ခေတ်စားနေတဲ့
ခုနောက်ပိုင်း ခေတ်ထနေတဲ့ တစ်ယောက်တည်းပဲ နေတတ်တယ်။ ခင်တဲ့သူနဲကျ စကားအသေများ၊ မဟုတ်မခံ ပြန်ပြောလိုက်ရမှ ဆိုတာလေးတွေ၊ နားကြပ်နဲ့ သီချင်းနားထောင်ပြီး အခန်းထောင့်မှာ မှိန်းနေတတ်တယ်ဆိုတဲ့ outsider ကာရိုက်တာတွေ။ အဲ့လိုကာရိုက်တာတွေ ကိုယ့်မှာ ရှိပါတယ်ဆိုတဲ့ လူတွေ တကယ်ရော ကိုယ်ဟာ အဲ့လိုလူလားဆိုတာ ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ကြပါ။ ဘာလို့ဆို အဲ့လိုကာရိုက်တာက အတော်များများရဲ့ ideal type ပဲ။ ခေတ်စကားနဲ့ ပြောရရင် စောက်ထာကျတယ်ပေါ့။ တခါတခါကျ ကိုယ်တွေဟာ အများက ကောင်းတယ်လို့ မသိမသာ သတ်မှတ်ထားတဲ့ ဘောင်ထဲကို သိသိသာသာကြီး ကိုယ့်ကိုကိုယ်
သွတ်သွင်းမိနေတာတွေ ရှိတယ်။ (ပြောရရင် o သွေးကဘလို၊ B သွေးက ဘယ်ပုံဆိုတာလဲ အဲ့အတိုင်းပဲ)

တကယ်ရှိတယ်လေ၊ တကယ် အဲ့လိုဆိုတော့ ဘာဖြစ်လဲဆို ဘာမှ မဖြစ်ပါဘူး။ ဒါပေမဲ့ လက်တွေ့လောကဟာ ဝထ္ထုစာအုပ် မဟုတ်ဘူး။ ဂျင်းဘောင်းဘီထဲ လက်နှိုက်လို့ ဆံပင်စုတ်ဖွားနဲ့ ဂျစ်ကန်ကန် ကောင်လေးတို့
ရှပ်အကျီအပွကြီးနဲ့ ဂစ်တာလွယ်ထားတဲ့ မိန်းကလေးတို့ဟာ ဝထ္ထုထဲမှာပဲ ဇာတ်လိုက်ဖြစ်နိုင်တယ်။ အဲ့လို ဝထ္ထုတွေဟာလည်း ဆယ်ကျော်သက် ဘဝမှာ အဆုံးသတ်သွားတာချည်းပဲ။ လက်တွေ့လောက ဘသူကများ ဆယ်ကျော်သက်နဲ့ ပြီးသွားလို့လဲ သေသွားတာက လွဲရင်ပေါ့လေ။ စိတ်ထဲမထင်သလို ဘုဘောက်ချိုးတတ်တဲ့ ဂျစ်ကန်ကန် စောက်ကလေးဟာ အလုပ်မ

