I and My Two Teacher

in #life7 years ago (edited)

##ကျွန်တော်နှင့် ကျွန်တော့ဆရာနှစ်ဦး##
2017-08-27 07.11.24.jpg
ယနေ့တော့ အခါတိုင်းလို သမိုင်းများရေးသားနေရာမှ ကျွန်လေးစားသော ဆရာနှစ်ဦးအကြောင်းရေးသားပါမည်။ လူတိုင်း တွင် ဆရာတော့ရှိမြဲ ဖြစ်မည်။ ဆရာ ၂ ဦးမကလည်းရှိပါမည်။ ကျွန်တော့တွင်လည်း ဆရာနှစ်ဦးမက ရှိသည်သာဖြစ်ပါ၏။ သို့သော် ယခုတင်ပြမည့်ဆရာများသည် အံ့သြထူးဆန်းစရာများနှင့်ပြည့်နှက်နေသော ဆရာနှစ်ဦးဖြစ်ပါသဖြင့် သူတို့အ ကြောင်း အားမှတ်တမ်းတင်ခွင့်ရသခိုက် မှတ်တမ်းတင်၍ ဂုဏ်ပြုအပ်ပါသည်။ ဆရာတို့ တပည့်ကအမှားအယွင်းများရေး သားမိက ခွင့်လွှတ်ပေးကြပါကုန်။
ဆရာဦးစိုးမြင့် နာမည်အရင်းဖြစ်ပါသည်။ မိတ္ထီလာမြို့ စက်ရေတွင်းတူးဖော်နည်းသင်တန်းတွင် ဆုံတွေ့ခဲ့ရသော ဆရာတစ် ယောက်ပါ။ ဆရာသည် မျက်တွင်းအတန်ငယ်ချိုင့်၏ ။ ဤသည်ကိုပင်ဂုဏ်ယူလျှက် မျက်လုံးနှင့်ဦးနှောက်ပိုနီးသွား၍ ညာဏ် ပိုကောင်းသွားတာဆရာက ရီစရာပြောတတ်သည်။ တကယ်လည်းဆရာကညာဏ်ကောင်းပါသည်။ အမြဲစာဖတ်နေတတ်ပြီး ဘယ်ဘာသာရပ်မဆို ဗိုလ်မထားတတ်သောဆရာဖြစ်သည်။ ဆုံးခန်းတိုင်လေ့လာတတ်သူဖြစ်သဖြင့် တော်တန်ရုံလေ့လာပြီး ဖြီးဖြန်းလျှင်လည်း ပက်ပက်စက်စက်ပြောပြစ်တတ်သည်။ တစ်ခါက ရေသန့်ဘာသာရပ်အတွက် သင်ကြားရန် ရုံးချုပ်မှ ဆရာ တစ်ဦးကို သင်တန်းကျောင်းသို့လွှတ်လိုက်သည်။ ဆရာက နေရာဖယ်ပေးပြီး သင်တန်းသားများနှင့်အတူ ထိုင်၍ သင်ယူ သည်။အတန်ငယ်နားထောင်နေပြီးနောက် ဆရာမတ်ရပ်ထလိုက်သည်။ သူမရှင်းတာကို ထပြီးမေးသည့် ကျောင်းသားစတိုင် နှင့်ဖြစ်သည်။ သို့သော် ဆရာက မေးခွန်းမေးခြင်းမဟုတ် “ ခင်ဗျားသင်တာ အဆင်မပြေဘူးဗျ၊ ဖြီးတာကများနေတယ်။ လာဒီ မှာလာထိုင် ကျွန်တော်သင်မယ်တဲ့” သူသင်တော့ စာအုပ်ပင် လက်ကမကိုင် အကြောင်းအရာတစ်ခုကို စေ့စပ်စုံစိနေ အောင်သိသူ၊ တတ်သူဖြစ်ကြောင်းပေါ်လွင်သည်။ အသင်အပြကောင်းပြီး နားလည်လွယ်ရန်သင်တတ်ရုံမျှမက ကြွယ်ဝလှ သော ဗဟုသုတကြောင့် ပြောစရာမေးစရာမကျန်အောင် သင်ကြားတတ်သည်။ရုံးချုပ်မှဆရာမှာ နောက်တစ်နေ့တွင် မိတ္ထီလာ မှပြန်လစ်သည်။ ရုံးချုပ်ရောာက်တော့ မိတ္ထီလာသင်တန်းကျောင်းသို့သူသွားပြီးစာမသင်ရဲတော့ဟုဆို၏။ ဟိုမှာ တကယ့်ဆရာ ကြီးရှိတယ်ဟူပါ၏။အမှန်တော့ ဆရာသည် သင်တန်းဆရာ ရာထူးလောက်မကသော ရာထူးများကို ထမ်းဆောင် နိုင်လောက် အောင်ထူးချွန်သူတစ်ယောက်ဖြစ်ပါသည်။ ထိုစဉ်က အကြောင်းသောအကြောင်းကြောင်းများကြောင့်သာ ရာထူးမရပဲ သင် တန်းဆရာတစ်ဦးမျှသာဖြစ်နေရလေသည်။ နောက်ထပ်ထူးခြားမှုမှာဆရာက ဗိုလ်မထား တတ်ခြင်းဖြစ်သည်။ ဆရာနိုင်ငံခြား သို့ပညာသင်သွားခဲ့စဉ်က နိုင်ငံ ၁၅၀ ခန့်မှ ကျောင်းသားများ စစ်တုရင်ပြိုင်ပွဲ ကျင်းပပေးသည်ဆိုပါ၏။ ထိုပြိုင်တွင် ဆရာဝင် ရောက်ယှဉ်ပြိုင်ခဲ့ခြင်းမရှိပါ။ ပြိုင်ပွဲတွင်ပထမရရှိခဲ့သည့် အမေရိကန်ကျောင်းသားကို သူ့အခန်းသို့မိတ်ဆက် ခေါ်ဆောင်ပြီး နှစ်ဦးတည်းယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပါသည်။စစ်တုရင် ပထမရသော အမေရိကန်ကျောင်းသားဆိုသူမှာ ဆရာ့ကို ၅ ပွဲဆက်တိုက်ရှုံး လေသည်။ အဲလိုမျိုးဆရာပါ။ အစကတဲကဝင်ပြိုင်ခဲ့လျှင် နာမည်လည်းကြီး၊ ဆုလည်းရ နိုင်သော်လည်း ပြိုင်ပွဲပြီးလို့ ပထမရ သူကိုမှ အခန်းထဲခေါ်ပြီး နလံမထူနိုင်အောင်နိုပ်ကွက်လေသည်။ မကွေးတိုင်းဂေါက်သီး လက်ရွေးစင် ၂ ဦးတုန်းက လည်း ထိုနည်းလည်းကောင်း၊ မကွေးတိုင်းလက်ရွေးစင် ဂေါက်သမားနှစ်ဦး ရွေးချယ်ပြီးကာမှ မိတ္ထီလာ ဂေါက်ကွင်း သို့ခေါ်ယူပြီး သုံးယောက်အတူ ရိုက်ခဲ့သည်။ ဘယ်လိုမှကို သူ့ကိုမယှဉ် နိုင်သဖြင့် ဟိုဆရာ နှစ်ဦးမှာ ငိုရခက်ရယ်ရခက်။ ပွဲစဉ်တွေ သာများ လာပြီး တစ်ကြိမ်လေးတောင်သူ့ကိုနိုင်အောင် မကစားနိုင်ကြ၊ ပင်ပေါင်ရိုက်ဦးမလား လက်တစ် ဘက်ကို ချုပ်ထားပြီး တစ်ဘက်တည်းရိုက်တာကိုပင် နိုင်အောင်ဘယ်သူမျှ မရိုက်နိုင်ပေ။ သူ့၏ ဗိုလ်မထားတတ်သောစိတ်မှာ ကြောက်စရာပင် ကောင်းလေသည်။
အလုပ်သွားခြင်း၊ စာသင်ခြင်းများတွင် အချိန်လေးစားတတ်မှုမှာလည်း ကြောက်စရာကောင်းပါသည်။ ဆရာသည် ၈ နာရီ ရုံးသွားမည်ဟု သူ့ကားသမားကိုမှာထားလိုက်၏။ ကားဆရာသည်ဖင်လှည့်ခေါင်းလှည့်ဖြင့် မိနစ်အနည်းငယ်နောက်ကျသွား ရာ ဆရာသည် တိုက်ပုံအင်္ကျီကို ဒရွတ်ဆွဲလျှက် ခြေကျင်လျောက်လေသည်။ ကားသမားမှာ နောက်မှ အမီလိုက်၍ ကားပေါ်တက်ပါရန်ပြောသော်လည်း ကားပေါ်သို့မတက် လျှောက်မြဲလျှောက်လေသည်။ ဆရာသည်တပည့်များအပေါ် သဘောကောင်းလှသော်လည်း တခြားဘယ့်သူ့ကိုမှ အားအနာတတ်ပါ။ရုံးချုပ်မှ ညွှန်ကြားရေးမှူးဆိုသူလာခေါ်သည်ကိုပင် လက်ကာပြပြီး စစ်တုရင်ထိုးနေတတ်သူဖြစ်လေသည်။

