးတော့ ခွင့်ပြုလိုက်တယ်။ ထိုသတင်းရတော့ မင်းရဲကျော်စွာ ပျော်တာပေါ့။ ဆင်တဲ့အကွက်ထဲ တည့်တည့်ဝင်လာတာကိုး။ သားကောင်ကလာပြီဆိုတော့ ရှယ်ထောင်ချောက်ဆင်တာပေါ့။ လဂွန်းအိန်နဲ့ လှေစီးချင်းထိုးမှာက စုက္ကတေး ၊ ဒါပေမယ့်သူ့ကိုတာဝန်ပေးလိုက်တာက တိုက်ဖို့မဟုတ်ဘူး။ သားကောင်ကိုမျှားခေါ်ရုံဘဲ။ တကယ်တိုက်မှာက သတ်ကွင်းထဲရောက်ရင် ဝိုင်းသမဘို့ တိုက်လှေသုံးစီး စီစဉ်ထားတယ်။ မြစ်ကမ်းနဖူးမှာ မြောင်းတူးပြီး လှေသုံးစီးကိုဝှက်ထားတယ်။ သတ်ကွင်းရဲ့ဘေးဘယ်ညာ ကမ်းနဖူးမှာ ကြည်းတပ်ကိုချထားပြီးသား။ ရာဇာဓိရာဇ် လှုပ်လို့မရအောင်ကိုင်မှာ။ နောက်နေ့ကျတော့ လဂွန်းအိန်က တိုက်လှေပေါ်စစ်သည်သုံးရာနဲ့ လှေစီးချင်းထိုးဘို့ ထွက်လာတယ်။ စုက္ကတေးစီးတဲ့လှေက ပိုကြီးတယ် ပိုမြင့်တယ်။ ထိပ်တိုက်လည်းတွေ့ရော လှေကြီးတော့ အင်းဝဘက်ကအပေါ်စီးကတိုက်ရသလိုဖြစ်တော့ လဂွန်းအိမ်တို့ အခြေအနေမကောင်းဘူး။ လဂွန်းအိန်ကဘာလုပ်ခိုင်းလဲဆိုတော့ သူတပ်သားတွေကို ရန်သူ့လှေပေါ်တက်ပြီးချခိုင်းတော့တယ်။ ထိုအချိန်ကျမှ ပုန်းနေတဲ့ လှေသုံးစီးက ထွက်လာပြီ ညှပ်တိုက်ပါတယ်။ ကမ်းနှစ်ဘက်မှာရှိတဲ့ အင်းဝစစ်သည်တွေကလည်း ညာသံပေးပြီး ဝိုင်းအော်ကြတယ်။ ရာဇာဓိရာဇ်လည်း ကြည့်ဘဲကြည့်နေရပြီး ဘာမှလုပ်လို့မရဘူး။ နောက်ဆုံး လဂွန်းအိန်ပေါင်လှံမှန်ပြီး လဲကျသွားတယ်။ နောက်ဆုံး အရှင်ဖမ်းမိတယ်ဆိုပါတော့။ ဒါပေမယ့် သွေးထွက်လွန်ပြီး ထိုညမှာဘဲ လဂွန်းအိန်ဆုံးသွားတယ်။
ရာဇာဓိရာဇ်တစ်ယောက် ဖြေဆည်လို့မရအောင် ဝမ်းနည်းတာပေါ့ဗျာ။ နောက် သူ့မှာ အားကိုးရတဲ့ သေနာပတိမရှိတော့ဘူး။ သူသွေးပျက်နေပြီ။ အခုတလောတိုက်ရတဲ့စစ်ပွဲတိုင်းကလည်း သူ့ဘက်က ရှုံးနေတာဘဲကြားနေရတယ်။ ယုံကြည်မှုပျောက်ပြီး စိတ်ဓာတ်ကျတဲ့အထိဘဲ။ သူ့မှာ အားကိုးစရာလက်ရုံးတွေ မရှိလေ ဝမ်းနည်းလေဘဲ။ တပ်ဆုတ်တဲ့အထိကို ဖြစ်သွားတော့တယ်။ ဘယ်လောက်ထိဆုတ်လည်းဆိုရင် ပဲခူးမှာသူ့သားကို နန်းစောင့်ထားခဲ့ပြီး မုတ္တမဘက်ရှောင်ပြေးတဲ့အထိဘဲ။ တပ်ဆုတ်တာတော့ ပညာသားပါတယ်။ ကြည်းကြောင်းနဲ့ ဟန်ပြပြီး ရေကြောင်းနဲ့ ပြေးတာ။ မင်းရဲကျော်စွာကလည်း သင်ဘာလုပ်မလဲဆိုပြီး စောင့်ကြည့်နေတာပေါ့။ ကြည်းတပ်လှုပ်ရှားတာမြင်တော့ သူလည်းကြည်းတပ်ဆင်ပြီး တိုက်တော့တာဘဲ။ ထိုတိုက်ပွဲမှာ သမိန်ဗရမ်းကို ဗကမက်ဆင်နဲ့အတူ အရှင်ဖမ်းမိတာ။ အကြောင်းမဲ့ပြောတာမဟုတ်ပါဘူး ၊ထိုဆင်က နောင်တစ်ချိန်မှာ မင်းရဲကျော်စွာကို ဒုက္ခလှလှကြီးပေးမှာမလို့ ကြိုတင်မိတ်ဆက်ထားတာပါ။ ခဏနားဦးမယ်မိတ်ဆွေတို့ရေ။ ရာဇာဓိရာဇ်နဲ့ မင်းရဲကျော်စွာတို့ နောက်ဆုံးခန်း ရောက်ခါနီးပါပြီ။ သူတို့နှစ်ယောက် ဘယ်လိုစီးချင်းထိုးမလဲ စောင့်ကြည့်ရင်း နားလိုက်ပါတယ်။