လုပ်တော့ဘူးလား၊ ရှပ်အကျီ အပွနဲ့ ညနေခင်းမှာ ဆေးလိပ်ဖွာတတ်တဲ့ ကောင်မလေးလည်း အသက်ရှင်ရပ်တည်ဖ်ို့ အလုပ်လုပ်ရတာပဲလေ။ အဲ့လို အခြေအနေမှာ အဲ့လို အချိုးတွေနဲ့ အဆင်ပြေမယ် ထင်လား၊ အလုပ်က ထားပါဦး၊ ပေါင်းသင်းဆက်ဆံရေးမှာရော အဆင်ပြေမတဲ့လား၊ ကိုယ်ကလည်း ဘာကောင်မှ မဟုတ်ပဲ ပြောချင်ပြောမယ်၊ မပြောချင်မပြောဘူး။ ချိန်းထားပြီးသားနေရာလဲ စိတ်ထဲမထင်ရင် မသွားဘူးကွာဆိုပြီး ထထွက်သွားတာမျိုးဆိုရင် ရုပ်ရှင်ထဲမှာ ဆိုရင်တော့ ဇာတ်ပို့တွေက လိုက်ခေါ်မှာပေါ့၊ လက်တွေ့မှာတော့ သူငယ်ချင်းတွေက တခါသည်းခံ၊ နှစ်ခါသည်းခံ၊ နောက် အမြဲတမ်းသည်းခံ နိုင်မတဲ့လား၊ ဘာမှ စောက်ထာကျတာ မဟုတ်ဘူး။ နားရင်းအုပ်ချင်စရာ အဲ့တာ။ သူငယ်ချင်းတွေ တရုန်းရုန်း ရှိနေပါလျက်နဲ့ ငါ့ဘဝက အထီးကျန်လိုက်ဆိုတဲ့ အတွေးကလည်း မကောင်းပါဘူး။ အဲ့အတွေးတွေကို ဖွဘုတ်ပေါ် စတေးတပ်တင်ရင် ပိုမကောင်းပါဘူး။ တကယ် ကိုယ့်နားမှာရှိနေတဲ့ သူငယ်ချင်းတွေကို စော်ကားလိုက်တာပါပဲ၊ အဲ့လိုတွေကြောင့် မိတ်ပျက်ကုန်ကြတာတွေလည်း မြင်ရဖူးပေါင်းများပြီ။
အဲ့လို ကာရိုက်တာတွေကို မကောင်းဘူးလို့ ပြောတာတော့ မဟုတ်ပါဘူး။ ခုခေတ်ကလေးတွေအနေနဲ့ အဲ့လိုဟာတွေ အဟုတ်ကြီး မှတ်ပြီး ကိုယ့်ကိုကိုယ် ဘောင်မသွင်းစေချင်တာ။ အဲ့လိုကာရိုက်တာရှိလို့ မအောင်မြင်ဘူးလား ဆိုတော့ မဟုတ်ဘူး။ အောင်မြင်နေတာတွေ အများကြီး။ ဒါပေမဲ့ သူတို့ဟာ အချိန်တိုင်း အဲ့လိုဖြစ်မနေဘူး။ သူ့နေရာနဲ့သူပဲ။
ပြီးတော့ အောင်မြင်တဲ့သူ၊ သောက်ကျိုးနည်း ချမ်း
သာတဲ့သူ တစ်ယောက်က အဲ့လို လုပ်လို့ရတယ်။ လုပ်ဖို့ အခွင့်အရေး ရှိတယ်။ သာမန် လူတစ်ယောက်က အဲ့လို သွားချိုးရင် ဘယ်သူက ကိုယ့်ကို သောက်ဖက်လုပ်မလဲ၊ လူရာသွင်းမလဲ။ ပြောရရင် ငါက အပါယ်ခံပါကွာ ဆိုပြီး ဖင်ပိတ်အော်နေတဲ့သူတွေဟာ လူတွေက သူတို့ကို ပယ်တာ မဟုတ်ပဲနဲ့၊ သူတို့ကိုက တခြားသူတွေကို ပယ်ထားတာ။ ကိုယ်သာ နဖူးမှာ -ီးပေါက်မနေရင် တော်ရုံလူက ကိုယ့်ကို အကြောင်းမဲ့ ရှောင်ဖယ်မနေပါဘူး။ နဖူးမှာ အဲ့တာပေါက်နေရင်တော့ ထိုးမိမှာစိုးလို့ ရှောင်ရင် ရှောင်မှာပေါ့ :3

တဆက်တည်းပြောရရင် စိတ်ကျတဲ့ ပြသနာ၊ ဆူဆိုက်ကိစ္စ။ အရင်နှစ်ပိုင်းတွေကတည်းက အဲ့တာတွေ မသိမသာနဲ့ ခုဆို သိသိသာသာ Trend ဖြစ်လာတယ်။ glommy sunday နားထောင်မယ်။ စိတ်ဓာတ်ကျတဲ့ စာသားနဲ့ ပုံတွေ share မယ်၊ လက်ကို ဘရိတ်ဒါးမဲ့ ခြစ်မယ်။ ကိုယ့် သူငယ်ချင်း တစ်ယောက် ကိုယ့်ကို ပြောခဲ့တဲ့ စကားကို ပြန်သုံးရရင် " မင်းရဲ့ စိတ်ဓာတ်ကျဖို့ မင်းကိုယ်တိုင်ပဲ ခွင့်ပြုပေးခဲ့တာ "
အဲ့စကားဟာ အချိန်တိုင်းတော့ မမှန်ပါဘူး။ depression ရှိတဲ့သူတွေ အတွက်ရောပေါ့။ ဒါပေမဲ့ ကိုယ့်ရဲ့ စိတ်ကို ကိုယ်တိုင်ကပဲ ထိန်းကျောင်းနေတာ။ ကိုယ်တိုင် မသိမိလို့ပဲ ဖြစ်ဖြစ်၊ တမင်တကာပဲ ဖြစ်ဖြစ် အဲ့လိုတွေ လျှောက်ပြုမူတာမျိုး၊ အဲ့လို ပတ်ဝန်းကျင်ကို ဖန်တီးတာမျိုး ဆိုရင် တဖြည်းဖြည်းနဲ့ ကိုယ်တိုင်လည်း အဲ့လို ဖြစ်လာတာပဲ။

