Buddha Day and Sagaing Hill

in #myanmar7 years ago

ဝါဆိုလပြည့် နေ့ နှင့် စစ်ကိုင်းတောင်

Hello , all steemit member .

ယနေ့သည် ဝါဆိုလပြည့်နေ့ ဖြစ်ပါသည်

ဝါဆိုလပြည့် နေ့ သည် ဗုဒ္ဒဘာသာ မြန်မာ လူမျိုးများအတွက် အထွဋ်အမြတ်ထားရာ နေ့တစ်နေ့ဖြစ်ပါသည်

ဝါဆိုလသည် ဗုဒ္ဓသာသနာတော်တွင် ထူးခြားသည့်ကာလဖြစ်ပါသည်

ဗုဒ္ဓဘာသာဝင် တို့၏ အထွဋ်အမြတ်ထားရာ မြတ်စွာဘုရားရှင် သည်

ဝါဆိုလပြည့်နေ့ မြတ်စွာဘုရားရှင် ပရိသန္ဓေယူ သောနေ့
ဝါဆိုလပြည့်နေ့ မြတ်စွာဘုရားရှင် တောထွက်တော်မူသောနေ့၊
ဝါဆိုလပြည့်နေ့ မြတ်စွာဘုရားရှင် ဓမ္မစကြာတရားဦး ဟောတော်မူသောနေ့
ဝါဆိုလပြည့်နေ့ မြတ်စွာဘုရားရှင် တန်ခိုးပြဋိဟာ ပြတော်မူသော နေ့

စသည့် တို့ကြောင့် ဗုဒ္ဓဘာသာဝင် တို့၏ နေ့ထူးနေ့မြတ် ဟု ခေါ်ဆို ရခြင်း
ဖြစ်ပါသည်

ထို့ကြောင့်ပင် စာဆိုရှင်တို့က မြတ်စွာဘုရားရှင် ၏ နေ့ထူးနေ့မြတ်များ ရှိရာ ဝါဆိုလ ကို
"သန္ဓေ တောထွက် ဓမ္မစက် ဟောမြွက်ခါကို လဝါဆို" ဟူ၍ ဆိုစမှတ်ပြုကြခဲ့ကြပါသည်

ထို့ကြောင့်ပင် ဝါဆိုလကို မြတ်သောလအဖြစ် တင်စားကြခြင်းဖြစ်ပါသည်

ထို့ပြင် ဝါဆိုလပြည့်ကျော် (၁) ရက်နေ့တွင် ရဟန်းသံဃာများ ဝါကပ်တော်မူ သဖြင့် ဝါဆိုလကို လမြတ်ဟူ၍လည်း သတ်မှတ်ကြခြင်း ဖြစ်ပါသည်

ဝါဆိုလပြည့်နေ့ မှ သတင်းကျွတ်လပြည့်နေ့ အထိ ၃ - လ ကာလ ကို
ဝါတွင်း ၃- လ ဟု သတ်မှတ် ကြပါသည်

ထို ဝါတွင်း ၃-လ ကာလပတ်လုံးတို့တွင် ဗုဒ္ဓဘာသာနွယ်ဝင် သူတော်စင် အပေါင်းတို့သည် ဘုရားအမှူးရှိသော သံဃာတော် အရှင်သူမြတ် တို့အား
ဝါဆိုသင်္ဃန်း ဆက်ကပ်လှူဒါန်းခြင်း ဥပုဓ်သီတင်းသီလ ဆောက်တည်ခြင်း
စသည့် ကောင်းမှူ့ ကုသိုလ် များ အထူးအလေးထား ဆောင်ရွက်ကြရာ
လမြတ် များဖြစ်ကြပါသည်

ဝါဆိုလတွင် ဗုဒ္ဓဘာသာဝင်တို့သည် ဝါဆိုသင်္ကန်းကပ်လှူခြင်းစသည့်
အလှူအတန်းများကိုလည်း ပြုလုပ်လေ့ရှိကြပါသည်

ဝါတွင်းသုံးလအတွင်း ဝါဆိုမည့် သံဃာတော်များကို ဝါဆိုသင်္ကန်းကပ်လှူခြင်းသည် ဗုဒ္ဓဘာသာဝင်တို့၏ ဝါဆိုလတွင်ပြုလုပ်မြဲ ကောင်းမှု ကုသိုလ်တစ်ရပ်
ပင် ဖြစ်ပါသည်