ဒုတိယထူးခြားသူဆရာမှာ ဘုန်းကြီးဘိုးနီဟုအမည်ကျော်သည့် ဘိက္ခုဝရသမ္ဘောဓိ ဖြစ်ပါသည်။ ဆရာဘုန်းဘုန်းနှင့် သိခွင့် ရရှိခဲ့သည်မှာ ကျွန်တော်၏စာဖတ်ဝါသနာက အရင်းခံပါသည်။ ဆရာဟုဆိုသော်လည်း တစ်မိနစ်သင်သင် နှစ်မိနစ်သင်သင် ဆရာသမားသတ်မှတ်တတ်သောကြောင့်သာ ဆရာဟုခေါ်ရခြင်းဖြစ်ပါသည်။ ပညာရပ်တစ်ခုကို ဆုံခန်းတိုင်အောင်တော့ ဆရာနှင့် မသင်ယူခဲ့ရပါ။ ဘုန်းဘုန်းဆရာ၏ ဘုန်းကြီးကျောင်းကလေးပေါ်သို့ ပထမဦးဆုံးကျွန်တော်ရောက်ခဲ့စဉ်က အံ့သြ လွန်းလို့မင်တက်မိဆိုတာမျိုးဖြစ်ခဲ့ပါသည်။ ကျောင်းအပေါ်ထပ်တစ်ခုလုံး စာအုပ်များနှင့်ခြေချစရာမရှိအောင် ပြည့်ကြပ်နေ သော ဘုန်းကြီးကျောင်းအပေါ်ထပ်ကလေး။ဘုန်းတော်ကြီးကြိမ်းအိပ်ရန် နေရာကလေးမှလွဲ၍ စာအုပ်များခင်းကျင်း ထား သည်မှာ အမြင့်ခါးအထက် ခန့်ရှိမည်။ ဘေးဘီနံရံများတွင်လည်း စာအုပ်များပြည့်ကြပ်နေသည်။ ဘုန်းကြီးကျောင်းမို့ တရား စာများသာ ပြည့်ကြပ်နေမည်ထင်မိပါက တက်တက်စင်အောင်လွဲပါမည်။ စာအုပ်မျိုးစုံ၊ ခေတ်အဆက်ဆက်စာအုပ်များ၊ ကျန်းမာရေးဆေးပညာ၊ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာအမျိုးမျိုးတို့၏စာပေများ၊ လူမှုရေးစာပေများစုံလင်လှပေသည်။ အထူး သဖြင့် ယောက်ျား၊မိန်းမ လူတစ်ကိုယ်လုံးစာရှိသော ပန်းချီဖြစ်သည်။ ပိတ်ကားတစ်ခုတွင် ရေးသားထားခြင်းမဟုတ်ပဲ အသည်း၊ ကျောက်ကပ်၊ အဆုတ်၊ နှလုံး၊ သွေားကြောများစသည်ဖြင့် အထပ်ထပ်ကာလာစုံဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး အလွန်ထူးခြား၍ ဆေးပညာလိုက်စားလိုသူများ၊ ဆရာဝန်များအတွက် အလွန်အသုံးဝင်မည့် ပန်းချီစာအုပ်ကြီးဖြစ်လေသည်။
ကျွန်တော်သည် ထူးခြားများပြားပြီး အလွန်ကောင်းမွန်လှသော စာအုပ်ပုံကြီးများကို ငေးမောကြည့်မိနေလေရာ ဘုန်းဘုန်း ကိုပင် ဦးချကန်တော့ရန်မေ့လျော့နေမိလေသည်။အသိပြန်ဝင်လာမှသာ ဘုန်းတော်ကြီးအားဦးခိုက်ရှိခိုးကန်တော့မိပါသည်။ ကြိုက်ရာစာအုပ်ယူဖတ်ပါဟု ဘုန်းဘုန်းက ခွင့်ပြုပါသည်။ သို့သော် အိမ်ကိုတော့ ယူသွားခွင့်မပေးနိုင်ဟု ကြိုပြောထားသည်။ ဒီလိုနှင့်ယူသွားကြပြီးပြန်ယူမလာ ကြတော့လို့ဆိုပါ၏။ မှန်ပေသည် လူအမျိုးမျိုးစိတ်အထွေထွေ ဆိုတော့ ဘုန်းကြီးစာအုပ်မို့ လေးလေးစားစား ပြန်ပို့မှာပဲလို့ တစ်ထစ်ချတော့မပြောနိုင်ပါ။
ကျွန်တော်သည် အဆိုပါ နွေရာသီကျောင်းပိတ်ရက်ဖြစ်နေသဖြင့် နေ့စဉ်လိုလို ဘုန်းကြီးကျောင်းသို့ရောက်ဖြစ်ပြီး စာအုပ်များ လည်းအတော်အတန်ဖတ်မိလာသည်။ ဆရာဘုန်းဘုန်းနှင့်လည်းရင်းနှီးလာပါသည်။ တစ်နေ့ ဘုန်းဘုန်းက အိမ်အထိယူ ဖတ်ရန် စာအုပ်တစ်အုပ်အားပေးငှါးပါသည်။ ကျွန်တော်သည် ယမ်းသာအားရဖြင့် အိမ်သို့ယူသွားပြီး အေးအေးဆေးဆေးဖတ် ခွင့်ရခဲ့ပါ၏။ တစ်ပတ်ခန့်အကြာ စာအုပ်ကိုဖတ်ရှုပြီးစီး၍ ဘုန်းဘုန်းထံ စာအုပ်သွားပြန်ပေးသောအခါ ဘုန်းကြီးဘိုးနီသည်။ စာအုပ်ကိုပြန်ယူလိုက်ပြီး တစ်ချက်လှန်လျောလိုက်ကာ ဒီစာအုပ်ထဲမှာအခန်းဘယ်နှစ်ခန်းပါသလဲဟုမေးလေသည်။ မထင် မှတ်ထားသောမေးခွန်းဖြစ်ပါသည်။ ဖတ်ပြီးပြန်ပေးလိုက်ပြီးနောက်ထပ်စာအုပ်ငှါးရန်ဖြစ်သော်လည်း စာမေးပွဲစစ်သကဲ့သို့မေး ခွန်းမေးမည်ဟုထင်မထားခဲ့မိ။ရုတ်တရက်မို့ဆိုသော်လည်း တော်တော်များစာအုပ်များကို အဲသလောက်မှတ်ထားခဲ့ခြင်းမရှိ ဖြစ်ခဲ့ရာဘုန်းဘုန်းအမေးကို မဖြေနိုင်ပါ။ “တပည့်တော် တိတိကျကျတော့မမှတ်မိပါဘူးဘုရား” ကျွန်တော်ရှက်ရှက်နှင့် ဖြေ လိုက်ရပါသည်။ဘုန်းဘုန်းက “မင်းတို့ခေတ်ကလေးတွေစာဖတ်တာပုံမကျသေးဘူး၊ ဟောဟို အပုံထဲက ခုနှစ်ဆင့်မြောက် စာ အုပ်ကို သွားယူခြေ။ စာမျက်နှာ ၉၆ ကိုလှန်လိုက် ငါရွတ်ပြမယ်” ဆိုကာ စာကိုအလွတ်ရွတ်ပြသည်။ စာအောက်တွင် ဘိက္ခုဝရသမ္ဘောဓိဟု လက်မှတ်ထိုးထား၏။ အဲသလိုလက်မှတ်ထိုးထားတဲ့စာပိုဒ်မှန်သမျှ ငါခုလိုရွတ်ပြနိုင်တယ်ဟုဆိုပါသည်။ စာအုပ်များတွင် မှင်နီများတားပြီးလက်မှတ်ထိုးထားသော နေရာများမှာ အများကြီးပင်ဖြစ်ပါသည်။
ထိုနေ့ကစာအုပ်ထပ်မငှါးပါ။ ဟိုအပတ်က စာအုပ်ကို ပြန်ပေးလိုက်ပါသည်။ ကျွန်တော့အိမ်မှာ ကျောင်းတက်တုန်းလို စာတွေ ပြန်ကျက်ရသည်။အခန်းဘယ်နှစ်ခန်း၊ တစ်ခန်းခြင်းခေါင်းစဉ်များ၊ ခေါင်းတစ်ခုခြင်းမှ အကြောင်းအရာများ တစ်ပတ်တိတိ ပြန် ဖတ်လိုက်သောအခါ ဒီစာအုပ်အကြောင်းကို အရင်တစ်ခေါက်ဖတ်တုန်းကကဲ့သို့ ဖတ်ပြီးပါပြီဟုပြောနိုင်ယုံသိခြင်း မျိုးမဟုတ် တော့ပဲ နှိုက်နှိုက်ချွတ်ချွတ်သိရှိနေပါတော့သည်။ဘုန်းကြီးဘိုးနီသည် ကျေနပ်အားရစွာဖြင့် ဒီလိုမှပေါ့ကွ ဟုချီးကြူးလေ သည်။နောက်တစ်ခုမှာ ကျွန်တော်အင်္ဂလိပ်စာညံ့လွန်းသဖြင့် ဘုန်းဘုန်းသင်ပေးပါရန် လျောက်ထားသောအခါ သူတို့အင်္ဂ လိပ်ခေတ် သူငယ်တန်းဖတ်စာကို ထုတ်ယူပြီး ဒါကိုအရင်စဖတ် မင်းအောက်သက်မကြေခဲ့လို့မတတ်တာဟု ဆိုပါ၏။ မတတ် နိုင်ပြီ ကျောင်းနေပါပြီဆိုသူ ကျွန်တော်မျိုးကို သူငယ်တန်းဖတ်စာကို ပေးလိုက်သဖြင့် စိတ်မကောင်းသော်လည်း တကယ် တွေးကြည့်တော့ သူပြောတာကမမှားပါ။ ကျွန်တော်သူတို့အင်္ဂလိပ်စာ အောက်သက်မကြေခဲ့သဖြင့် ဘုန်းဘုန်းပေးတဲ့ သူငယ် တန်းဖတ်စာ၌ပင်ပိုင်ပိုင် နိုင်နိုင်မရှိကြောင်းဝန်ခံရပါမည်။
အတိုချုံ့၍ပြောရလျှင် ကျွန်တော်သည် ဆရာကောင်းများနှင့်ဆုံတွေ့ခဲ့သည့်အတွက် အလွန်ကံကောင်းသူတစ်ဦးဖြစ်ပါသည်။ သို့သော် ဆရာဘုန်းကြီးဘိုးနီသည် ကျွန်တော် ခရီးငါးရက်ခန့်သွားနေစဉ် ပျံလွန်တော်မူခဲ့သဖြင့် ကျွန်တော်အလွန်ကံဆိုးခဲ့ပါ သည်။ ပို၍ ဆိုးသောအချက်မှာ ကျွန်တော်ပြန်ရောက်သောအခါ စာအုပ်များကို အနီးနားမှ လူများလာရောက်ယူငင်သွားကြ ပြီး ကျောင်းပေါ်တွင် တစ်အုပ်မျှပင်မကျန်တော့ခြင်းဖြစ်ပါသည်။

