မိုနာလီဇာ၏ ပန်းချီကားနှင့် စီးပွားရေးပညာ

in #myanmar7 years ago (edited)

image

လီယိုနာဒိုဒါပင်ဂျီ၏ မိုနာလီဇာအပြုံးဟူသောပန်းချီကားကို ပြခန်းတွင်လှပစွာချိတ်စွဲပြသထားသည့် ပြခန်း အတွင်းသို့ လူတစ်ယောက်ရောက်ရှိလာသည်။ ပြခန်းတွင်စောင့်ကြပ်တာဝန်ယူသည့်သူအားစကားလာပြောခြင်း ဖြစ်၏။
“ခင်ဗျားက ပြခန်းအစောင့်လား”
“ဟုတ်ပါတယ်ခင်ဗျ ဘာများအကူအညီပေးရမလဲ”
“အကူအညီတစ်ခုတောင်းချင်လို့ပါ”
“ပြောပါခင်ဗျာ လိုအပ်တဲ့အကူအညီကို ”
“ဒီလိုပါဗျာ ဒီမိုနာလီဇာအပြုံးဆိုတဲ့ပန်းချီကားနဲ့ အကျိုးအမြတ်ရှာချင်လို့ပါ”
“ဟုတ်ကဲ့ ဝယ်သွားပြီးပြန်ရောင်းရင်အမြတ်ရမှာသေချာပါတယ်”
“မဟုတ်ပါဘူးဗျာ ဒီပန်းချီကားကို ကျွန်တော်မဝယ်ပါဘူး”
“ဗျာ” အစောင့်က အနည်းငယ်လန့်သွားသည်။ ပန်းချီကားကိုမဝယ်ပဲ အကျိုးအမြတ်ရှာမယ်ဆိုတော့ ဒီလူ ခိုးသွားမလို့များလားဟု သံသယဝင်လာသဖြင့် သတိအနေအထားဖြင့်စောင့်ကြည့်ရန်ပြင်ဆင်လိုက်သည်။
“မဝယ်ပဲနဲ့အကျိုးအမြတ်ရှာမယ်ဆိုတော့ နည်းနည်းများတယ်ဗျာ ခင်ဗျားမရိုးမသားတော့ မကြံစီဘူးမို့ လား။” အစောင့်ကခပ်တင်းတင်းဖြစ်လာသည်။ ဒါကို ပြခန်းလာကြည့်သူက ရိပ်မိသဖြင့်
“မစိုးရိမ်ပါနဲ့ဗျာ..ခင်ဗျားရဲ့ပန်းချီကားကို ကျုပ်ကခိုးမသွားပါဘူး။ကုန်ကုန်ပြောရရင် လက်ဖျားနဲ့တောင်မ ထိပါဘူး။”
“ခင်ဗျားက လက်ဖျားနဲ့တောင်မထိဘူးဆိုတော့ ကျုပ်ကိုခိုးခိုင်းမလို့ပေါ့လေ ဒီလိုမဟုတ်လား ကိုယ့်လူ စိတ်မကူးနဲ့၊ ကျုပ်ကလည်း လက်ဖျားနဲ့တောင်မထိနိုင်ဘူး”
“ဒီလိုတော့မပြောပါနဲ့ဗျာ နေ့တိုင်းခင်းကျင်းပြသပြီးရင် ဖြုတ်ဖြုတ်သိမ်းတဲ့အခါ ခင်ဗျားလက်နဲ့ကိုင်တာကို ကျွန်တော် သိပါတယ်”
“အော်.ဒါကခင်ဗျားလက်ပေါက်ကပ်ပြောတာပဲ၊ ကျုပ်ကစကားအဖြစ်ပြောတာပေါ့ဗျ၊ ကျုပ်မခိုးဘူးဆိုတာ ကိုပြောနေတာ”
“စိတ်မရှိပါနဲ့ဗျာ ကျွန်တော်ကလည်းမခိုးခိုင်းပါဘူး၊ ဒါပေမယ့် ခင်ဗျားလည်းအကျိုးရှိရမယ်။ ကျွန်တော် လည်းအကျိုးရှိမယ့် ကိစ္စ”
ပြခန်းအစောင့်ကခေါင်းကိုတဗြင်းဗြင်းကုတ်လိုက်ပြီး
“ဘာတွေလည်းဗျာ နားမလည်တော့ဘူး၊ ဒီပန်းချီကားနဲ့အကျိုးအမြတ်ရှာမယ်။ ဒီပန်းချီကားကိုလည်း မဝယ်ဘူး၊ ခိုးသွားမှာလည်းမဟုတ်ဘူး၊ဟေ့လူ ခင်ဗျားလာနောက်နေတာလား ”
“မနောက်ပါဘူး၊ ဒီလိုဗျာ ခင်ဗျားညနေကျရင် ပန်းချီကားတွေဖြုတ်ပြီးသိမ်းရဦးမယ်မဟုတ်လား၊ပြီးတော့ နောက်တစ်နေ့ကျပြန်ခင်းမယ်။ဒီလိုမဟုတ်လား”
