"လူတစ်ယောက်ဘယ်လိုစခဲ့လဲ အရေးကြီးတယ်။"
Photo credit:jwsmedia.com
"လူတစ်ယောက်ဘယ်လိုစခဲ့လဲ အရေးကြီးတယ်။"
ဒီစကားလေးက ကိုပြေခိုင်ပြောခဲ့တဲ့ စကားလေးပါ။
အရမ်းလည်း သဘောကျမိပါတယ်။ နောက်တစ်ခုက
"လူမင်းသာ လူကြမ်းမင်းသားဘဝနဲ့ ရုပ်ရှင်လောကကို
ဝင်ခဲ့ရင် အခု ဘယ်လိုဖြစ်နေမလဲ" တဲ့။ သေချာတာ
ပေါ့။ လူကြမ်းကြီးလို့အားလုံးမြင်နေမှာပေါ့။ ဥပမာ
မြန်မာဇာတ်ကားတွေထဲမှာ အရံအနေနဲ့ပါတဲ့
ကောင်မလေး ချောချော တစ်ယောက်ရှိတယ်။
ယွန်းရွှေရည်ထင်တယ်။ သူကဇာတ်ကားထဲမှာ
အမြဲအရံ၊ နှာခေါင်း ကြီးတဲ့ ကိစ္စကိုစတာလည်း
ခံရသေးတယ်။ တကယ်တော့ သူ့ရုပ်ရည်
က မင်းသမီးလုပ်လို့ ရတဲ့အဆင့်ရှိပါတယ်။
သူလည်းအခြေအနေအမျိုးမျိုးကြောင့် အရံနဲ့
စခဲ့ရတာဖြစ်နိုင် ပါတယ်။နောက်ပိုင်း သူ ခေါင်းဆောင်
မင်းသမီးလုပ်တော့ သိပ်မအာင်မြင်ပါဘူး။ လူတွေက
သူ့ကိုအရံအနေနဲ့ မြင်နေတာကြာသွားတာကိုးးး။
လူတွေရဲ့အမြင်ကို Change လို့ရလားဆိုရင် ရတော့
ရပါတယ်။ ဒါပေမယ့် အရမ်းခက်ပါတယ်။ အများကြီး
ပြန်ကြိုးစားရပါလိမ့်မယ်။ ကုန်ပစ္စည်းတစ်ခုလို့
သဘောထားမယ်ဆိုရင် Rebranding, Brand
repositioning သဘောတရားနဲ့ ညီပါတယ်။
လုပ်မရဘူးတော့ မဟုတ်ဘူး။ အဲ့ဒီလို လုပ်ပြခဲ့တဲ့
သူတွေ၊ Brand တွေ ရှိပါတယ်။ ဒါပေမယ့်
နည်းပါတယ်။
ဒီတော့ အဲ့လို မဖြစ်ချင်ရင် အစကောင်းဖို့လိုပါ
တယ်။ ကျွန်တော့်ကို ဆိုရင် စာရေးဆရာ၊ အင်္ဂလိပ်
စာဆရာလို့ အများက သိကြပါတယ်။ ကျွန်တော်က
အဲ့ဒီအပိုင်းကို အမြဲ Branding လုပ်ခဲ့တာကြောင့်
ပါ။ ဒါပေမယ့် ကျွန်တော့်ရဲ့ Background က
Digital Marketing ပါ။ ကျွန်တော့် အတွေ့အကြုံ
၎နှစ်ကျော်ပါပြီ။ မြန်မာနိုင်ငံမှာ Ecommerce တွေ
စပေါ်ကတည်းက၊ Ecommerce တွေကို သယ်ယူ
လာတဲ့ Rocket Internet စတည်းက ကျွန်တော်
အဲ့ဒီ Digital Marketing လောကထဲမှာရှိခဲ့တာ
အခုအချိန်ထိပါပဲ။ ဒါပေမယ့် အဲ့ဒီအပိုင်းကို လူသိ
အောင် Branding မလုပ်ခဲ့တဲ့အတွက် ကျွန်တော့်
ကို အဲ့ဒီအပိုင်း Specialist မှန်း မသိကြပါဘူး။
ဟိုနေ့ကဆို တစ်ယောက်ကမေးတယ်။ အစ်ကို
က Digital Marketing Group ထဲမှာ Sharing
လုပ်ပေးနေတာ တွေ့တော့ အစ်ကို့ Background
လေး သိလို့ရမလားတဲ့။
ပြောချင်တာ အဲ့ဒီအချက်ပါ။ လူတစ်ယောက်
ဘယ်လို စခဲ့လဲ ဆိုတာ အရေးကြီးတယ်ဆိုတာ
ပါ။ ကျွန်တော်က အဲ့ဒီအပိုင်းကို တမင်သက်သက်
Hidden ထားခဲ့တာပါ။ လူတွေကို ပေးချင်တဲ့
message အရမ်းများသွားရင် လူတွေရဲ့အမြင်
မှာ ရှုပ်သွားတတ်ပါတယ်။ အဲ့ဒါကြောင့်လည်း
သူက မေးတာပါ။ သူ့အပြစ်မဟုတ်ပါဘူး။
ဆိုကြပါစို့ လူမင်းက မင်းသားမလုပ်ပဲ လူကြမ်း
ဘဝနဲ့ ရုပ်ရှင်လောကထဲဝင်လာရင် သူ့ကိုအခု
အချိန်မှာ လူကြမ်းကြီးလို့ပဲ မြင်ကြမှာပါ။ သူက
သူ့ကိုသူ မင်းသားဆိုပြီး ယုံယုံကြည်ကြည်နဲ့
ဇာတ်ကားတွေ ရုပ်ရှင်တွေ ရိုက်ခဲ့တယ်။ သင်
လက်ခံချင်ချင်၊ လက်မခံချင်ချင် သူအခု ရုပ်ရှင်
အစည်းအရုံး ဥက္ကဌဖြစ်နေပါပြီ။ သူ့ကို အားပေး
တဲ့ ပရိသတ်လည်း ရှိပါတယ်။
ကျွန်တော် ဘယ်အလုပ်ရောက်ရောက် မာန်လည်း
တက်လေ့မရှိပါဘူး။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ်
အားငယ်ပြီးလည်း မနေပါဘူး။ ကိုယ့်ကိုယ်ကို မြင်တဲ့
အမြင်ဟာ သူများက ကိုယ့်ပေါ် မြင်တဲ့အမြင်နဲ့
တိုက်ရိုက်ဆက်သွယ်နေပါတယ်။ ကိုယ်က အားငယ်
နေရင်သူများ မျက်စိထဲမှာလည်း ကိုယ်က ကြောင်
သူငယ် လေးလို ဖြစ်နေတတ်ပါတယ်။ ကိုယ်က
ရဲရင့်ပြီး Confidence ရှိနေရင် သူများမျက်စိထဲ
မှာလည်း အလိုလို ရှိန်ပါတယ်။ သင့်အပေါ်သင်မြင်
တဲ့စိတ်ထားက အရမ်း အရေးကြီးပါတယ်။
ကိုယ့်ကိုယ် ဘယ်လိုမြင်လဲဆိုတာဟာ ဘယ်လို
စလဲ ဆိုတာနဲ့ ပြန်လည်ပြီး ပက်သက်နေပါတယ်။
အားအရမ်းငယ်တဲ့သူတွေဟာ အမြဲအောက်ကျို့
ပြီး သိမ်သိမ်ငယ်ငယ်နဲ့ ဖြစ်နေတတ်ပါတယ်။
သူများ အမြင်မှာလည်း အဲ့လိုဖြစ်လာပြီး နောက်
ဆုံး သူများရဲ့ လက်အောက်မှာပဲ တစ်သက်လုံး
နေရပါတော့တယ်။ မာန်တက်ဖို့၊ ဂုဏ်မောက်ဖို့
ပြောတာမဟုတ်ပါ။ လုံလောက်တဲ့ Confidence
ရှိဖို့ဆိုလိုတာပါ။ ဒီ အချက်ဟာ Life တစ်ခုလုံး
မှာ အရမ်း အရေးကြီးပါတယ်။ Relationship
တွေမှာလည်း ဒီလိုပါပဲ။ လုံလောက်တဲ့Confidence
မရှိရင် ကိုယ်က အလွှမ်းမိုးခံဖြစ်သွားတတ်ပါတယ်။
အနိုင်ယူဖို့ ပြောတာမဟုတ်ပါ။ လုံလောက်တဲ့
ယုံကြည်မှု ရှိပြီး ကောင်းမွန်တဲ့ Argument လုပ်
တတ်ရပါမယ်။ အမြဲတမ်း ခေါင်းညှိမ့်နေတာ
နည်းလမ်းမှန်လို့ မထင်ပါ။
ဘယ်လိုစခဲ့လဲ အရေးကြီးသလို ဘယ်လိုအမြဲ
ကြိုစားနေလဲဆိုတာလည်း အရေးကြီးပါတယ်။
ဘယ်လို အဆုံးသတ်လည်း ဆိုတာလည်း အရေး
ကြီးပါတယ်။ ဒီစာလေးက ဘယ်လိုစလဲဆိုတာ
ကိုပဲ Focus ထားပြီး ရေးထားတာပါ။
မိမိအမြင်သာဖြစ်သည်။ သဘောထား လွတ်လပ်
စွာ ကွဲလွဲနိုင်ပါတယ်။
ရေးသားသူ မိုးရှင်း
follow me here @mooen
Awesome!
Congratulations @mooen! You have completed some achievement on Steemit and have been rewarded with new badge(s) :
Award for the number of upvotes received
Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word
STOP
ညီလေး, ဒီလို စာမျိုးဟာ ပျောက်မသွားသင့်တဲ့ အရာပါ။ ညီလေး အစ်ကို့ blog ကို ရောက်လာလို့သာ ညီလေးကိုတွေ့တာ....စာများများရေးပါ, tag list မှာ Myanmar ဆိုတာထည့်ပေးပါ။ညီလေး အစ်ကို့ကို messenger ကနေဆက်သွယ်ပါ အခက်အခဲ ရှိရင်
မင်္ဂလာပါအကို အခုလိုလမ်းညွန်ပြပေးတာ ကျေးဇူးတင်ပါတယ်