ထွေးညိုအလွမ်း

in #esteem7 years ago

ဝိုင်းလှောင်နေကြတဲ့ ချိတ်ထဘီ၊ ရွှေပုဝါ၊ ရွှေကော်လံ၊ ရွှေခါးပတ်ကြီးနဲ့ ဘွဲ့ယူတဲ့ ကျောင်းသားလေးရဲ့ Fashion ကိုကြည့်ပြီး
မညာတမ်းပြောရရင် ရယ်မိတယ်။
ဒါပေမယ့် ဆက်တွေးမိတဲ့ အတွေးလေးတွေ ရလာတယ်။

အခြားဓါတ်ပုံတွေ ကြည့်ရသလောက် ကောင်လေးက အမေတွေအဖွားတွေရဲ့ အသည်းကျော်ဖြစ်ဟန်တူရဲ့။
သူကိုယ်တိုင်က ဝတ်ချင်သည်ဖြစ်စေ
အမေတွေ အဖွားတွေက ဆင်လို့ဖြစ်စေပေါ့။
မထော်မနန်းကြီးဖြစ်နေတာတော့ အမှန်ပဲ။

အသက်၁၆နှစ်တုန်းက တစ်ခါဖြစ်ခဲ့ဖူးတယ်။
ဘယ်သူ့ကိုမှ အပြစ်မတင်ပါဘူး... ကြုံလို့ သတိရသွားတာ။
ငယ်ငယ်ကတည်းက အမေက အဝတ်အစားဆို သူဆင်မှ စိတ်တိုင်းကျတယ်။
ကိုယ့်ကိုယ်လည်း တစ်ဦးတည်းသော သမီးလိုမျိုး အကြာကြီးနေခဲ့ရတော့ စိတ်မချတာ တစ်ယောက်တည်းမလွှတ်တာတွေ အများကြီး။
အိမ်ကလူတွေမပါရင် ဘယ်မှမသွားတတ်ဘူး။
အဝတ်အစားဆိုလည်း ကိုယ်ကထူးထူးထွေထွေ ဂျီးမများတတ်တော့ အမေဝယ်လာပေးတာ ဝတ်တာပဲ။

ဆယ်တန်းအောင် ရန်ကုန်ရောက်တော့
အရှေ့ပိုင်းတက္ကသိုလ်မှာ ပထမနှစ်Dayစတက်တယ်။
ပထမဆုံးကျောင်းတက်တဲ့နေ့။
အမေဆင်ပေးလိုက်တာက အင်္ကျီကျောက်စိမ်းရောင်လက်ရှည်၊ ဘီဘဲဖုထဘီအစိမ်းရောင်နဲ့ ဖိနပ်အစိမ်းရောင်လေး။
အိုင် ဘယ်လောက်နန်းဆန်နေမလဲ တွေးသာကြည့်။
အသက်၁၆နှစ် တောကတက်လာခါစ မအူမလည်ရုပ်ကလေးနဲ့ ဆံပင်နက်နက်လေးနဲ့ ကောင်မလေး။
တစ်နေကုန် ကိုယ့်ကာလာကြီးကြောင့် အထူးအဆန်းကြည့်ကြ နောက်ကြတဲ့ စီနီယာကျောင်းသားကြီးတွေကြား ထွက်ပြေးချင်လောက်အောင် ချွေးပြန်ခဲ့ရဖူးတယ်။

အမေကတော့ ကိုယ့်ကို အဲ့လိုဖြစ်ပါစေဆိုပြီး ဆင်တာတော့ မဟုတ်ဘူး။
ကိုယ်က အဲ့အရွယ်တုန်းက အတော်အသားဖြူတော့
ကိုယ်အသားလေးနဲ့ ဝင်းနေမှာပဲဆိုပြီး ဆင်တာ။
အမေတို့ တက္ကသိုလ်တက်တဲ့ခေတ်တုန်းကလည်း အဲ့လိုပဲ ဝတ်ကြတာလေ။
ဒါပေမယ့် Generation Gap က အရမ်းကွာဟသွားပြီ။
အခုခေတ်မှာ အဲ့လိုကြီး ဝတ်လာတော့ မထော်မနန်းတွေ ဖြစ်ကုန်တာ။
ပထမဆုံးကျောင်းတက်ရက်ဆိုတော့ သူငယ်ချင်းလည်း မရသေး၊ T4မှာ ငုတ်တုတ်လေး သွားထိုင်တာ
Second yearက အကိုတစ်စုလိုက်စလို့ ထွက်ပြေးတာ ထမင်းချိုင့်ပါ ကျန်နေခဲ့ရော။
သတိရတာတောင် ပြန်သွားမယူရဲဘူး... ရှက်လို့။
ဒီဘွဲ့ယူတဲ့ကောင်လေးရဲ့ ချိတ်ဖက်ရှင်ကို မြင်တော့
လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က မမြစိမ်းလေးကိုတောင်
သွားသတိရမိသေးတယ်။