ရေးသားသူ- မင်းစိုးနိုင်
Photo – Google & Facebook

Sort:  

ကိုမင်းစိုးနိုင် စာအရေးသားကောင်းတယ်ဗျာ ။ tag ထည့်ထားတာတော့ တခုခုလွဲနေသလိုပဲ လမ်းညွှန်အဖွဲ့နဲ့မေးကြည့်ပါအုန်း။

ကျေးဇူးပါ၊ tag က ဘယ်တစ်ခုလွဲတာလည်း ကျွန်တော်က ဒီအတိုင်းကြာပြီ၊

စာအုပ်တွေ နှမြောစရာပဲ

good ဒယ် ငါ့များစောင်းပြောနေလားမှတ်ရတယ် myanmar ကိုရှေ့ဆုံးကထည့်မှ myanmar ထဲမှာ ရှာရလွယ်တာဗျ in myanmar ကိုနှိပ်လိုက်ရုံနဲ့ myanmar အားလုံး အလွယ်တကူ ဖတ်လို့ရတယ်ဗျ ကျန်တာတော့အနော်လည်းမသိ
Screenshot_150.png

စာဖတ်နေရင်းနဲ့ ဆရာ ၂ ဦးစလုံးကို လေးစားကြည်ညိုမိလာတယ်။

ဒါတောင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀ ကျော်က သကြား ညိုညစ်ညစ်တွေ export လုပ်မယ့် ကိစ္စ နဲ့  အရည်အသွေး ဟာ စီးပွားရေး ဒဿန ဖြစ်တယ်ဆိုတာတွေမပါသေးဘူး၊ရှည်မှာစိုးလို့ 

Nice post par

ကောင်းလိုက်တဲ့ ဆောင်းပါး.... တခါဖတ်တာအားမရလို့ ၃ ခေါက်ဖတ်လိုက်တယ်...

အရမ်းတော့ မြှောက်မပေးနဲ့ ကြိုက်တတ်လို့ 

Good teacher we don’t forget.

Congratulations @minsoenaing! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes received

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

This post has received a 0.73 % upvote from @booster thanks to: @minsoenaing.

Congratulations @minsoenaing!
Your post was mentioned in the hit parade in the following category:

  • Upvotes - Ranked 6 with 253 upvotes