bill for electricity
စိတ်ညစ်စရာတွေများပြီး
စာကလည်းရေးရေးဖို့ တွေးထားတာမရှိ
စိတ်ပျက်လက်ပျက် ဖေ့ဘွတ်ခ်ဖွင့် new feed
ကိုကြည့်မိတော့ .. သတင်းတစ်ပုဒ်သွားတွေ့ တယ်။ လာမည့် April လမှစ၍ မီတာခများ
သုံးဆတိုးကောက်ခံသွားမည့်အကြောင်း
ဂျာနယ်စာဖြတ်ပိုင်းလေးတစ်ခု နဲ့တင်ထားတာတွေ့ ရတယ်။
တကယ်ပဲ တိုးပြီးကောက်ခံမှာလား။အကယ်၍
မီတာခတက်ရင် မြို့နေ အခြေခံလူတန်းစားတွေ
အတွက်မတွေးရဲစရာပဲ။ကုန်ဈေးနှုန်း၊ တွေ အိမ်ငှါးခတွေ ဒီလောက်ခေါင်ခိုက်နေတဲ့ခေတ်မှာ မီတာခသာ သုံးဆ တက်သွားမယ်ဆိုရင် ဆိုတဲ့ အတွေးက ညတောင်အိပ်မပျော်ပါဘူး ။
အိမ်ငှါးစရိတ်ကလည်း ဈေးကြီး လစဉ်ဝင်ငွေက ဝန်ထမ်းမဟုတ်တော့ တက်လိုက်ကျ လိုက် ပုံမှန်မရှိ ။ လက်ရှိ ဆောင်နေရတဲ့ မီတာခ ကတစ်လကို 26000 ဝန်းကျင်။ အိမ်လခက တရက် 5000 ရေခတစ်လ 5000 အိမ်သုံး စရိတ်မပါသေး။
ဝင်ငွေက တစ်လမှ တစ်သိန်းကျော်ကျော်ရယ်
တွေးရင်းရင်မချိပါပြီ။ ဘယ်လိုရပ်တည်သွား ရမလဲ။ ဖတ်ရတဲ့သတင်းဟာ လုပ်ကြံသတင်း
ဖြစ်ပါစေဆိုပြီးပဲ ဆုတောင်းရတော့မရ် ။
တခါက ကျနော်အိမ်ငှါးတော့ အိမ်မှာနေရတာ
ကတပတ်နှစ်ပတ်လောက်ပဲ ခရီးထွက်နေရတာ
များတယ်ပေါ့ ။ ဒါပေမယ့် လကုန် လို့ မီတာစာ
ရွက်လာတော့ မီတာစာရွက်ကိုကြည့်ပြီး မျက်စိတွေဝါး နားတွေပါလေထွက်ကုန်တယ်။ မီတာခ
(44240) ကျသင့်ပါတယ်တဲ့ ။ အိမ်မှာရှိတာက
ပုံမှန်သုံးနေကျ ရေခဲသေတ္တာ၊အဝတ်လျှော်စက်၊ အဲကွန်း ၊Tv ၊ထမင်းပေါင်းအိုး ၊ဟင်းချက်အိုး၊ ရေမော်တာ ဒါပဲရှိတာ။ အရင်အိမ်တွေတုန်းက တစ်လ (18000) ဝန်းကျင် ပဲကျတာ။ မီတာရုံးပြောတော့ လာစစ်ပေးပါမယ်တဲ့ ။လာလည်း မလာခဲ့။ စီစစ်ကြပ်မတ်မှု အားနည်းတဲ့ အနေ အထား။
ပြောင်းလဲချိန်တန်ပြီဆိုပေမယ့် အခွန်အကောက်နဲ့ ကုန်ဈေးနှုန်းသာ တက်ပြီးရင်းတက်နေလို့ 
ကတော့ အခြေခံလူတန်းစား ဘဝ နင်း ပြားဟာနင်းပြာပါပဲ ။ အမှန်ကန်ပြောင်းလဲဖိုအတွက် လိုအပ်ပါတယ်။
နောက်ဆို steemitလည်းအခွန်ဆောင်ရတော့မယ်ထင်ပါယ် ။
လက်ရှိမီတာခနဲ့ပတ်သက်လို့ လုပ်ရမှာတစ်ခုက အိမ်မှာ အသုံးပြုနေတဲ့ လျှပ်စစ်ပစ္စည်းတွေ အတွက်ကုန်ကျတဲ့မီတာခကို ချွေတာ ရမှာပါပဲ ။ အိမ်သုံး လျှပ်စစ်ချွေတာနိုင်ဖို့ မီတာခတွက်ချက် နည်းကို ပြန်လည်ရှာဖွေရင်း မျှဝေပေး လိုက်ပါတယ်။
လျှပ်စစ်မီတာခ တွက်ချက်နည်း
....
