အောင်ဝါ
အောင်ဝါ ဆိုတာဘာလဲ
Aung Wa is a magical cat found in myanmar myth. This cat is so interesting. Vine give birth Aung Wa. This is unique and so so mysterical.
အောင်ဝါ ဆိုတာကတော့ ထူးခြားတဲ့ သတ္တဝါတစ်ကောင်ဖြစ်ပါတယ်။ သူက နွယ်ပင်ရဲ့ အဖူးကနေ ဖြစ်လာတယ်လို့ဆိုပါတယ်။ လပြည့်ညတွေမှာ အသက်ဝင်လာတယ်လို့ဆိုပါတယ်။ သူကြောင်တစ်ကောင် အဖြစ်ကို လုံးဝပြောင်းလဲတော့မယ့် လပြည့်ညမှာ နွယ်ပင်ကို အရင်းနားကနေ ဖြတ်လိုက်နိုင်ရင်အဲဒီလူက အောင်ဝါကို ထိန်းချုပ်လို့ရပါပြီ။ နောက်ဆုံးညမတိုင်ခင်မှာတော့ လပြည့်ညတိုင်းမှာ ကြောင်အော်သံပေးပါတယ်။ အောင်ဝါကို ဖမ်းချင်တဲ့သူတွေက အဲဒီကြောင်အော်သံက ဘယ်နေရာကလာနေသလဲ ဆိုတာကို အရင်ဦးဆုံး ရှာထားရပါတယ်။ ပထမညတွေမှာ ကြောင်ပုံစံ မပီပြင်ပေမဲ့ နောက်ဆုံးညမှာတော့ တကယ့်ကြောင်တစ်ကောင်လို ဖြစ်လာနေပါပြီ။

Image Source
အဲဒီလို အဖြတ်ခံလိုက်ရရင်တော့ အောင်ဝါက ကြောင်တစ်ကောင် ဖြစ်မလာတော့ပါဘူး။ ပြောရရင်တော့ လူခြောက်နဲ့ ဆင်ဆင်တူပါတယ်။ အောင်ဝါရဲ့ ကြောင်မဖြစ်တော့တဲ့ ခန္တာကိုယ်ကို သိမ်းထားပြီးတော့ ခိုင်းစားလို့ရပါတယ်။ သူများတွေဆီက ပစ္စည်းတွေကို ခိုးခိုင်းလို့ရပါတယ်။ အဲဒီအတွက် လောဘသမားတွေက အောင်ဝါကို လိုချင်ကြပါတယ်။ အောင်ဝါကို ဖမ်းမိဖို့အတွက် ဘယ်လိုပြင်ဆင်ရတယ်ဆိုတာကို မသိပါဘူး။ တစ်ကယ်လို့ မအောင်မြင်ရင် ဘာတွေ ဖြစ်လာနိုင်သလဲ ဆိုတာကိုလဲ မသိရပါဘူး။ နွယ်ပင်က နေ မြွေဖြစ်လာနိုင်တယ်ဆိုတဲ့ အယူအဆလိုပဲ နွယ်ပင်ကနေ ကြောင်တစ်ကောင် ဖြစ်လာနိုင်ပါတယ်။ နွယ်ပင်ကနေ ဖြစ်လာတဲ့မြွေကိုတော့ ဘယ်နေရာမှာ သုံးလို့ရသလဲ မသိပါဘူး။

Image Source
အောင်ဝါက Cheshire Cat လိုပါပဲ။ ကိုယ်ပျောက်နိုင်တဲ့ အစွမ်းရှိပါတယ်။ အခြားဘာအစွမ်းတွေ ရှိသေးသလဲတော့ မသိပါဘူး။
ဒါတွေက ဒဏ္ဍရီလာ သတ္တဝါတွေပဲ ဖြစ်ပါတယ်။ သမန်းကျား လိုမျိုးပါပဲ။ မြန်မာတွေရဲ့ စွဲလမ်းယုံကြည်မှုတွေပါ။ တကယ်ရှိမရှိဆိုတာတော့ မပြောနိုင်ပါဘူး။ ပုံကတော့ ရှာလို့မရတဲ့အတွက် တွေ့တဲ့ပုံကိုပဲ တင်ပေးလိုက်ပါတယ်။
Posted from my blog with SteemPress : http://steemhosting.com/myanmarpress/?p=196
ကြောင်မျက်ရှင် ဆိုတာရော...
Posted using Partiko Android
ကြောင်မျက်ရှင်က ကြောင်ကသေသွားပေမဲ့ ပါးစပ်ကနေ အော်နေတုန်းပဲ။ သူက မျက်လုံးကို ဖောက်ထုတ်ပြီးတော့ အသုံးချလို့ရတယ်။
ဂမ္ဘီရဆန်ဆန်ပေါ့ စိတ်ဝင်စားစရာတော့ကောင်းတယ်