ကျမ်းကိုး- ရာဇာဓိရာဇ်အရေးတော်ပုံကျမ်း(နိုင်ပန်းလှ)
MSC -228
@mahaw

.jpeg)
.jpeg)

သမိုင်းကြောင်းရေးရတာ တာဝန်ကြီးလွန်းလို့ ခုထိကို မရေးနိုင်သေးပေမယ့် ရေးနိုင်တဲ့ ကိုမဟော်တို့ရေးပြတော့လည်း ဖတ်ကောင်းလိုက်တာ...။
cmကိုရေးတတ်ပါပေ့။ကျွန်တော်လည်း ရေးရတာ ခပ်ကြောက်ကြောက်ရယ်။
ဒီရာဇဝင်တွေထဲမှာ မတ်သံလုံရဲ့ ချစ်မှုရေးရာကို ပိုခံစားမိတယ်
လဂွန်းအိန်ကို ကျွန်တော်လည်း သဘောကျတယ်။
တကယ် ရေးတာကောင်းတော့ movieကြည့်နေရသလိုပါပဲ😍
ဒီလိုcmလေးတွေ မြင်ရတော့ အိပ်ရေးပျက်ရကျိုးနပ်ပါတယ် ဗျာ။ကျေးဇူးပါ မတ်မတ်ရေ။
ကိုမဟော်ရဲ့စာတွေ ဖတ်ရတာ
သမိုင်းဗဟုသုတတွေ
အများကြီးရစေတယ်ဗျာ
မြှောက်တော့ နေပြီ
meကိုဘယ်တာ့
ရိုက်ချမလဲ
အသဲလေးရယ်.....
ရာဇဓိရာဇ်နှင့်မင်းရဲကျော်စွာထိပ်တိုက်တွေ့တော့မယ်...ဆက်အားပေးပါ့မယ်...
အပြင်မှာကြည့်လိုက်ချင်ပါရဲ့။
ရာဇာဓိရာဇ်နဲ့ မင်းရဲကျော်စွာတို့ နောက်ဆုံးစီးချင်းထိုးပွဲရောက်ဖို့အတွက် ဒီ post လေးကို ခင်းကျင်းပြမှသာ ပိုမိုပေါ်လွင်လာမှာပါ။ဒါကို အစ်ကိုက သေသေချာချာလေး ဆွဲယူရေးသားပြထားတာ သမိုင်းဗဟုသုတရစေတာပေါ့အစ်ကို။ကောင်းလှပါတယ်ခင်ဗျာ။
ဘာကြောင့်ဆိုတာကြိုဖော်ထားမှ ကောင်းမယ်ထင်လို့ပါ။ ကိုသန့်ရဲ့ စာဖတ်စွမ်းရည်ကိုလေးစားတယ်ဗျာ ။ စာရေးသူ ရင်ထဲရှိတာကို မြင်အောင် ဖတ်နိုင်တယ်။ကျေးဇူးပါ ကိုသန့်ရေ။
You got a 4.07% upvote from @upme thanks to @mahaw! Send at least 3 SBD or 3 STEEM to get upvote for next round. Delegate STEEM POWER and start earning 100% from your share, daily payouts ( no commission ).
Quick delegation links: 25SP | 50SP | 100SP | 250SP | 500SP | 1000SP | 2000SP | 5000SP | Custom Amount
သမိန်ဗြာဇ္ဇ နဲ့ လဂွန်းအိမ် က တစ်ကယ့်အားကိုးရတဲ့စစ်သူကြီးတွေပဲ
လဂွန်းအိမ်ကတော့ ဘာလာလာ ချမယ် တိုက်မယ်ဆိုတာချည်းပဲ
လဂွန်းအိမ်တိုက်ပွဲမှာသေသွားတာ စိတ်တောင်မကောင်းဘူးဗျာ
တစ်ခေတ်မှာ တစ်ယောက်ဆိုသလို ပေါ်ထွက်ခဲတဲ့ သူရဲကောင်းတစ်ယောက်ပါ။
ဥဥတော့ သမိုင်းအကြောင်းတွေရေးတာ. ချိတက်လာမှာပဲဟိဟိ😂😂😂
ချစ်ဆုံးက လာစေချင်လို့လား။
သမိုင်းကို လူငယ်တွေ စိတ်ဝင်စားလာမယ်ဆို ၀မ်းသာစရာတစ်ခုပါပဲ ကိုမဟော်ရေ
မဆိုင်သလိုနေကြတော့ ပိုအလှမ်းဝေးနေကြတာ။