ကျွန်တော်နှင့် စက်ရုံမှူး

in #myanmar8 years ago (edited)

ကျွန်တော်နှင့်စက်ရုံမှူးး

2017-10-07 14.50.47.png

အလုပ်ဝင်သည်ဆိုကတဲက Mechanical Engineer တစ်ယောက်အတွက် စက်မှုဌာနတစ်ခုခုတွင် တာဝန်ချထားခံရ မည်မှန်း အလိုလိုသိပြီးဖြစ်သည်။ သို့သော် ကျွန်တော်တစ်ယောက်မှာ ထူးချွန်ပြောင်မြောက်စွာဖြင့် လျှပ်စစ်ဌာနတွင် နေ့ဆိုင်း (Day Shift)၊ ညဆိုင်း (Night Shift)ဖြင့် အလုပ်ဆင်းခဲ့ရသည်။ ကြာလာတော့ mechanical ဆိုတာ ဘာမှန်း ပင်မသိတော့ အလိုလိုမှ ကျောင်းတုန်းက Engine တစ်လုံးဖွင့်လျှင် လူ ၅၀ ကျော် ဝိုင်းကြည့်ခဲ့ရသဖြင့် ဘာမှ တတ်မလာပါ ဘူးဆိုမှ လျှပ်စစ်ဌာနတွင် စက်ကြီးလည်နေသမျှ ဘာအလုပ်မှမလုပ်ရပဲ ထိုင်ကြည့်နေရသည့် အခါ လူသည်တုံးရုံမက အ,လာပြီဆိုလည်းမှန်သည်။ တနေ့တနေ့ စာတွေဖတ်ရတာလည်းအမော။ ဟိုတုန်းက ခုလို internet ကလည်းရှိ၊ Steemit ကလည်းပေါ်နေခဲ့ရင်တော့ စာတွေရေးကောင်းလိုက်မည့်ဖြစ်ခြင်း၊ နေ့မအား….ညမအား…။
အဲဒီတုန်းကလစာက မလောက်င, အလုပ်က အားချိန်များသဖြင့်သာ စက်ရုံမှာ စိုက်ပျိုးရေး၊ မွေးမြူရေးတွေလုပ်ပြီး ဘဝကိုကြံ့ကြံ့ခံရပ်တည်ခဲ့ရသည်။နောက်တော့ မွေးမြူရေးလုပ်ငန်းလေး အောင်မြင်လာတော့ မိမိသင်ယူခဲ့သည့်ပညာလည်း ပြန်အသုံးချလေ့လာလိုလာသည်။ သိုဖြင့် လက်ထောက်စက်ရုံမှူးအား တင်ပြလိုက်သည်။ လက်ထောက်စက်ရုံမှူးမှ အစည်း အဝေးတွင် ဆက်လက်တင်ပြပေးသောအခါ ဒုတိယစက်ရုံမှူး(စီမံရေး)ဆိုသူက “ဒီကောင်ဘာတတ်လို့ စက်မှုဘက်သွား ချင်တာလည်း” ဟု ရင့်ရင့်သီးသီးအပြောခံရသေးသည်။ နောက်တော့ ကျွန်တော်တင်ပြသည်မှာလည်း ဖြစ်သင့်ဖြစ်ထိုက် သော တင်ပြမှုဖြစ်သဖြင့် Mechanical Work Shop သို့ပြောင်းရွေ့ပေးလိုက်သည်။ သို့သော် ဒုတိယစက်ရုံမှူး(စီမံရေး)က သိပ်တော့ မကျေနပ်။
တာဝန်စတင်ထမ်းဆောင်ခွင့်ရသည့်နေ့၌ပင် ဒုတိယစက်ရုံမှူး(စီမံရေး)က ဌာနသို့ရောက်လာပြီး “ ငါ့ရုံးခန်းကို ရေမလာဘူး မင်းရဲ့အစွမ်းကြည့်မယ်” ဟုဆိုပါ၏။ကျွန်တော်လည်း “ဒီနေ့ဆရာအခန်းရေ ရစေရမယ်” ဟုအာမခံပေး လိုက် သည်။ သူထွက်သွားတော့မှ ဌာနတွင်လက်ရှိဆောင်ရွက်နေသူများကို မေးကြည့်ရသည်။ ကိုယ်ကအာမခံပေးလိုက်သော် လည်း လုပ်ငန်းအကြောင်းက ဘာမှမသိရသေး။ ခုမှစပြီးရုံးခန်းထိုင်ရုံရှိသေးသည်ပဲ။ မတတ်နိုင် အာမခံပေးလက်စနဲ့ မရ ရအောင် လုပ်ပေးရပေတော့မည်။
လက်ရှိဆောင်ရွက်နေသည့် တပည့်အချို့ကိုရုံးခန်းခဏလာဖို့ခေါ်ခိုင်းလိုက်ရသည်။ မောင်အောင်ဆိုသူရောက်လာ၏ “ကဲ ဆိုစမ်းပါဦး ဒုတိယစက်ရုံမှူး အခန်းရေမတက်တာကြာပြီလား”
“ဆယ်ရက်လောက်ရှိနေပြီဆရာ”
“သူအခန်းဘက်တက်တဲ့ပိုက်လိုင်း ပေါက်နေတာတို့ ဆို့နေတာတို့ ရှိမရှိစစ်ဆေးပြီးပြီလား”
“စစ်ဆေးပြီးပြီဆရာ ဘာအပေါက်မှမရှိပါဘူး၊ ပိတ်ဆို့နေတာလည်းမရှိဘူး၊ ကျွန်တော်တို့ ပိုက်တွေကိုပြန်ဖြုတ်ပြီးကို စစ်ကြည့်တာပါ၊ အကုန်လုံးကောင်းတယ်၊ ရေကတော့မတက်ဘူး”
