နတ်သမီး မယ်ကြည် မေးသော မေးခွန်း
သတ္တဝါတွေအားလုံ ကျန်းမာချမ်းသာကြပါစေ၊ စိတ်နှလုံးရွှင်လန်းကြပါစေ၊ ရွှင်လန်းပါစေ ။
မိတ်ဆွေတို့ကို မေးခွန်းလေး နှစ်ခုလောက် မေးခွင့်ပြုပါ။ ကျွန်တော့်ကို မယ်ကြည်ဆိုသော နတ်သမီးလေးက မေးခိုင်းလိုက်လို့ပါ။ ပထမမေးခွန်းက ဘာလဲဆိုတော့
၁။ မိတ်ဆွေတို့ လိုရာဆုတောင်းပါ၊ ဥပမာ ရွှေ ၊ငွေ ၊ရတနာ၊ တို့ အတတ်ပညာတို့ ထင်ပေါ်ကျော်ကြားမှုစသဖြင့်ပေါ့ဗျာ။ မိမိကြိုက်နှစ်သက်ရာကို တောင်းနိုင်ပါတယ်တဲ့။ ငွေကြေးဆိုလည်း မိတ်ဆွေစိတ်ထဲမှာ လိုချင်သလောက် ပြောပါတဲ့။ဆုတောင်း တာပြည့်စေရမယ်တဲ့။ ခြွင်းချက်တစ်ခုတော့ ပြောတယ်။ ထိုဆုရဲ့အစွမ်းက တစ်ရက်သာ အစွမ်းရှိမယ်လို့တော့ ကြိုပြောထားတယ်။
ထိုသတင်းကြားတော့ ချစ်ဆုံးဆိုသော ရွာသားတစ်ယောက်က နတ်သမီးလေးဆီ ငွေအသပြာတစ်သိန်း တောင်းသတဲ့။ နတ်သမီးလေးက ပြည့်စေလို ဆုပေးလိုက်တာနဲ့ ချစ်ဆုံးလက်ထဲ ငွေအသပြာ တစ်သိန်း ရောက်ရှိသွားတယ်။ ချစ်ဆုံးက ရွာမှာ အကြိုက်သုံး ဖြုန်းတာပေါ့။ စားချင်တာစား ၊ဝတ်ချင်တာဝယ်ဝတ်ပေါ့ဗျာ။ သူဘယ်လောက်သုံးသုံး တစ်နေ့ကို အသပြာတစ်ထောင်ထက် ပိုမသုံးနိုင်ဘူး။ တစ်နေ့ကုန်သွားရင် ကျန်တဲ့ငွေအသပြာတွေက အဟောသိကံ ဖြစ်သွားရောတဲ့။ နောက်နေ့ကျ သူ့နတ်သမီးလေးဆီ ထပ်တောင်းယ်။ ဒီလိုဘဲ ငွေအသပြာတစ်သိန်း ထုတ်လာတယ်။ ပြီးတော့ သုံးတယ်ဖြုန်းတယ် ၊ဒါပေမယ့် ငွေအသပြာတစ်ထောင်လောက်ဘဲ ကုန်အောင်သုံးနိုင်တယ်တဲ့။ နေ့စဉ် ငွေအသပြာတစ်သိန်း လာထုတ်နေတဲ့ ချစ်ဆုံးကို နတ်သမီးလေးမယ်ကြည်က ဘာမှမပြောဘဲ သူတောင်းတဲ့အတိုင်းဘဲ ဖြည့်ဆည်းပေးနေတယ်။ ရက်တွေက လတွေ နှစ်လေ ပြောင်းလာတော့ ချစ်ဆုံးက သူ့လုပ်ရပ်ကို သူမြင်လာတယ်။ ငါတောင်းတဲ့အတိုင်း ငါ မသုံးနိုင်ပါလား။ တစ်နေ့တစ်နေ့ ငွေအသပြာတစ်သိန်းထုတ်ရတာဘဲ အဖတ်တင်တယ်။ အချိန်တန် အဟောသိကံဖြစ်သွားတာပါဘဲ။
၂။နောက်မေးခွန်းတစ်ခုက အလုပ်တစ်ခုဟာ ဒီနေ့အတွက်ဘဲ အကျိုးရှိတဲအလုပ် နဲ့ မနက်ဖြန်ထိ အကျိုးရှိစေမယ့်အလုပ် ဆိုရင် ဘယ်အလုပ်ကို ပိုလုပ်သင့်လဲလို့ နတ်သမီးလေးက မေးခိုင်းလိုက်ပါတယ်။အထက်ပါအတိုင်းဘဲ ရွေးချယ်တဲ့အလုပ် ပြီးမြောက်စေဘို့ သူဖြည့်ဆည်းပေးပါမယ်တဲ့။ မိမိလုပ်ချင်တဲ့ အလုပ်ကိုဘဲ ပြောပါတဲ့။ ဒီနေ့တစ်နေ့တာဘဲ အကျိုးခံစားခွင့်ရတဲ့ အလုပ် ၊ မနက်ဖြန်ထိ အကျိုးခံစားခွင့် ရမယ့်အလုပ်။ ကိုင်း ချစ်ဆုံးတစ်ယောက် ဘယ်အလုပ်ကို ဆုတောင်းသလဲ မေးကြည့်လိုက်ရအောင်။
ဖတ်ရှူသူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။
MSC-228
@mahaw

.jpeg)

၂။မနက်ဖြန်အထိအကျိုးခံစားခွင့်ရမဲ့အလုပ်ပေါ့....
Posted using Partiko Android
very good.
You got a 2.44% upvote from @booster courtesy of @mahaw!
NEW FEATURE:
You can earn a passive income from our service by delegating your stake in SteemPower to @booster. We'll be sharing 100% Liquid tokens automatically between all our delegators every time a wallet has accumulated 1K STEEM or SBD.
Quick Delegation: 1000| 2500 | 5000 | 10000 | 20000 | 50000
အယ်လဲ့ ငါဟဲ့ နတ်သမီး😁😁
နတ်သားလေး ရှာပေးလိုက်ရမှာ။
အစ်ကိုရေ.. မေးခွန်းလေးတွေနဲ့ ပြောပြထားတာ ကောင်းမွန်လှပါတယ်ခင်ဗျာ။မေးခွန်းလေးတွေကြောင့်ဖြေစရာ အတွေးလေးတွေဖြစ်စေပြီး စိတ်ဝင်စားစရာ post လေးတစ်ခုပဲဖြစ်ပါတယ်ခင်ဗျာ။
ကျေးဇူးပါကိုသန့်။
ဒီမှာ နတ်သားလေး ရှိတယ် ဟီး
ချစ်ဆုံးရေ ငွေသုံးမနိုင်ရင် ဘဏ်က ကျုပ်ဆီလွှဲ လိုက်
နတ်သမီးကိုပြန်မေးကြည့်ရမှာပဲ 😁