Happy life

in #mysteem7 years ago

တချို့တချို့ပေါ့
ချစ်တဲ့သူတွေနဲ့လည်း ရန်ဖြစ်ကြတယ်။
မုန်းတဲ့သူတွေနဲ့လည်း ရန်ဖြစ်ကြတယ်။
ချစ်တဲ့သူတွေအပေါ်မှာလည်း အထင်လွဲတတ်ကြတယ်။ image
မုန်းတဲ့သူတွေအပေါ်မှာလည်း အထင်လွဲတတ်ကြတယ်။
ချစ်တဲ့သူတွေကိုလည်း
စော်ကားတတ်ကြတယ်။
မုန်းတဲ့သူတွေကိုလည်း
စော်ကားတတ်ကြတယ်။
ထိုသူများဟာ လူ့ဘဝ ခဏရလာတဲ့အခိုက်မှာ တန်ဘိုးရှိတာတွေကို အရမယူတတ်ပဲ ဘဝမှာ အရှုံးပေါ်နေကြတဲ့သူများပါ။
တစ်ချို့ကတော့...
image
image
ချစ်တဲ့သူတွေနဲ့လည်း ရန်မဖြစ်ကြဘူး။
မုန်းတဲ့သူတွေနဲ့လည်း ရန်မဖြစ်ကြဘူး။
ချစ်တဲ့သူတွေ အပေါ်မှာလည်း သည်းခံတတ်ကြတယ်။
မုန်းတဲ့ သူတွေအပေါ်မှာလည်း သည်းခံတတ်ကြတယ်။
ချစ်တဲ့ သူတွေအပေါ်မှာ
မေတ္တာထားတတ်သလို
မုန်းတဲ့သူတွေအပေါ်မှာလည်း ခွင့်လွှတ်နားလည်တတ်ကြတယ်။
ထိုသူများဟာ လူ့ဘဝ ခဏရလာတဲ့အခိုက်မှာ
တန်ဘိုးရှိတာတွေကို အရယူပြီး ဘဝမှာ
အမြတ်ထွက်နေကြသူတွေပါ။
ချစ်တဲ့သူတွေနဲ့ ရန်ဖြစ်တဲ့အခါ
တစ်ချိန်မှာ နောင်တရတတ်တယ်။
မုန်းတဲ့သူတွေနဲ့ ရန်ဖြစ်တဲ့အခါ
အချိန်တိုင်းမှာ ပူလောင်ရတတ်တယ်။
ချစ်ချစ် မုန်းမုန်း အပြုံးနဲ့
နေတတ်အောင် ကြိုးစားပါ။
ရှုံးတဲ့သူအများစုကတော့
အတ္တကို ရှေ့တန်းတင်လိုဖြစ်ကြတာပါ
လူဆိုတာ ကိုယ်နဲ့အယူအဆ မတူတိုင်း
သူများအယူအဆတွေကို မှားတယ်လို့
ပြောလို့ မရပါဘူး။
ပြဿနာရှာလို့ မရပါဘူး။
သူ့အယူအဆတွေကို ပက်ပက်စက်စက်
ဝေဖန်တိုက်ခိုက်တဲ့အခါ…
မှားသည် မှန်သည် အသာထား
ဘယ်သူမှ ကျေနပ်ကြမှာ မဟုတ်ပါဘူး။
ကိုယ့်အယူအဆတွေကို သူများတွေ
တိုက်ခိုက်လာတဲ့အခါလည်း
ကိုယ်လည်း မကျေနပ်ဖြစ်မိမှာပါပဲ။
တကယ်တော့ လူတွေက ကိုယ်ချင်းစာတရား
တွေကို ပါးစပ်ဖျားမှာ ပြောနေကြတာပါ။
နှလုံးသားထဲထိ ရောက်ဖို့
မလွယ်တတ်ကြပါဘူး၊
တကယ် တော့
ကိုယ်ချင်းစာတရား ရှိခြင်း မရှိခြင်း
ဆိုတာ ကိုယ်တိုင်ကြုံရမှ သိတတ်ကြတာပါ၊
လူတွေရဲ့ကြားမှာ ကိုယ်ချင်းစာတရား
အပြန်အလှန် တန်ဘိုးထားမှုတွေ
များစွာ လိုအပ်ပါတယ်။
ကိုယ်ချင်းစာတယ်ဆိုတာ
ကိုယ့်ကိုတိုင်ကပဲ ကိုယ်နဲ့နှိုင်းစာတာလေ
လူဘောင် အဖွဲ့အစည်းတွေကြားမှာ
ဘာလို့ သောကအပူမီးတွေ ကြီးထွားလာကြတာလဲဆိုတော့
လောဘ ဒေါသ မောဟတွေကြောင့်
လူကို လူလို့လည်းမမြင်နိုင်ကြတော့ပါဘူး
မေတ္တာကင်းမဲ့ ကိုယ်ချင်းစာတရားတွေ
ကင်းမဲ့လာကြပါတယ်။
ငါသာလျှင် အရှင် ငါသာလျှင် ဘုရင်,သူပိုင်တယ်။ ငါပိုင်တယ်။ သူတော်တယ်။ ငါတော်တယ်။ သူမှန်တယ်။ ငါမှန်တယ်။
အတ္တတွေရှေ့တန်းတင်ပြီး နဂိုကမှ သောက အပူမီးတွေ များပါတယ်ဆိုတဲ့ လူ့ဘဝကို အပူ သောကတွေ ပိုများလာအောင် လုပ်နေကြပါ တယ်။
ငါမမှားဘူး ငါမှန်တယ် စသည်ဖြင့် တကယ်တော့
အဲဒီလိုခံယူချက်တွေ ရှိနေတာကိုက
ကိုယ်တိုင် မှားနေခြင်းဖြစ်ပါတယ်။