စိတ်ကျတာဟာ ပေါ်ပင် မဟုတ်ပါဘူး။ တကယ်ခံစားရတဲ့ သူတွေ၊ မခံစားနိုင်လို့ အသက်စွန့်သွားတဲ့သူတွေ အများကြီးပါ။ ပြောရရင် ကိုယ့်မှာ bipolar ရှိတယ်။ bipolar က depression ထက် ပိုထိန်းရသိမ်းရခက်တယ်။ သူဟာ တက်ခြင်းနဲ့ ကျခြင်း အစွန်နှစ်ဖက်ကို နင်းထားတဲ့အတွက် အရမ်းခက်ခဲတယ်။ အခြေအနေတစ်ချို့ကို ဖြတ်ကျော်ပြီးသွားပြီဖြစ်တဲ့အတွက် ခုချိန်မှာ ကိုယ်ဟာ သိပ်ဆိုးဆိုးဝါးဝါး ခံစားရလေ့ မရှိပေမဲ့ တချိန်ကတော့ ကိုယ်လည်း အတော် အခြေအနေဆိုးခဲ့တာပဲ။ ဘရိတ်ဒါးနဲ့ လက်ကို ခြစ်တာမျိုး တစ်ခါမ မလုပ်ခဲ့ဖူးဘူး။ နံရံ ဒါမှမဟုတ် ကြမ်းနဲ့ခေါင်းနဲ့ ဆောင့်တယ်။ သွေးတွေထွက် ဖူးယောင်လာတဲ့ထိ၊ ကုတ်ခြစ်တယ်။ ထောက်ချွန်နဲ့ တကိုယ်လုံး အထူးသဖြင့် ကျောကို သွေးတွေရဲနေအောင် လျှောက်
ခြစ်တယ်။ မေးခိုင်ပိုး မဝင်တာ ကံကောင်းပြောရမယ်။ ခုံစွန်းနဲ့ လက်ကောက်ဝတ်ကို မရပ်မနား ပူပြီး စပ်ပြီး အရေပြားတွေ ပြဲထွက်လာတဲ့ထ ပွတ်တယ်။ ရေထဲမှာ နှစ်ထားတယ်။ အဲ့တာ သတ်သေတာ မဟုတ်ဘူးနော်။ စိတ်ထွက်ပေါက်ရှာရုံ သက်သက်ပဲ။ ကြုံဖူးသူတွေ သိပါလိမ့်မယ်။ တခါတရံမှာနာကျင်မှုက ခံစားရတာတွေ သက်သာစေတယ်။ (အကြံကောင်းတော့ လုံးဝမဟုတ်ဘူး) hyper ချိန်ကျ
မအိပ်မနားပဲနေ၊ စကားတွေများ ပေါက်ကရတွေ လုပ်။ ခုချိန်မှာတော့ de မှာလည်း fb အကောင့် d ပြီး ဘသူနဲ့မှ စကားပြောချင်စိတ် မရှိတော့တာကလွဲလို့ သိပ်ဆိုးဆိုးဝါးဝါးတွေ မဖြစ်တော့ပါဘူး။
ဆိုတော့ ကိုယ်ဆို အဲ့လိုဖြစ်တဲ့ပုံမှ မပေါက်ပဲ။ သာမန် ပျော်ပျော်နေ ပေါ့ပေါ့နေပြီး စိတ်ညစ်စရာဆိုတာ အင်တာနက် လိုင်းမမိတာလောက်ပဲ ကြုံဖူးတဲ့ လူလို့ ထင်စရာပဲလေ။ ကိုယ်ကလည်း အဲ့တာတွေကို လူတကာလိုက်ပြီး ဟေ့ သိလား ငါ့ကလေးဘဝကလေ ဘယ်လို၊ ငါနှစ်တန်းထဲက ဆူဆိုက်လုပ်ဖူးတာ၊ ငါ့ကိုလေ ဘသူက ဘယ်လိုဆိုပြီး လိုက်ပြောမနေပါဘူး။ လိုလည်း မလိုအပ်ဘူးလေ။ ကိုယ့်ရဲ့ ကိုယ်ပိုင် သေက်ပြသနာတွေကို ခံစားနားလ်ာပေးဖို့ လူတိုင်းမှာ တာဝန်မရှိပါဘူး။ ပြီးတော့ ကိုယ့်ဘဝက ဆိုးလှပါလားဆိုပြီး ထင်နေချိန်မှာ ကိုယ့်ထက် အဆပေါင်းများစွာ ခံစားရတဲ့သူက သူ့ရဲ့ တပတ်လုံးမှာမှ ပထမဆုံးရတဲ့ ပေါင်မုန့်အသိုးလေး ကိုက်ပြီး ငါ့ဘဝကြီးက ချမ်းသာပေစွလ်ို့ တွေးနေနိုင်တယ်။

ပြောချင်တာက အဓိက ကိုယ့်စိတ်ပါပဲ၊ စိတ်ကျတာကကိုယ့်ဆီ မဝင်သေးရင် ပေးမဝင်ပါနဲ့၊ ဝင်ပြီးသားဆိုလည်း အတတ်နိုင်ဆုံး ထိန်းပါ၊ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ တိုင်ပင်ပါ ဆွေးနွေးပါ။ ဆရာဝန်ဆီ သွားရတာ ရှက်စရာ မဟုတ်ပါဘူး။
ပြီးတော့ စောက်ထာကျတာ ကောင်းပါတယ်။ စောက်စိတ်ကျတာကတော့ အတော်ဆိုးပါတယ်။ အဲ့တော့ စောက်ထာကျချင်ရုံနဲ့တော့ စိတ်ကျဇာတ်လမ်းတွေ မရိုက်ပါနဲ့ ကြာရင် တကယ်ဖြစ်လာပါလိမ့်မယ်လို့ outsider wanna be လေးတ်ို့ကို ပြောကြားရင်း
ဆေးသောက်ပြီး အိပ်ပါတော့မယ်။
@mrnaingsoe