My love islam

in #steemit7 years ago

image

သပ်က်ဗီးရ် သဟ်ရီမဟ်၏ အကျိုးရလဒ်များ။
==========-==========-=====
(၁)--နမာဇ်၌ ပထမသပ်က်ဗီးရ် ရွတ်ဆိုခြင်းသည် လောက အလုံးစုံ၏ အုပ်ချုပ်မှုနှင့် စိုးပိုင်မှုထက် သာမြတ်သည်။

(၂)--အရာဝတ္တုတိုင်း၏အဆီအနှစ် (အနှစ်သာရ)---အီမာန်၏ အဆီအနှစ် နမာဇ်ဖြစ်၍---
နမာဇ်၏ အဆီအနှစ်မှာ သပ်က်ဗီးရ်အူလာဖြစ်ပေသည်။

(၃)-- ပထမ သပ်က်ဗီးရ်ကို အေမာမ်နှင့် အတူတကွရရှိလိုက်ခြင်းသည် အလ္လာဟ်အရှင်မြတ်လမ်းတော်တွင် ကုလာအုပ်အကောင်တစ်ထောင် လှူဒါးန်ခြင်းထက် သာပိုမွန်မြတ်လေသည်။

(၄)-ဟဇရသ်အိဗ်နေအုမရ်သခင်က ဆင့်ပြန်ခဲ့သည်။ကိုယ်တော်မြတ်(ဆွ)သခင်က မိန့်တော်မူသည်မှာ နမာဇ်ဝတ်ပြုသူသည် သပ်က်ဗီးရ်ရွတ်ဆို၍ နီယသ်ပြုလိုက်သောအချိန်၌ နှုတ်လျှာမှ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် နမာဇ်ဝတ်ပြုသူသည် ယနေ့ပင် မိခင်၏ ဝမ်းဗိုက်မှ မွေးဖွားလာသောကလေးပမာ အပြစ်ဂုနဟ်များအားလုံး ကင်းစင်သွားပေသည်။
•••••••••••••••••••
မတ်မတ်ရပ်ခြင်း၏ အကျိုးရလဒ်

(၁)---
နမာဇ်ဝတ်ပြုရန် မတ်တပ်ရပ်သည့်အချိန်မှစ၍ နမားဇ်ဝတ်ပြုသူ၏ ဦးခေါင်းပေါ်သို့ ရုကူအ်ဦးညွတ်လိုက်သည့်အချိန်ထိ ကောင်းမှုအကျိုးကုသိုလ်များ၏မိုးများ ရွာသွန်းဖြိုးစေတော်မူသည်။

(၂)---
ဟဇရသ်အဘူအိုမာမဟ်(ရ)သခင်က ဆင့်ပြန်ခဲ့သည်။ကိုယ်တော်မြတ်(ဆွ)သခင်က မိန့်တော်မူသည်မှာ ဗန်ဒဟ် လူသားသည် နမာဇ်ဝတ်ပြုရန် မတ်တပ်ရပ်လိုက်ပြီးဆိုလျှင် မိုးကောင်းကင်၏တံခါးများ ပွင့်တော်မူသွား၍ အရှင်မြတ်နှင့် ဗန်ဒဟ်၏အကြားရှိသော ပရ်ဒဟ်အား ဖယ်ရှားပေးစေပြီးသကာလ ဗန်ဒဟ်သည် အရှင်မြတ်၏ ရှေ့တော်မှောက်ဝယ် ခစားခွင့်ရရှိသွားလေသည်။

်(၃)---
အဘူဟိုရိုင်ရဟ်(ရ)သခင်က ဆင့်ပြန့်ခဲ့သည်။ ကိုယ်တော်မြတ်(ဆွ)သခင်က မိန့်တော်မူသည်မှာ ရှည်လျှးစွား မတ်မတ်ရပ်ခြင်းသည် သေခြင်းတရား၏ပြင်းထန်မှုကို ဝေးကွာအောင်ပြုပေးလေသည်။
လွယ်ကူစွာ အသက်ဝိညာဉ်ထွက်စေသည်။

(၄)---
ရှည်လျားစွာ ( قيام ) ရပ်ခြင်းသည် ပွလ်ဆွေရားသ်အပေါ် လွယ်ကူစွာဖြတ်သန်းစေနိုင်မည့် အကြောင်းခံတစ်ခုဖြစ်သည်။
••••••••••••••••••