ကောင်လေးကြည့်ရတာ ကွန်ပျူတာပန်းထိုးချိတ်ထဘီ နေဗီပြာတောက်တောက်ကို ပုဆိုးလိုဝတ်၊
ရွှေခါးပတ်လေးနဲ့ လှချင်တိုင်းလှနေလိုက်တာ။
ရွှေကော်လံလေးကြောင့် ဂုတ်ပုမိရင် ရှတော့မယ်ဆိုတော့ ဇတ်ကလေးကိုမတ်ပြီး စမတ်ကျနေလိုက်တာ။
ရွှေပုဝါလေးကို ခြုံထားတဲ့ ပုံလေးက အမေဒေါ်အောင်ဆန်းစုကြည်ဟန်အတိုင်းပဲ။
အဲ့တစ်ကွက်နဲ့တင် ကိုယ်က သူ့ပရိသတ်ဖြစ်သွားပြီရယ်။

ဘာပဲဖြစ်ဖြစ် ကိုယ်ကတော့ ကိုယ်ချင်းစာတယ်။
ကိုယ့်တုန်းက ဖေ့စ်ဘုတ်မပေါ်သေးလို့ စမတ်ဖုန်းတွေအများကြီးမရှိသေးလို့ ။
ရှိသာရှိရင် ကိုယ်လည်း တာဝကမြနန်းနွယ်တွေ ဘာတွေ သမုတ်ခံခဲ့ရမှာ.... ငိ ။

"ဟာသဆိုတာ ကိုယ့်ဆီရောက်မလာသေးတဲ့
သူတပါးရဲ့ ဒုက္ခ"တဲ့။
အခုကြုံနေတဲ့ ဒုက္ခဟာ တစ်ချိန်ကျရင် ဟာသဖြစ်သွားနိုင်တာပဲ။
ကိုယ့်မှာအကျင့်တစ်ခုရှိတယ်။
အသံအကျယ်ကြီးတွေကို မုန်းတတ်တာ။
အသံအကျယ်ကြီး စကားပြောသူတွေကို ကိုယ်မနှစ်မြို့တတ်ဘူး။
ကိုယ်တိုင်လည်း အသံအကျယ်ကြီး စကားပြောဖို့ တတ်နိုင်သမျှရှောင်တယ်။
ကိုယ့်ကို အသံအကျယ်ကြီးစကားလာပြောရင်လည်း မကြိုက်ဘူး။

အသံအကျယ်ကြီးတွေဟာ ပတ်ဝန်းကျင်ကို အနှောက်အယှက်ပေးတယ်လို့ ယူဆတယ်။
ဘာရယ်ကြောင့်မှန်းမသိ အသံအကျယ်ကြီးတွေကို
ဖြစ်သင့်တာထက် ပိုမုန်းတတ်တယ်။

အခုနောက်ပိုင်းတွေးမိလာတာက
ကိုယ်ဟာ အပြင်မှာသာ အသံတိုးတိုးနဲ့ အေးအေးဆေးဆေးနေတတ်တာ
မထင်ပေါ်ချင်ဘဲ ကိုယ့်ကိုယ်ကိုယ် ကျုံ့ဝင်ရှင်သန်ခဲ့တာ
Onlineပေါ်က ကိုယ်ဖန်တီးခဲ့တဲ့ ပန်ဆယ်လိုဆိုတဲ့ ဇာတ်ရုပ်ဟာ လိုအပ်တာထက် ပိုပြီး အသံကျယ်လောင်နေတတ်ပြီ။