ဝါဆိုသင်္ကန်းကပ်လှူခြင်းကြောင့် ရဟန်းတော်များသည် သင်္ကန်းအတွက်
မပူပင်ရခြင်း ပရိယတ္တိ ပဋိပတ္တိ စသည့် ရဟန်းတို့ ပြုကျင့်ရမည့် အလုပ်များကို ချမ်းချမ်းသာသာလုပ်နိုင်ခြင်း ရာသီဥတုဒဏ်မှ ကာကွယ်ခြင်း၊ စသည့် အကျိုးများရရှိ စေနိုက်ပါသည်

ဝါဆိုသင်္ကန်းကပ်လှူသူအတွက်လည်း ထူးမြတ်လှသည့် အကျိုးထူးများ ကို
ရရှိစေနိုင် သည့် အလှူတစ်ခုဖြစ်ပါသည်

ဝါဆိုသင်္ကန်းကပ်လှူခြင်းသည် ဘုရားရှင်လက်ထက်က ပုဗ္ဗာရုံ ကျောင်းအမကြီး ဝါသာခါ၏ ကျေးဇူးကြောင့်ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု စာပေကျမ်းဂန်များတွင် ဖတ်ရှုလေ့လာ ရပါသည်

ဝါဆိုသင်္ကန်းဆိုသည်မှာ ဝါဆိုခါနီးအချိန်တွင်ကပ်ပြီး လှူဒါန်းသည့်သင်္ကန်းဖြစ်စေ ဝါတွင်း ၃-လ ကာလ အတွင်း တွင် ဖြစ်စေ လှူဒါန်းသည့် သင်္ကန်းကို
ဝါဆိုသင်္ကန်း ဟုခေါ်ပါသည်

ဝါဆိုသင်္ဃန်း ဆက်ကပ်လှူ ဒါန်းခြင်း ကိုကာလ ဒါနသင်္ကန်း ကာလဒါနအလှူ ဟုလည်း ခေါ်ဆို နိုင်ပါသည်

image

ကျမတို့စစ်ကိုင်းမြို့တွင် ဝါဆိုလပြည့် နေ့ အချိန်အခါ သည် အထူးပင် စည်ကားလှပါသည်

စစ်ကိုင်းတောင်ရိုး တစ်ခွင် ရှိကျောင်းတိုက်များတွင် သီတင်းသုန်း ဝါဆို
ဝါကပ်တော် မူကြသော သံဃာတော် အရှင်သူမြတ်တို့အား
စစ်ပိုင်းမြို့ဝန်းကျင် မှာ ဗုဒ္ဓဘာသာ နွယ်ဝင်များသာမက အနယ်နယ်အရပ်ရပ်
နေ၍ ဝါဆိုသင်္ဃန်း လာရောက်ဆက်ကပ်ကြသူများ ဖြင့် အထူးစည်ကား
လှပါသည်

ထို့အပြင် ဝါဆိုလပြည့်နေ့သည် မြန်မာနိုင်ငံတွင် ထင်ရှား ကျော်ကြား လှ ပြီး
လူအများ သိရှိကြသည့် စစ်ကိုင်းတောင်ပေါ်ရှိ တန်ခိုကြီ ဘုရားတစ်ဆူ ဖြစ်သော ဆွမ်းဦးပုညရှင် ဘုရားပွဲ ပြုလုပ်ကျင်းပသော အချိန်ကာလ ဖြစ်ပါသည်

ထို့ကြောင့် ဝါဆိုလပြည့်နေ့တွင် သံဃာတော်များအား ဆွမ်းခဲဖွယ်ဘောဇဉ် များနှင့်အတူ ဝါဆိုသင်္ဃန်း ဆက်ကပ်ကြသူများ ဆွမ်းဥိးပူညရှင် ဘုရားပွဲသို့ လာရောက်ကြသူများ ဖြင့် စစ်ကိုင်းတောင် တစ်ခွင်လုံး ကြက်ပျံ မက စည်ကား လှပါသည်

@mamamyanmar

Sort:  

နေရာဒေသတိုင်းစည်ကားသောနေ့မြတ်ပါ

ဗုဒ္ဓနေ့

စစ်ကိုင်းခဏတိုင်းရောက်ပေမဲ့ဆွမ်းဦးပုညရှင်ဘုရားပွဲနေ့ ကိုခုမှသိရတယ်

ခု လာခဲ့လေ

မန်းလေးလည်း နေရာတိုင်း အပြည့်

ဥိးပိန် သွားတိုးပါလား အဲ့ကို အတွဲတေ အများကြီးသွားကြတယ် ဟ်ဟ်

စည်လိုက်တာနော် ပြည့်ကျပ်နေတာပဲ

ဟုတ်တယ် လမ်းပိတ်နေပီ လာခဲ့ပါလား

နတ်​လူသာုဓ​ခေါ်​စေ​သော်