ကေရာအသ် ရွတ်ဖတ်ခြင်း၏ အကျိုးရလဒ်

(၁)---
ဟဇရသ်အိဗ်နေအဗ်ဗားစ်(ရ) သခင်က ဆင့်ပြန်ခဲ့သည်။
ကိုယ်တော်မြတ် (ဆွ) သခင်က မိန့်တော်မူသည်မှာ နမာဇ်အတွင်း၌ ထိုင်၍ ကျမ်းမြတ်ကုရ်အားန်ရွတ်ဖတ်လျှင် အက္ခရာတစ်လုံးအစား ကောင်းမှုကုသိုလ်(၅၀) စီရရှိ၍ မကောင်းမှုဂုနဟ် (၅၀) စီ ခွင့်လွှတ်တော်မူခြင်းခံရကာ ဂျန္နသ်တွင် အဆင့်အတန်း (၅၀) စီ တိုးမြင့်ခြင်းခံရပေသည်။

အကယ်၍ နမာဇ်အတွင်း၌ ရပ်၍ ကျမ်းတော်မြတ်ကုရ်အာန် ရွတ်ဖတ်လျှင်း အက္ခရာ တစ်လုံးအစား ကောင်းမှုကုသိုလ် (၁၀၀) စီရရှိ၍ မကောင်းမှုဂိုနဟ် (၁၀၀) စီ ခွင့်လွတ်တော်မူခြင်း ခံရကာ ဂျန္နသ်တွင် အဆင့်အတန်း (၁၀၀) စီ တိုးမြင့်ပေးခြင်းခံရပေသည်။

မှတ်ချက်---ဟဒီစ်၏ အချို့ အစိတ်ပိုင်းသာ ပြန်ဆိုထားခြင်းဖြစ်သည်။

(၂)---
ကိုယ်တော်မြတ်(ဆွ) သခင်မိန့်တော်မူသည်မှာ နမာဇ်ဝတ်ပြုသူသည် သအောင်ဝုဇ်(ဝါ)အအူဇု အဆုံးထိ ရွတ်ဖတ်လိုက်သည်ဆိုလျှင် ၄င်းသူ၏ ခန္ဓာကိုယ်ရှိ အမွှေးမျှင်းများနှင့် အမျှ ကောင်းမှုကုသိုလ်များ ရေးမှတ်ခြင်းခံရပေသည်။

(၃)--
ကိုယ်တော်မြတ်(ဆွ) သခင်မိန့်တော်မူသည်မှာ ထို့နောက် စူရဟ်ဖွာသိဟဟ် ရွတ်ဆိုလိုက်သောအခါ ဟဂ်ျ (သို့) အွမ်ရဟ် ပြုလုပ်သကဲ့သို့ အကျိုးစဝါးဗ် ရေးမှတ်ခြင်းခံရပေသည်။
••••••••••••••••••
ရုကူအ် ဦးညွတ်ခြင်း၏ အကျိုးရလဒ်

(၁)---
အဗ်ဒုလ္လာဟ်ဗင်န်အုမရ် (ရသွေ) သခင်က ဆင့်ပြန်ခဲ့သည်။
ကိုယ်တော်မြတ်(ဆွ) သခင်မိန့်တော်မူသည်မှာ လူသားသည် နမာဇ်အတွင်း၌ ရုကူအ် ဦးညွတ်မှု ပြုလိုက်လျှင် မိမိ၏ခန္ဓာကိုယ်အလေးချိန်နှင့်အညီအမျှ ရွှေများ လှူဒါးန်သကဲ့သို့ အကျိုးကုသိုလ်ရရှိပေသည်။

ရုကူအ်၌ ( سبحان ربى العظيم ) စုဗ်ဟာနရဗ်ဗိယလ်အဇွီးမ်---ရွတ်ဖတ်လိုက်သောအခါ ကောင်းကင်ကျ ကျမ်းတော်များ အားလုံးကို ရွတ်ဖတ်သည်ကဲ့သို့ အကျိုးစဝါးဗ် ရရှိပေသည်။

(၂)---
ရုကူအ်မှ ပြန်အထတွင် ( سمع الله لمن حمده ) စမိအလ္လာဟုလိမန်ဟမိဒဟ်---ရွတ်ဆိုလိုက်လျှင် အလ္လာဟ်အရှင်မြတ်သည် နမာဇ်ဝတ်ပြုသူအား ဂရုဏာ၏ အရှု့ဖြင့် ကြည့်တော်မူပေသည်။
•••••••••••••••••
စဂ်ျဒဟ် ဦးချခြင်း၏ အကျိုးရလဒ်

