ခပ်တုံးတုံး Steemit Member တစ်ယောက်အကြောင်း

in #myanmar6 years ago

ခပ်တုံးတုံး Steemit Member တစ်ယောက်အကြောင်း
image
တကယ်တော့သူက ဘာမှချေချေရာရာ သိတဲ့ကောင်မဟုတ်ဘူး။MSC ဝင်ပြီး Steemit platform ပေါ်မှာ လျှောက်ခဲ့တာဖြင့် တစ်နှစ်တင်းတင်းပြည့်ခဲ့ပြီးပြီ။ Post ရေးပြီးတင်တာလွဲလို့ဘာဆိုဘာမှ မသိတဲ့ကောင်။ Exchange တွေသာမရှိရင် ငွေဘယ်ဘယ်လိုထုတ်ယူရမလဲ ဆိုတာလည်းမသိ၊ Bittrex Site မှာ Trade ဖို့နေနေသာသာ အကောင့်တစ်ခုရအောင်ဖွင့်တောင်မတတ်နိုင်တဲ့အကောင်။ သူများရှင်းပြထားတာတွေဖတ်ထား ရဲ့နဲ့ နားမလည်တတ်တဲ့ကောင်။ Power up တာကို သူများလို Steem market ကမအပ်တတ်လို့ ဒါရိုက် Power up ပြီး 1SBD ကို 7Steem လောက်ပေါက်ဈေးရှိနေတဲ့အချိန်မှာ SBD 30 ကို 18 Steem နဲ့ Power up ခဲ့တဲ့ကောင်ပါဆို။
ခုအချိန်အထိ Upvote ပေးတဲ့အခါ 100% ပေးနေတတ်ပြီး ရာခိုင်နှုန်းဘယ်လိုလျော့ပြီး Vote ရမှာ လည်းမသိသေးတဲ့ကောင်။ကိုယ်က SP ဘယ်လောက်နဲ့ ရာခိုင်နှုန်းဘယ်လောက် Vote လိုက်ရင် ဒေါ်လာ ဘယ် လောက်တက်သွားမလဲ မတွက်တတ်သေးတဲ့ကောင်။
နိုင်ငံခြားသားတွေရဲ့ Upvote ကိုအရမ်းလိုချင်နေပေမယ့် ဘယ်လိုချဉ်းကပ်မိတ်ဆွေဖွဲ့ရမှာလည်း ဆိုတာ တောင်မသိတဲ့ကောင်။ နိုင်ငံခြားသားတစ်ရောက် Cheetah မိနေတာကို ပြောပြမိလို့ ကလော်တုတ်ခံခဲ့ဘူး တဲ့ကောင်။အဲဒီကောင်အလိုက်ပုံများ ပထမဆုံး Steemit အကောင့်ဖွင့်ပြီး Password မေ့လို့အကောင့် အသစ် ပြန်ဖွင့်ခဲ့ရသေး။သူရေးတဲ့ စာတွေကို Google Translator ထဲထည့်ပြီး အင်္ဂလိပ်ဘာသာပြန်ဖို့ကြိုးစားပြီး သူ့စာ သူပြန်နားမလည်တော့ကောင်လေ။
သူ့အသက် ၅၀ ကျော်ကို လူသိမှာစိုးပြီး @minsoenaing ဆိုတဲ့အမည်နဲ့ လူငယ်တွေကြားရော နှော နေတဲ့ကောင်၊ သိလိုတတ်လိုစိတ်က ပြင်းပေမယ့် English ဘာသာမှာဖြင်းလို့ ရှင်းရှင်းမရေးတတ်တဲ့ကောင်ပါ။ သူများ Bot လို့လိုက် Bot ပြီး ခဏခဏရှုံးနေလို့ Bot မလုပ်ရဲတော့တဲ့ ကောင်။
အံမယ်အဲဒီကောင်က Discord ကနေfree Upvote ရဖို့ သူများပြောပြလို့လုပ်တတ်သွားသေး။ အဲဒီ ကောင်က Byteball တွေဘာတွေနားမလည်ပေမယ့် ငွေ ၂၀၀၀၀ လောက်တော့ ရသွားခဲ့သေး။ သူများ တွေတစ်နှစ်ကျော်ချင်းအတူတူ SP တွေ RP တွေ 60 ကျော်ကုန်တာတောင် နှေးနှေးကွေးကွေးနဲ့ RP 57 နဲ့ ရှိနေသေးပြီး Steem Power ရောင်းမစားလို့ 400 နီးနီးဖြစ်လာခဲ့တဲ့ကောင်။သူ Vote ပေးရင် 0.03$ ပမာဏလောက်တက်သွားတာနဲ့ လူငယ်အသစ်တွေကို Upvote ပေးပါ့မယ်ဆိုပြီး လင့်တောင်းနေတဲ့ကောင်။
Gathering လာတက်ပါဆိုတော့ အကြောင်းအမျိုးမျိုးနဲ့ ဂတိမပေးရဲတဲ့ကောင် ။သူများတွေ ဆုံကြတော့ မယ်ဆိုပြန်တော့ မနာလိုအားကျနေတဲ့အကောင်လေ။ သူ့မှာကောင်းတာဆိုလို့ အားမနာပါးမနာ ဝေဖန်တတ် တဲ့ကောင်။သူများတွေ MSC ကထွက်ရင် ဘာမဆိုင်ညာမဆိုင် စိတ်မကောင်းဖြစ်နေတဲ့ကောင်။

