မေးခွန်းကောင်းကောင်းမေးတတ်ပြီလား?steemCreated with Sketch.

in #knowledge7 years ago

FB_IMG_1500979092565.jpg
မေးခွန်းမေးတတ်တဲ့ အလေ့အကျင့်ဟာ ကောင်းပါတယ်။
ဒါပေမယ့် မေးခွန်း ကောင်းကောင်းမေးတတ်ဖို့တော့လိုပါ
တယ်။ အရင်ဆုံး မေးခွန်းမေးတာနဲ့ ပတ်သက်ပြီး အတွေ့
အကြုံလေး တစ်ခုကို ဝေမျှချင်ပါတယ်။

ကျွန်တော်က လွန်ခဲ့တဲ့ ၅နှစ်ခန့်က လှည်တန်း ဦးဝင်းနိုင်
အင်္ဂလိပ်စာ သင်တန်းမှာ တက်ခဲ့ဖူးပါတယ်။ ဆရာကြီး
ဦးဝင်းနိုင်ရဲ့ သွန်သင်ဆုံးမမှုတွေကြောင့် ကျွန်တော် ဒီလို
ဖြစ်လာခဲ့တာပါ။ အဲ့ဒီသင်တန်းမှာ သင်တန်းသားတွေ
ဟာ အလှည့်ကျ စင်ပေါ်တက်ပြီး Topic တစ်ခုကို Talk
show လုပ်ရပါတယ်။ တက်ပြောတဲ့လူအတွက် လူရှေ့
သူရှေ့မှာ ပြောရဲတဲ့ Skill ရပါတယ်။ အောက်က လူတွေ
အတွက် မေးခွန်းဘယ်လို မေးရမလဲ ဆိုတဲ့ Skill ရပါ
တယ်။ စင်ပေါ်ကလူ စကားပြောပြီးသွားရင် အောက်က
လူတွေ မေးခွန်းမေးနိုင်တဲ့ Q&A section ရှိပါတယ်။
အဲ့ဒီမှာ အဲ့ဒီအချိန်တုန်းက တွေ့ရတဲ့ ပြဿနာတစ်ခုကို
ပြောပြပါမယ်။ အောက်ကလူတွေဟာ စင်ပေါ်ကလူ
သေချာရှင်းပြပြီးသွားတဲ့အရာတွေကို ထပ်မေးခြင်းပါ။
စင်ပေါ်ကလူ ပြောတာကို အာရုံလုံးဝမစိုက်ကြပါဘူး။
မေးခွန်းမေးချိန်ကျမှ ဆရာကြီး ဆူတာခံရမှာစိုးလို့
ဝတ်ကျေတန်းကျေ မေးခွန်းထမေးကြပါတယ်။ မေးခွန်း
မေးတဲ့ အလေ့အကျင့်ဟာကောင်းပါတယ်။ ဒါပေမယ့်
Right Question မေးတတ်တဲ့ အလေ့အကျင့်က
ပိုကောင်းပါတယ်။ အပေါ်ကလူ ပြောသွားတာကို
ထပ်မေးတာထက်ဆိုးတာ ရှိပါသေးတယ်။ အဲ့ဒါက
တော့ ရှေ့ကလူတစ်ယောက်မေးသွားတဲ့ မေးခွန်းကို
ပဲထပ်မေးတာပါ။ စင်ပေါ်ကလူက အဖြေတစ်ခုတည်း
ကို အကြိမ်ကြိမ်ရှင်းပြနေရပါတယ်။ ဆရာကြီးရဲ့
ရည်ရွယ်ချက်က လူငယ်တွေ မေးခွန်းမေးရဲအောင်
လုပ်ထားတာမို့ အဲ့ဒီလို သင်တန်းမှာ ဖြစ်တာ
ဘာမှ မဖြစ်ပါဘူး။

ဒါပေမယ့် ပြင်ပလောကမှာ Business Meeting
တွေမှာ၊ Seminar တွေမှာ ၊ ဟောပြောပွဲတွေမှာ
ဆိုရင်တော့ အဲ့ဒီအကျင့်ဟာ မကောင်းပါဘူး။ မိမိ
က တကယ်သိချင်တယ်ဆိုရင် အစတည်းက သေချာ
နားထောင်ရပါမယ်။ ဟောပြောသူ ပြောသွားတာတွေ
ထဲကမှ မိမိဥာဏ်မမီတာမျိုးကို မေးလို့ရပါတယ်။ ဒီလို
မှမဟုတ်ပဲ ကိုယ့်ဘာသာကိုယ် အိပ်ငိုက်နေပြီးမှ
မေးခွန်းထမျိုးတာမျိုး မမေးသင့်ပါဘူး။ အာရုံစိုက်
နားထောင်ပြီးလို့မှ မရှင်းတာကတော့ မေးသာမေးပါ။

နောက်တစ်ချက် အချို့သူတွေမှာတွေ့ရတာက မိမိ
ဘာသာ Research အရင်မလုပ်ပဲ၊ ကိုယ့်ကိုယ်ကို
အားမကိုးပဲ မေးခွန်းမေးခြင်းပါ။ ကျွန်တော့်ကို အဲ့လို
မေးတဲ့သူတွေ တွေ့ရင် ကျွန်တော်က google မှာ
ဘယ်လိုရှာရလဲပြန်သင်ပေးပါတယ်။ အချို့က
မကြိုက်ပါဘူး။ သူမေးတာလေးတောင် မဖြေချင်
ဘူးလား ဆိုတဲ့ အကြည့်နဲ့ ကြည့်ပါတယ်။ Lao Tzu
ပြောဖူးတဲ့စကားလေး တစ်ခုရှိပါတယ်။ "လူတစ်
ယောက်ကို ငါးတစ်ကောင်းပေးလိုက်ပါ။ အဲ့ဒီလူ
တစ်နေ့တာ စားစရာရသွားပါလိမ့်မယ်။ လူတစ်
ယောက်ကို ငါးမြှားနည်းသင်ပေးလိုက်ပါ။ အဲ့ဒီလူ
တစ်သက်စာ စားစရာရသွားပါလိမ့်မယ်" တဲ့။

သူမေးတဲ့မေးခွန်းကို ဖြေပေးလိုက်လို့တော့ရတယ်။
ဒါပေမယ့် အဲ့ဒီသူ အကျင့်ပါသွားပါလိမ့်မယ်။ တစ်
နည်းအားဖြင့် အဲ့ဒါဟာ အပေါ့စား အချောင်ခိုလို
တဲ့ အလေ့အကျင့်တစ်မျိုးပဲ ဖြစ်ပါတယ်။ ပြောပြ
ပေးမယ့်သူမရှိတော့တဲ့ တစ်နေ့ဒုက္ခရောက်ပါလိမ့်
မယ်။ ကိုယ့်ကိုယ်ကိုယ် အားကိုးတတ်အောင်ကြိုး
စားပါ။ ကိုယ့်ဘာသာ ကိုယ် ကြိုးစားပြီး ရှာဖွေထား
တဲ့ Knowledge ဟာ မေ့ခဲပါတယ်။ သူများဆီက
အချောင်ရတဲ့အရာမျိုးကတော့ ကြာရှည်မခံတတ်
ပါဘူး။ မိမိနားမလည်တဲ့ အရာမျိုးကျရင်တော့
မေးပါ။ မိမိတစ်စက်မှ အားမထုတ်ပဲ အမြဲမေးခွန်း
လိုက်မေးတာကတော့ မကောင်းပါဘူး။ ကျွန်တော့်
ကိုမေးခွန်းတစ်ခုလာမေးရင် များသောအားဖြင့်
Google မှာ ရှာရမယ့် Keyword ကိုပဲ ပြောပြ
လိုက်လေ့ရှိပါတယ်။ သူများကို မေးခွန်းသွားမေး
လို့ ပြန်မဖြေရင် စိတ်မဆိုးပါနဲ့။ သင်ကသူများ
အချိန်ကိုလည်း ဓားပြတိုက်သေးတယ်။ မပေးတော့
လည်း စိတ်ဆိုးတယ်ဆိုရင်တော့ မဟုတ်သေးပါ
ဘူး။ မိမိဘာသာ အရင်သိအောင် တတ်နို်င်
သလောက် လုပ်ပါ။ ပြီးမှ မေးခွန်းကိုမေးပါ။
အောင်မြင်နေသူတွေအတွက် အချိန်ဆိုတာ
ပိုတောင် တန်ဖိုးရှိကြပါသေးတယ်။ သူတို့က အဲ့ဒီ
အသိပညာတွေကို အချိန်တွေ အကုန်ခံပြီးလေ့လာ
ခဲ့ကြတာပါ။ သူတစ်ပါးဆီကမေးမယ်ဆိုရင် သူလုပ်
ခဲ့တဲ့ ကြိုးစားအားထုတ်မှုတွေကိုလည်း စိတ်ထဲက
အသိအမှတ်ပြုပြီးမေးပါ။

ရေးသားသူ မိုးရှင်း
follow me here @mooen