ကျွန်တော် စဉ်းစားကြည့်တော့ ရေလိုင်းမှာဘာပြဿနာမှရှိမနေ၊ ဆိုတော့ ရေ Pressure မှာရှိနိုင်သည်။
“ကဲမောင်အောင်ရေ ဒီဘက်က စက်ရုံမှူးအခန်း၊ ဒုတိယစက်ရုံမှူး(ကုန်ထုတ်)အခန်းတွေကို လိုင်းခဏပိတ်ပြီး သူ့(ဒုတိယစက်ရုံမှူး-စီမံရေး)အခန်းတစ်ခုထဲ ဖွင့်ပေးကြည့်စမ်းပါ..”
“ဟုတ်ကဲ့ဆရာ”
ပြောဆိုပြီး မောင်အောင်က သူ့လူနှစ်ယောက်ပါခေါ်ပြီးထွက်သွားသည်။ ခဏကြာတော့ ဒုတိယစက်ရုံမှူး(စီမံရေး) အခန်းရေ ရသွားပြီဆရာဟု လာသတင်းပို့သည်။
“ဟုတ်ပြီမောင်အောင် တခြားရေအသုံးများနေတဲ့နေရာတွေကို လိုက်စစ်ဆေးပေးဦး ဘယ်နေရာတွေမှာ Pressure များနေလဲ ဆိုကြည့်ခဲ့”
ဟုတ်ကဲ့ဆရာ”
ဆိုပြီး မောင်အောင်ထွက်သွားပြန်သည်။ ခဏကြာသော် မောင်အောင်ပြန်လာပြီး
“ရေခဲစက်မှာ အသုံးများနေတယ် ထင်တယ်ဆရာ”
“အေးအေး ဒါဆို ရေခဲစက်မှာ Pressure လျော့လိုက်ပြီးရင် စက်ရုံမှူးအခန်း၊ ဒုတိယစက်ရုံမှူး(ကုန်ထုတ်) အခန်း တွေကို ပြန်ဖွင့်ပေးကြည့်၊ ပြီးရင် ဒုတိယစက်ရုံမှူး(စီမံရေး)အခန်းကိုတက်ကြည့်ခဲ့ဦး”
မောင်အောင်ထွက်သွားပြီး မကြာမီ ရေအားလုံးရေရသွားပြီဖြစ်ကြောင်းနှင့် ဒုတိယစက်ရုံမှူး(စီမံရေး)အခန်းလည်း ရေရပြီဖြစ်ကြောင်း သတင်းပြန်လာပို့သည်။မနက် ဆယ်နာရီမထိုးခင်ပင် ဒုတိယစက်ရုံမှူး(စီမံရေး) ၏ပေးအပ်သော တာဝန်မှာ ပြီးစီးခြင်းသို့ရောက်ပါပြီ။
နေ့လည်ဘက် ထမင်းစားပြီးရုံပြန်တက်ချိန်တွင် ကျွန်တော့ရုံးခန်းသို့ရောက်လာသည်။ ကျေးဇူးတင်ကြောင်း၊ တော်ကြောင်းချီးမွန်းလေမလားဟု မထင်လိုက်ပါနှင့်
“ငါ့အခန်းရေရဖို့ မလုပ်သေးဘူးလား”
“ရေ ရသွားပြီလေဆရာ မနက်ကပဲ ဆရာ့ကို ဖုန်းဆက်ပြောသေးတယ်လေ”
“အေး အခုမရဘူး”
“ဒါဆိုခဏဆရာ”
ဒုတိယစက်ရုံမှူး(စီမံရေး)ရုံးခန်းမှ PA အောင်မျိုးကျော်ထံဖုန်းလှမ်းဆက်လိုက်သည်။
“အောင်မျိုးကျော်ရေ မင်းတို့အခန်းရေလာလား”
“ဟုတ်ကဲ့ လာပါတယ်ဆရာ” ဆိုတော့မှ
“လာလဲပြီးတာပဲ” ဟုပြောကာ စောင့်ကြီးအောင့်ကြီးဖြင့်ပြန်ထွက်သွားသော ဒုတိယစက်ရုံမှူး(စီမံရေး)ဆိုသူကို ကျွန်တော် အံ့အားသင့်ငေးမော ကြည့်နေမိလေသည်။
ဘဝတွင်ရိုးသားစွာဖြင့်နေထိုင်လိုသည်။ ဖြောင့်မတ်စွာဖြင့်သက်ရှင်သန်လိုသည်။ သို့သော် ဖြောင့်မတ်မှုကို ဖြောင့် မတ်စွာဖြင့်တုန့်ပြန်မလာသည့်အခါ နာကြည်းချက်တို့ ဝင်လာတတ်လေသည်။ နာကြည်းမှုမှသည် စိတ်ရိုင်းများအဖြစ် ပြောင်း လဲပြီး ဘဝကို အရွဲ့တိုက်ချင်သူတို့ပေါ်လာတတ်ပြန်သည်။
ကျွန်တော်ကတော့မူ အဆိုပါနာကြည်းချက်များအား စွမ်းအားအဖြစ်ပြောင်းလဲကာ အခြားတစ်ဘက်တွင် ပြန်လည် သုံးချနိုင်ခဲ့သဖြင့်သာလျှင် ယခုအချိန်အထိ ကောင်းမွန်သော၊ တည်ငြိမ်အေးချမ်းသော ဘဝဖြင့်သာရပ်တည်နိုင်ခဲ့လေသည်။
ရေးသားသူ - မင်းစိုးနိုင်
Photo -google