မင်းစိုးနိုင်
MSC -010
Photo –Google

Sort:  

လေးစားပါတယ်ဗျာ

တုံးအတာတောင်လေးစားတဲ့သူတော့ရသေးတာပဲ ဟီး

အ ချင် ယောင် ဆောင်နေတဲ့ အအ ကောင် ဟုတ်ဘူးလားဗျ

ရိုးဂုဏ်ကို လူတွေ တန်ဖိုး ထားကြပေမယ့် ရိုးအလွန်းရင်တော့
တက်နင်းခံရတတ်တယ်ဗျ

တတ်နိုင်ဘူးတကယ်အတာကို

အမငီး.... ခပ်တုံးတုံးမို့

မယုံဘူးလား

ဟုတ်ကဲ့ပါ အများအတွက်ဆရာ့စေတနာလေးစားပါသည်

ဦးမင်းအဲ့တုန်းကမှတ်မိသေးတယ် steem နှစ်ရာလောက်ရရမှာကိုဗျာ ကျနော် order တွေထဲ ဦးမင်းတင်ထားသေးလားလိုက်ရှာသေးတာ

ထီပေါက်တော့မယ်။ထူးထူးခြားခြားအလည်လာတယ်

ဟားဟား … me too
နာ့ စောင်းပြောနေ သလားတောင် ထင်မိ … ဟိဟိ

တကယ်တူလို့လား။ဟီးဟီး

ဘိုက်ဘောလုပ်ဖြစ်သေးတယ် ဟီး

Byteball လုပ်ပါ တော်ကြာပိုက်ဘောထင်နေမယ်

ထိုထိုကောင်များ စုလိုက်သောအခါ ကြာသောအခါ msc တွင် အကောင်ကြီးတစ်ကောင်ဖြစ်လာသည်တကား ...

အကောင်ကြီးဟုတ်သေးပါဘူး

တချို့ အချက်လေးတွေ တူဒယ်

ဘယ်အချက်တွေပါလိမ့်

သမီးလည်း steemit နဲ့ပက်သက်ပြီး မသိသေးတာ အများကြီးရယ်။

အမှန်တော့ gathering တက်နိုင်ရင်ပညာတွေဖယ်လှယ်နိုင်မှာ

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.029
BTC 63607.88
ETH 2506.13
USDT 1.00
SBD 2.59