ရာသီပေါာကဒတ်ဟင်းချို
ရာသီပေါ်ကဒတ်ဟင်းချို
မွန်ပြည်နယ် တောထဲတွင် ယခု နယုန် ၀ါဆိုဝါခေါင်လတွင် မြေမှတူးဆွ၍ရသော ကဒတ်ဟင်းချိုအကြောင်း ပြောပြချင်ပါသည်။
photo by moe wai
ကဒတ်သည် မြေကြီးထဲတွင် အမြစ်အရှည်ကြီး နက်နေအောင်တူးယူရပါသည်။ တူးယူသည့်အခါ အရှည်တိုင်း ရရှိအောင် အသေအချာလုပ်ယူရပါသည်။ မြေကြီးအောက်တွင် ဆက်၍တူးယူရရှိနိုင်ပါသည်။ ရရှိလာသော ကဒတ်များကို ရေနဲ့ဆေး၍ ပါးပါးလှီးပြီး ဟင်းချိုချက်သောက်လို့ရပါသည်။
ချွဲပျစ်သော ကဒတ်အသားသည် ဟင်းချိုချက်လိုက်လျှင် ထမင်းမြိန်စေသော ဟင်းချိုဖြစ်ပါသည်။ ရေနွေးဆူပြီးလျှင် ဟင်းချိုတန်ဆာပလာနှင့်အတူ ကဒတ်ကို ထည့်ပြုတ်ချက်ရပါသည်။ နောက်ထပ်ဆူလာပြီးလျှင် မီးဖိုမှချ၍ ပင်စိမ်းရွက်ထည့်လိုက်ပါ။ ပင်စိမ်းရွက်ထည့်လိုက်ပါပြီးလျှင် ပင်စိမ်းရွက်ကြောင့် မွှေးပျံ့သော ကဒတ်ဟင်းရနံ့ကို ရရှိစေပါသည်။ ပင်စိမ်းရွက်သည် ကဒတ်ဟင်းနှင့် အလိုက်ဖက်ဆုံး ဖြစ်စေပါသည်။ ရာသီပေါ် ကဒတ်ဟင်းချိုကို ငါးဖယ်ငါးဆုပ်ကြော်နှင့်အတူ တခြားငါးကြော် ကြက်ကြော်များနှင့် တွဲစားလျှင် အရသာထူးစေပါသည်။
photo by moe wai ပင်စိမ်းရွက်
ကဒတ်များကို ကျပ်စင်တွင် မီးခဲနှင့်အခြောက်ဖြစ်အောင် ကျပ်တိုက်ထားလို့ရပါသည်။ ကဒတ်ခြောက်ကို ကြော်စား၍လည်းကောင်း ဟင်းချိုချက်၍လည်းကောင်း သုံးဆောင်နိုင်ပါသည်။
ထူးကဲသော ကဒတ်ဟင်းချိုအရသာကို မြည်းကြည့်စေချင်စမ်းပါသည်။
မြန်မာစတီးမစ် မိသားစုဝင်များ ကျမ်းမာချမ်းသာကြပါစေ။
ဆန္ဒမွန်ဖြင့်
မိုးဝေ
မစားဘူးသေးပါ
လာလည်ပါမွန်ပြည်နယ်ကိုချက်ကျွေးပါ့မယ်
ကြုံ ကြိုက်ရင် စားဖူးချင်မိပါရဲ့ အန်တီမိုးဝေ
မွန်ပြည်နယ်မှာဆိုဆွမ်းကျွေးပွဲမှာအထူးငါးမီးဖုတ်နဲ့ရောချက်တယ်လာလည်ပါကျွေးမယ်