တကယ်သိသွားတဲ့ သူကလည်း
သူဥာဏ်သူအထွာ,
သူအဆင့်အတန်းနဲ့သူပဲဆိုတာသိလို့
တစ်ယူသန်မှုဆိုတာ သူ့သန္တာန်မှာ
မရှိသလောက် ဖြစ်နေပါပြီ
ဒီလိုတစ်ယူသန်မှုတွေက
နိုင်ငံတစ်ခုကိုလည်းဖျက်ဆီးနိုင်သလို …
အဖွဲ့အစည်း မိသားစု ညီကိုမောင်နှမ ဇနီးမယား မိတ်ဆွေသူချင်း ချစ်သူ ခင်သူတို့ကိုလည်း ဖျက်ဆီးနိုင်ပါတယ်။
လူတစ်ယောက်မှာ လူတစ်ယောက်အပေါ်
ထားရှိရမယ့် အပြန်အလှန်တန်ဘိုးထားမှု ကိုယ်ချင်းစာတရားမရှိရင်…
သူ့ဟာသူ ဘာကြီးပဲ ဖြစ်နေ ဖြစ်နေ လူ့အသိုင်းအဝိုင်းနဲ့ ကိုက်ညီသောလူတစ်ယောက်လို့ ပြောလို့မရပါဘူး။
လောကီမှာအောင်နိုင်မှ
လောကုတ္တရာကို လှမ်းနိုင်မှာ
ဖြစ်ပါတယ်လေ။
လောကကိုဂရုစိုက်ရတာနဲ့
ဓမ္မကိုဂရုစိုက်ရတာ အကွာကြီးကွာပါတယ်
ကပြောင်းကပြန်ပါ။
လောက, ကလွန်မြောက်ဘို့ရာအတွက်
လောကကိုဂရုမစိုက်ဘူးဆိုရင်လည်း
မိုက်တယ်ပြောအုံးမယ်
ဘာကိုဂရုစိုက်ရမှာလည်းဆိုတော့
စိတ်ကောင်းလေးက ကောင်းတဲ့အလုပ်ကို
လုပ်လို့ ကိုယ့်အလုပ်ကိုယ်လုပ်နေတော့
ကျန်တာသူရဲ့ဆန်ကျင့်ဘက်ဖြစ်တဲ့
စိတ်ဆိုးတွေ မလာတာသူနဲ့မဆိုင်တော့ဘူး
အမှန်အတိုင်းသိသွားခဲ့ရင်လည်း
သမ္မာဒိဋ္ဌိကသမ္မာဒိဋ္ဌိအလုပ်ပဲသူလုပ်မယ်
ကောင်းတဲ့အတွေး,စိတ်ကူး ကောင်းတဲ့အကြံအစည်တွေဟာ
ကောင်းတာပြောပြီးကောင်းတဲ့
အလုပ်တွေလုပ်လို့, စိတ်ကောင်းလေးတွေဟာ ကောင်းတဲ့အလုပ်တွေနဲ့ ချိတ်မိနေပါပြီ။
တခုနဲ့တခုလှမ်းချိတ်နေပါပြီ
အကျိုးပေးအနေနဲ့ သူ့ဟာသူ
အကြောင်းဆက်စပ်လို့ပေါ်လာတဲ့
တရားတွေပါပဲ. တမင်လုပ်နေစရာမလိုတော့ပါဘူး
အဲ့လို နေနိုင်ဘိုဟာလည်း အသိဥာဏ်
မရှိပဲနဲ့မနေနိုင်ပါဘူး
တရားရအောင် အဲ့လိုနေရမှာလား
တရားရှိပြီးမှ အဲ့လိုနေရမှာလား ဆိုတော့
တရားမရခင်ရော့, ရပြီးသွားရင်ရော့
အဲ့လိုနေရမှာပါ။
အဲ့လိုနေမှလည်း ရမှာမို့လိုပါပဲ။
တခုပဲရှိပါတယ်, မရခင်ကတော့
မပိုင်သေးဘူး, မနေတတ်သေးဘူး
တရားရပြီးသွားရင်တော့ နေတတ်သွားပါပြီ။
အဲ့လို သိနေတဲ့သူဟာလည်း
ဘယ်သူနဲ့ပြဿနာဖြစ်အုံးမလဲ။
ပြဿနာများတဲ့ လောကကြီးကတော့
သူအလုပ်သူလုပ်နေတာပဲလေ
ပေါ်တာကို ကြည့်မှာလား
ကိုယ့်ကိုတိုင်ကပဲ ဖော်နေမှာလား
ဆိုတာ ကိုယ်ဥာဏ်ရှိသလောက်ပဲပေါ့။
ဘယ်အရာပဲ ဖြစ်ဖြစ်
သူဟာသူဖြစ်နေတဲ့ လောကကြီးထဲ
ကိုယ်ဝင်ပါမလား, ဘေးကစောင့်ကြည့်မလား
ကိုယ်ရဲ့ရွေးချယ်မှုပဲလေ
အနည်းဆုံးတော့ ကိုယ့်အထွာနဲ့ကိုယ့်
အလုပ်ပဲကိုယ်လုပ်ပါ.
သူများ အသိအမှတ်ပြုတာခံချင်နေသမျှ
အဲ့...အကျိုးမျော်နေရတာကိုက😊😊😊
ဆရာတော်များ၏ဆိုဆုံးမအောက်တွင်
ပြားပြားဝပ်နာခံလျှက်ပါ🙏

Sort:  

This post has received a 0.13 % upvote from @drotto thanks to: @banjo.

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63549.46
ETH 2562.53
USDT 1.00
SBD 2.66