Radious of Sweet Potato ( Part - 3 )

in #myanmar6 years ago

ကန်ဇွန်းဥ ဟင်းခတ်မှုန့်

Hello , all steemit member.

ဈေးတွင် ကန်ဇွန်းဥ အလုံးကြီးကြီး ချောချော များဈေးလည်းသက်သာ လတ်လည်း လတ်ဆတ် သဖြင့် အချိန် ၅ ပိဿသာခန့်ဝယ်ယူလာခဲ့သည့်အတွက်
ကန်ဇွန်းဥ ကို အမျိုးမျိုး ပြုလုပ်၍ စားဖြစ်ပါသည်

ထို့ကြောင့် ကန်ဇွန်းဥ နှင့်ပတ်သက်သောမုန့်များပြု လုပ်ရင်း နည်းလမ်းများအား ရေးသားသွားပါမည်

ယနေ့အတွက် ကတော့ ကန်ဇွန်းဥ ဟင်းခတ်မှုန့် ပြုလုပ် ဖြစ်ပါသည်

image

ကန်ဇွန်းဥ ဟင်းခတ်မှုန့် ပြုလုပ်နည်း

ကန်ဇွန်းဥ ကို ဟင်းခတ်မှုန့် ပြုလုပ်ရာတွင် ရိုးရှင်းလွယ်ကူပါသည်
ကန်ဇွန်းဥ အဖြူ ရောင် ခရမ်းရောင် အဝါရောင် ဥများအားလုံး ဟင်းခတ်အမှုန့် ပြုလုပ် လို့ရပြီး အဝါရောင်ကတော့ ဟင်းခတ်ရာတွင် အရောင်လှစေပါသည်

  • ကန်ဇွန်းဥ များအား ရေစင်ဆေးကြော၍ ပြုပ်ပါ

  • အခွံသင် ကြေအောင်ခြေ ပြီး အပြားလေးများလုပ်၍ ခြောက်သွေ့သည်အထိ နေလှန်းပါ

  • ခြောက်သွေ့နေသော ကန်ဇွန်းဥ ဖတ်များအား ကြိတ်စက်တွင်ထည့် ၍ အမှုန့် ကြိတ်ပါ

  • ကန်ဇွန်းဥ မှုန့်များရပါက လေလုံသော ပုလင်း ဖန်ဘူး တို့တွင် ထည့်၍ ဟင်းခတ်မှုန့် အဖြစ် ချက်ပြုပ်ရာတွင်၎င်း အသုပ်သုပ်ရာတွင်၎င်း ရက်ရှည်ထား
    စားသုံးနိုင်ပါသည်

image

ကန်ဇွန်းဥမှုန့်သည် သဘာဝအတိုင်းဖြစ်တဲ့အတွက်ကြောင့် သဘာဝသစ်ဥသစ်ဖု၏ သဘာဝအချို အရသာ ပါရှိပါတယ်

သဘာဝ အရသာ ဖြစ်သည့်အတွက် အချို့မှုန့် ကြက်သားမှုန့်များ သုံးနေသူ များအတွက်တော့ အရသာကတော့ ပေါ့နေပါလိမ့်မယ်ရှင့်

ဒါကြောင့် ဆားလေး နဲနဲ ကဲဖို့တော့ လိုမယ်ပေါ့ရှင်

ကန်ဇွန်းဥ ပေါနေချိန် သဘာဝ ဟင်းခတ်မှုန့်လေး ပြုလုပ်စားကြည့် ကြပါ ဟု

@mamamyanmar

Sort:  

@mamamyanmar, အီး စ တင်း ကို အ သုံး ပြု သည့် အတွက် ကျေး ဇူး တင် ရှိ ပါ သည်။

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks , your supported. I am ever used esteem app.


ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
@c-squared runs a community witness. Please consider using one of your witness votes on us here