Sort:  

ရိုးသားမှုကဂုဏ်ယူစရာပါ

@royrodgers has voted on behalf of @minnowpond. If you would like to recieve upvotes from minnowpond on all your posts, simply FOLLOW @minnowpond. To be Resteemed to 4k+ followers and upvoted heavier send 0.25SBD to @minnowpond with your posts url as the memo

Thank you for your support

good post....love your post

Me too your posts.

Thank you so much for sharing all this information! that's great! All the best! Waiting for more posts! :)

I am alaway tring to be best.

ဒါမျိုးလူကြီး​တွေနဲ့ ခနခနကြုံခဲ့ရတယ်​ဗျ။ ကိုယ့်​အလှည့်​ကျ အဲလိုမဖြစ်​​အောင်​ ဂရုစိုက်​​နေထိုင်​​နေပါတယ်​။

အတွေ့ ကြုံဆိုတာ စာသင်ခန်းမှာ သင်ယူလို့ မရခဲ့တော့

Good post bro.

တခါတလေမှာ ကိုယ်ရဲ့ရိုးသားမူဟာ သူတပါးအတွက် အသုံးချခံဖြစ်သွားတက်သည်

ဒါပေမဲ့ ကမ္ဘာကြီးက ရိုးသားသူတွေ လိုအပ်နေပါတယ်။

You take my real practical .

ဂွတ်​ပို့စ်