လျှပ်စစ်မီးအား
၁ ယူနစ် kWh (kilowatt hour) ကို၊
၁ နာရီလျှင် ဝပ် ၁၀၀၀ ဆိုပြီး
သတ်မှတ်ထားပါသည်။
လျှပ်စစ်မီးပစ္စည်းတိုင်းတွင်
မီးအားစားနှုန်းများပါရှိပါသည်။
(ဥပမာ၊ ၄ ပေ မီးချောင်း - ဝပ် ၄၀၊ လျှပ်စစ်ထမင်းပေါင်းအိုး - ဝပ် ၇၀၀ ၊ စသည်ဖြင့်)
လျှပ်စစ်အား ၁ ယူနစ်တွက်ချက်ရာတွင် အောက်ပါတွက်ချက်နည်းအားအသုံးပြုရပါ
မည်။
(မီးစားနှုန်း/၁၀၀၀ x အသုံးပြုသော အချိန်နာရီ x ၁ ယူနစ်နှုန်းထား = ကုန်ကျငွေ တန်ဖိုး)
Example - 1
၇၀၀ ဝပ် လျှပ်စစ်ထမင်းပေါင်းအိုးအား
မိနစ် ၃၀ ခန့်အသုံးပြုလျှင်
(၇၀၀ ဝပ် x ၀.၅ နာရီ / ၁၀၀၀ x ၃၅ ကျပ် =
၁၂.၂၅ ကျပ်)
စုစုပေါင်း (၁၂.၂၅) ကျပ်ကျသင့် မည်ဖြစ်ပါ သည်။
....
Example - 2
၎ ပေ မီးချောင်း ၄ ချောင်း
(၄၀ ဝပ် x ၄ = ၁၆၀ ဝပ်)၊
၁ ကောင် အဲယားကွန်း ၁ လုံး (၇၅၀ ဝပ်)၊
၁၅၀ ဝပ် တီဗွီ ၁ လုံး (၁၅၀ ဝပ်)
စုစုပေါင်း ၁၀၆၀ ဝပ် အား
၁ နာရီခန့်အသုံးပြုနေချိန်တွင်
(၁၀၆၀ ဝပ် x ၁ နာရီ / ၁၀၀၀ x ၃၅ကျပ် = ၃၇ ကျပ်)
စုစုပေါင်း ၃၇ ကျပ်ကျသင့်မည်ဖြစ်ပါသည်။
....
သီးခံဖတ်ပေးကြတဲ့မိတ်ဆွေများကို ကျေးဇူး
တင်ပါတယ်။
᠌᠌᠌ ᠌᠌᠌
By minkhantnyar
Photo - facebook
အခွန်အခတွေကောက်။လူတွေမှာရှာရဖွေရတာမလွယ်နဲ့။
Basic salary မြင့်မားနေရေင်တော့ တမျိုး ခုက .. အခွန်နဲ့ ရတဲ့လစာနဲ့ ဘယ်လိုမှအဆင်မပြေ ။
တက်နိုင်ဘူလေ ကိုယ်မှ လျှပ်စစ်မီးမသုံးပဲ မနေနိုင်တာ ပေးရမှာပေါ့
😃😃 အမှန်ပဲ
မီတာခတက်မယ်ဆိုတာ ဖတ်ရတော့ လန့်တောင်လန့်သွားတယ်။
😃😃😃
Right!
ခုတောင် တစ်သောင်းခွဲ ။သုံးဆဆို လေးသောင်းခွဲ။
အော် ငွေတွေ ဘယ်လိုများရှာဖွေရပါ့မလဲကွယ်။
Thank you!
အသိပညာလေး တစ်ခုရလိုက်ပါတယ်
Good 😃😃
မတတ်နိုင်ဘူးလေ ပေးရမှာပဲ
Right!
အလျော့မရှိပဲအတိုးချည်းပါပဲလား ဟူးဟူး
တိုးသထက်တိုး ဆိုးသထက်ဆိုးဦးမှာပါပဲ ။ yangon city လို့ သတင်းတစ်ခုကြားနေသေးတယ်။
အခွန်တွေကောက်တာ များတယ်နော် ဟီး 😁
ဟုတ်တယ်လို့ 
ပေးဆို ပေးရမယ်ဆိုပေမယ့်
မသထှာရေစာပါဗျာ 😒😒😒😒
ပေးရတာနဲ့ မတန်ပါဘူးကွာ
..
သူများနိုင်ငံတွေ စနေတနင်္ဂနွေဆို ဖရီး ... ပေးတာ ။
ခုက စနေတနင်္ဂနွေကိုမီးဖြတ်တာ ။