ကိုယ်က သာမန်ပဲ ပြောလိုက်တာ
ဒါပေမယ့် လော်စပီကာနဲ့ချိတ်ထားတဲ့ မိုက်ကရိုဖုန်းရှေ့ အော်လိုက်မိတဲ့သူလိုပဲ။
ကိုယ်ပြောလိုက်တာကို လူအတော်များများက မြင်သွားတယ်။
Like နည်းတာ များတာကို ဆိုလိုတာထက်
ကိုယ်ရေးတာကို မြင်ရသူများတာကို ဆိုလိုတာ။

ကိုယ်ဟာ အလိုမတူဘဲ အသံအကျယ်ကြီး ပြောတတ်သူတစ်ယောက် ဖြစ်မှန်းမသိ ဖြစ်နေခဲ့ပြီ။
အသံအကျယ်ကြီးတွေကို ကိုယ့်လို နေရင်းထိုင်ရင်း မုန်းမိနေသူတွေလည်း ရှိနိုင်တာပဲ။

အပြင်မှာ အသံကျယ်ရင် တိုးပြောလို့ အဆင်ပြေနိုင်ပေမယ့် onlineမှာ အသံကျယ်တာကျ တိုးပြောဖို့ မဖြစ်နိုင်ဘူး။
ပြင်ဆင်ခွင့်နည်းပါးတဲ့ အခြေအနေ။
ဖြစ်နိုင်တာတစ်ခုက လျှော့ပြောဖို့ပဲ။

နောက်ပိုင်း ကိုယ်စာရေးကျဲသွားတဲ့အခါ
ကိုယ်အသံတိုးအောင် နေနေတယ်လို့
သဘောထားပေးပါ။
အသံတိုးရင်းတိုးရင်း တိတ်တဆိတ်ပျောက်ကွယ်သွားဖြစ်ရင်တောင် ကိုယ်ဟာ လိုအပ်ချိန်မှာ လုပ်သင့်လုပ်ခဲ့ပြီး မလိုအပ်တော့ချိန်မှာလည်း ကိုယ့်ခံယူချက်ကို နေရာမရွှေ့ခဲ့သူတစ်ယောက်အဖြစ် ရှိခဲ့ကြောင်းပါ။

ဒါလေးပါပဲ။အပေါ်အစိမ်း အောက်အစိမ်းနဲ့ အရှက်သည်းခဲ့ရတဲ့
ကောင်မလေးဟာ နောင်ဆယ်နှစ်ကျော်အကြာမှာ
ဒီဒုက္ခကို ဟာသတစ်ခုလို သွေးအေးအေးနဲ့ ပြန်ပြောနိုင်ခဲ့ပြီ။

သုံးရက်ဆိုရင် သားဖက်ရှင်လေးကို လူတွေမေ့သွားမှာပါ။
ဘာမှခံစားမနေနဲ့။ ရယ်အားထက်ငိုအားသန် ကိစ္စတစ်ခု ပြောပြဦးမယ်။
အဖြစ်က နာမည်ကြီးဘုရားစောင်းတန်းတစ်ခုမှာ ဟောခန်းဖွင့်ထားတဲ့ နာမည်ကြီးဗေဒင်ဆရာ။
သူက သူ့ဟောခန်းကိုလာတဲ့ မိန်းကလေးတွေကို လစ်ရင်လစ်သလို အသားယူလေ့ရှိတယ်။
အချို့ကလည်း ရှက်လို့ငြိမ်ခံ ပြန်မပြောကြဘူးပေါ့။
အခုလည်းကျရော အဲ့ဗေဒင်ဆရာက ရုပ်သံပေါ်ရောက်လာ၊ နာမည်လည်း ကြီးလာရော အသားယူခံရသူမမတစ်ယောက်က သူဘယ်လိုကြုံခဲ့ရကြောင်းလည်းရေးရော အကိုင်ခံရသူ မမများတစ်နေရာတည်းမှ သွားဆုံပြီး ဟင်... ကျွန်မတုန်းကလည်း ဒီကောင်ဒီလိုလုပ်တယ်။
ကျွန်မတစ်ယောက်တည်း မဟုတ်ဘူးပဲတွေဖြစ်ပြီး ဝိုင်းဝုန်းကြရော။