(၁)---
ဟဇရသ်အဘူဟုရိုင်ရဟ်သခင်က ဆင့်ပြန်ခဲ့သည်။
ကိုယ်တော်မြတ်(ဆွ) သခင်မိန့်တော်မူသည်မှာ လူသားသည် စဂ်ျဒဟ် ဦးချသောအခါ၌ မိမိ၏ အရှင်သခင်နှင့် အနီးကပ်ဆုံးဖြစ်သွားပေသည်။

(၂)---
ဟဇရသ်အဘူဖွာသွေမဟ်သခင်က ဆင့်ပြန်ခဲ့သည်။
ကိုယ်တော်မြတ်(ဆွ) သခင်မိန့်တော်မူသည်မှာ အို...ငါ၏ ချစ်မိတ်ဆွေ အဘူဖွာသွေမဟ် အသင် အကယ်၍ ငါကိုယ်တော်နှင့် ကေယာမသ်နေ့၌ သေသေချာချာ တွေ့ဆုံလိုပါက နမာဇ်အတွင်း၌ စဂ်ျဒဟ်များစွာ ပြုပါလေ။
(၃)---
ဟဇရသ် ဟိုဇိုင်ဖွာဟ်သခင်က ဆင်ပြန်ခဲ့သည်။
ကိုယ်တော်မြတ်(ဆွ) သခင်မိန့်တော်မူသည်မှာ အလ္လာဟ်အရှင်မြတ်၏ ထံတော်တွင် လူသား၏ အခြေအနေများအနက် အရှင်မြတ်အနှစ်သက်ဆုံး အခြေအနေမှာ လူသား၏စဂ်ျဒဟ်ဦးချနေသော အခြေအနေပင်ဖြစ်သည်။
၎င်း၏ မျက်နှာကို အရှင်မြတ်၏ ရှေ့တော်မှောက်ဝယ် မြေကြီးနှင့် ထိကပ်ထားသော အခြေအနေဖြစ်ပေသည်။
(၄)---
လူသားသည် စဂ်ျဒဟ် ဦးချသောအခါ ရှိုင်တွားန်သည် ငိုကြွေး၍ ပြောလေသည်။
အလ္လာဟ်အရှင်မြတ်က လူသားကို စဂ်ျဒဟ် ဦးချရန် အမိန့်ပေးလေရာ လူသားက စဂ်ျဒဟ်ဦးချ၍ ဂျန္နသ်ကို ပိုင်ဆိုင်သွားလေသည်။
ကျွန်ုပ်အား အရှင်မြတ်က စဂ်ျဒဟ်ဦးချရန် အမိန့်ပေးလေရာ ကျွန်ုပ်က ငြင်းဆန်မှုပြုခဲ့ပြီး ဂျဟန္နမ်သို့ ရောက်လေသည်။
(၅)---
နမာဇ်ဝတ်ပြုသူသည် စဂ်ျဒဟ်ဦးချမှုပြုလျှင် အလ္လာဟ်အရှင်မြတ်က ၄င်းသူအား လူသားနှင့် ဂျင်န်အားလုံးတို့၏ အရည်အတွက်နှင့်အမျှ အကျိုးစဝါးဗ် ချီးမြင့်တော်မူသည်။တစ်ဖန် စဂ်ျဒဟ်၌ ( سبحان ربى الاعلى ) စုဗ်ဟားနရဗ်ဗိယလ်အအ်လားကို ရွတ်ဖတ်လိုက်လျှင် ကျေးကျွန်သူကောင်း ပြုသည်ကဲ့သို့ အကျိုးစဝါးဗ်ရရှိပေသည်။
•••••••••••••••••••
ကအ်ဒဟ် ထိုင်ခြင်း၏ အကျိုးရလဒ်
(၁)---
အသ်သဟိယ်ယာသ်သို့ ရွတ်ဖတ်ရန် ထိုင်သောအခါ အလ္လာဟ်အရှင်မြတ်သည် ၄င်းသူအား သီးခံမြိုသိပ်သူများ၏ အကျိုးစဝါးဗ် ချီးမြင့်၍ စလားမ်လှည့်သောအခါ ၄င်းသူအတွက် ဂျန္နသ်သုခဘုံနန်း၏ တံခါး (၈) ပေါက်စလုံး ပွင့်သွား၍ မည်သည့် တံခါးပေါက်မှ ဖြစ်စေ ဂျန္နသ်သို့ ဝင်ရောက်စံမြန်းခွင့် ရရှိပေသည်။
•••••••••••••••••••

Sort:  

Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
http://www.gosexpod.com/categories/indexcat.php?category=sex-toys