“ဟုတ်တယ်ဗျာ ဟုတ်တယ်ဟုတ်တယ် အဲတာဘာဖြစ်သလဲ”အစောင့်ကစိတ်တိုစပြုလာသည်။
“ဒီလိုဗျာ ခင်ဗျားနောက်တစ်နေ့ ပြန်ခင်းတဲ့အခါ ဒီမိုနာလီဇာအပြုံးဆိုတဲ့ပန်းချီကားကို ပြန်မချိတ်နဲ့ ခင်ဗျားဘာသာလုံလုံခြုံခြုံသိမ်းထားလိုက် တစ်လပဲ အဲသလိုသိန်းထားပေးရင် ဒေါ်လာတစ်ထောင်ပေးမယ် ဘယ် လိုလဲ”
အစောင့်တွေဝေသွားသည်။ပစ္စည်းကမပျောက်ပျက်ပဲ တစ်လခန့်သိမ်းထားလိုက်ရုံဖြင့်ဒေါ်လာတစ်ထောင်ရ မယ်ဆိုတော့ ၊သူ့အဖို့ခက်ခဲလှသည့်ကိစ္စတော့မဟုတ်။
“တကယ်လား”
“တကယ်ပေါ့ဗျာ… သဘောတူတယ်ဆိုရင် ခုချက်ချင်း ဒေါ်လာတစ်ထောင်ပေးခဲ့မယ်”
ပြခန်းလာကြည့်သူက အစောင့်ကို ဒေါ်လာတစ်ထောင်ချက်ချင်းထုတ်ပေးလိုက်သည်။ အစောင့်ဘာပြန် ပြောရမှန်းမသိခင် အစောင့်လက်ထဲ ဒေါ်လာတစ်ထောင်ရောက်လာသည်။ ဘာမှထွေထွေထူးထူးလုပ်မပေးရပဲ ဒေါ်လာတစ်ထောင်ရတာဆိုတော့ မငြင်းဆန်နိုင်ပဲဖြစ်နေသည်။။ ပြခန်းလာကြည့်သူက “စိတ်ချမယ်နော်” ဟုပြော ကာ ပြန်ထွက်သွားသည်။ နောက်တစ်နေ့တွင် ဒီမိုနာလီဇာအပြုံးဆိုတဲ့ပန်းချီကားပျောက်ဆုံးနေသည် ဆိုသည့် သတင်းထွက်လာ၏။နောက်တစ်နေ့…..
ပြခန်းအပြင်ဘက်တွင် ဒီမိုနာလီဇာအပြုံးဆိုတဲ့ပန်းချီကားပုံတူဆိုပြီးမိုနာ လီဇာပန်းချီကားအတု ရောင်းချ နေသူတစ်ဦးပေါ်လာသည်။
image
ဒီမိုနာလီဇာအပြုံးပန်းချီကားကိုမမြင်ဖူးလိုက်သူများက မြင်ဖူးရန်ဆိုကာ ပန်းချီကားအတုကိုပင် ဝယ်ယူသွား ကြ၏။ တစ်လခန့်ကြာသောအခါ မိုနာ လီဇာပန်းချီကားအတုပေါင်း ထောင်နဲ့ချီ၍ရောင်းချလိုက်ရသဖြင့် အမြတ် များစွာရလိုက်သည်။ တစ်လပြည့်သောအခါ အစောင့်ကပြန်ချိတ်လိုက်သဖြင့် ဒီမိုနာလီဇာအပြုံးပန်းချီကား ပြန် ရောက် နေပြီဆိုသော သတင်းထွက်ပေါ်လာပါသည်။
နောက်တစ်နေ့တွင် ပြခန်းလာကြည့်သူပြန်ရောက်လာပြီး အစောင့်အားကျေးဇူးတင်ပါကြောင်းပြောကြား လေသည်။

သူငယ်ချင်း အင်္ဂလိပ်စာကျူရှင်ဆရာ တင့်လွင်ပြောပြသည့် အကြောင်းအရာလေးအားပြန်လည်ရေးသား ပါသည်။
ရေးသားသူ-မင်းစိုးနိုင်
MSC 010
Photo – Google

Sort:  

အူးမင်းတို့ အကြံပိုင်ချက် ဗျာ 😁

အရမ်း​ကောင်းပါတယ်​အကို

အကြံပိုက်သဗျာ😄😃

ဥာဏ်ကောင်းလွန်းပါတယ်ဗျ

This post has received gratitude of 1.67 % from @appreciator thanks to: @minsoenaing.