အစကတော့ ကိုရွှေဗေဒင်ဆရာခဗျာ အသရေဖျက်ပါတယ်ဘာညာ ထအော်၊ ပိုစ့်အောက်မှာ အထုပ်တွေလာဖြည်ကြတော့ အကောင့်ပါ ဒီသွားရရော။
မနေ့ကသတင်းထဲမှာ ဖတ်ရတာကျတော့ အဲ့ဗေဒင်ဆရာက တင်တဲ့လူကို တရားပြန်စွဲထားသတဲ့။
(ငှယ့်... စမီးရေးတာ နာမည်မပါပုနော် အူးအု
တရားလာစွဲရပု... လူဇိုး)

သတင်းတွေ ကြားဖူးပါတယ်။
ဘယ်ဘိုးတော်အယောင်ဆောင်က ဘယ်လိုဘုသွားတာတို့။ ဘယ်လိုလိမ်သွားတာတို့ ခဏခဏကြားရတာပဲ။ လူတွေရဲ့ အယုံလွယ်မှုဟာ မယုံနိုင်အောင်ကို ကြောက်စရာကြီး။
ပညာရပ်ကို မစော်ကားပါဘူး။ အစစ်တစ်ယောက် အတုတစ်သိန်းရယ်။
စွတ်ပြီး ပစ်ယုံရအောင် အဲ့လောက်လွယ်လား။

အဲ့လူပိုစ့်အောက်က victimတွေရဲ့ ကောမန့်တွေဖတ်ရတယ်။ ဘာတဲ့....
အဆောင်လေး ရင်သားကြားထည့်ပေးဖို့တဲ့။
ကိုယ့်ဘာသာကိုယ်ထည့်လို့မရဘူးလားဆိုတော့
ဆရာကိုယ်တိုင်ထည့်မှ စွမ်းမှာဆိုပဲ။
အာ့နဲ့ အထည့်ခံခဲ့ရရော။
အာ့လာ... ရန်ကုန်မြို့ကြီးမှာနော်
ရိုးသားနုံအသူတွေများတဲ့ နယ်ဘက်မဟုတ်သေးဘူး။

အဲ့လောက် နုံစရာလား... ဘာအဆောင်မို့ ရင်သားကြား ထည့်ရမှာလား... တစ်ယောက်လောက် ပါးဖြတ်ရိုက်ခဲ့ဖူးရင် အဲ့ကောင်ဘယ်လုပ်ရဲပါ့မလဲ။
ဘယ်နှယောက်တောင် အဲ့လိုလုပ်ခဲ့သလဲမသိဘူး
အဲ့ဗေဒင်ဆရာရဲ့ ဖောက်သည်တွေ တယ်မနည်းလှဘူး။
အခုကျ အဖော်တွေ့မှ ရင်ဖွင့်ကြတာ ဒင်းကြမ်း။

ကိုယ်တို့ ကျောင်းတုန်းက ယောက်ျားလေးသူငယ်ချင်း ငရွတ်တွေ ရှိတယ်။
မိန်းကလေးတွေ စုစု စုစုဆို ဗေဒင်ဟောပေးမယ်ဆိုပြီး
ပါးစပ်ထဲတွေ့တာ လျှောက်ပြော လက်လိမ်ကိုင်တာ။
တယ်အလုပ်ဖြစ်တယ်ဆိုပဲ။
အခုကိစ္စကြားတော့ အဲ့ကောင်တွေကို သွားသတိရမိတယ်။ ဟယ်... အဆင့်တွေ တယ်တက်သွားပါလားလို့။

အနာဂတ်ကို ကြိုသိရဖို့လောက်နဲ့ ပစ္စုပ္ပာန်မှာ အကိုင်မခံကြပါနဲ့ မမတို့ရေ....
ရီးတီးယားတား လာလုပ်ရင် ကြည်ညိုလို့ပါဆရာရယ်ဆိုပြီး ၃၄သိန်းတန်သာပစ်ကန်ထည့်လိုက်ကြပါ။
တဏှာရူးတွေ မျိုးတုံးသွားမှ အေးမှာရယ်။
image
ရင်ဘတ်ထဲထည့်ပေးတဲ့ အဆောင်လေးတွေ စွမ်းမစွမ်း
ငါလေး သိချင်မိ။

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by skylove from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63792.82
ETH 2563.50
USDT 1.00
SBD 2.66