ဆွိယာမ် ရိုဇဟ် နှင့် ခေတ်သိပ္ပံ
ကျွန်တော့်ရဲ့ဆရာရဲ့ဘာသာရေးအသိပညာတင်ပြ လမ်းပြ post တွေကို ပြန်လည်ပြီးတင်ပြပေးခြင်းဖြစ်ပါတယ်။ဆရာ့ဆီမှခွင့်ပြုချက်တောင်းခံပြီး ဆရာရေးသားတဲ့ post များကို copy ယူပြီး တင်ပြခြင်းဖြစ်ပါကြောင်း။
လူတိုင်းဘာသာရေးအသိပညာများတိုးပွားစေခြင်တဲ့ ရည်ရွယ်ချက်နဲ့ Steemit Platform မှာ မျှဝေပေးနေခြင်းဖြစ်ြာတယ်။
ကိုယ်ယုံကြည်ရာဘာသာရဲ့ အသိပညာများ တိုးပွားကြပါစေ။
ဆွိယာမ် ရိုဇဟ် နှင့် ခေတ်သိပ္ပံ
ကျွန်တော် ( ဟကီးမ် မုဟမ္မဒ် တွာရစ်က် မဟ်မူးဒ် )၏ ကိုယ်တွေ့ဖြစ်သည်။ အမေရိကန်တစ်ဦး ကျွန်တော်တို့ကဲ့သို့ ဆွိယာမ် ရိုဇဟ်ထားသည်ကို တွေ့ရှိရသည်။ ထိုပုဂ္ဂိုလ်က ” ကျွန်တော် ရိုဇဟ်စောင့်ထိန်းထားပါတယ်။ ဒါပေမယ့် ကျွန်တော် မုစ်လင်မ်တော့ မဟုတ်ပါဘူး ”
ကျွန်တော်က ” ဘာကြောင့်ဒီလို ရိုဇဟ်စောင့်ထိန်းရပါသလဲ ” ဟု မေးမြန်းရာ သူက ” လူတစ်ယောက်အတွက် တစ်နှစ်မှာတစ်ခါ လေ့ကျင့်မှုပြုသင့်ပါတယ်။ မိမိရဲ့ Digestive System အစာချေအဖွဲ့ကို အခိုက်အတန့်တစ်ခုအထိ အနားပေးရပါမယ်။ ရိုဇဟ်စောင့်ထိန်းလိုက်ခြင်းဖြင့် အစာအိမ် အနားရပြီး ရောဂါဖြစ်ပွားခြင်းမှ ကာကွယ်မှုရရှိသွားပါတယ်။ ဤသို့ဖြင့် ပေါ်ပေါက်လာမယ့်ရောဂါအများအပြားကို ကာကွယ်နိုင်ပါတယ်။ တဖန် ဒီလိုပြုခြင်းဖြင့် အစာအိမ်ရဲ့ အစာချေဖျက်နိုင်စွမ်းအားဟာ ယခင်ထက် သာပိုကောင်းမွန်လာပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဇနီးမောင်နှံဟာ အကြေအလည် ဆွေးနွေးကြပြီး လစဉ် ( ၃ )ရက်နဲ့ တစ်နှစ်လျှင် တစ်လ ရိုဇဟ်ထားပြီး Diet စားနေကျအစားအစာ၌ အစာထိန်းခြင်းကို ပြုလုပ်နေခြင်းဖြစ်ပါတယ် ” ဟုဆိုသည်။
” ကျွန်တော်က ဒီကျင့်စဉ်ကို ကျွန်တော်တို့ရဲ့ အစ္စလာမ်သာသနာတော်က ပြသထားခြင်းဖြစ်ပါတယ် ”
လစဉ် သုံးရက် ရိုဇဟ်စောင့်ထိန်းခြင်း ” အိုင်ယာမိဗီးဇ် ” ရဲ့ ရိုဇဟ်ဖြစ်သည်။ အထူးသဖြင့် အိမ်ထောင်မရှိသူများတွင် ရိုဇဟ်ထားခြင်းဖြင့် Discipline စည်းကမ်းတစ်ခုရရှိပြီး သည်းခံမျိုသိပ်နိုင်မှုနှင့် စိတ်ဓာတ်တည်ကြည်မှုကို ရယူနိုင်သည်။
(မဝါအေဇွေ နပ်က်ယှ်ဗန်ဒီ )
မဟာအလက်ဇန္ဒြား နှင့် အရစ်တော့တယ်
The Great Alexander နှင့် Aristotle သူတို့နှစ်ဦးစလုံးသည် ဂရိ၏ခေါင်းဆောင်များဖြစ်ကြသည်။ သူတို့သည် သတ္တဗေဒနှင့်ဒဿနိကဗေဒဘာသာရပ်တို့၏ ခေါင်းဆောင်များဖြစ်ကြသည်။ သူတို့က အစာငတ်ခံခြင်း နှင့် ဆက်တိုက်အစာငတ်ခံခြင်းကို ခန္ဓာကိုယ်ကျန်းမာရေးအတွက် အရေးကြီးကြောင်း အခိုင်အမာပြဆိုခဲ့ကြသည်။
မဟာအလက်ဇန္ဒြားက ဆိုသည်။ ” ငါ၏ဘဝအတွေ့အကြုံအရဆိုရသော် မနက်တစ်ကြိမ် ၊ ညတစ်ကြိမ်သာ စားသုံးခြင်းဖြင့် ရောဂါဘယကင်းဝေးသောဘဝကို ဖန်တီးနိုင်သည်။ ငါသည် အိန္ဒိယတိုက်နယ်၌ အပူဒဏ်ကြောင့် သစ်စိမ်းပင်များ ညှိုးနွမ်းလောင်ကျွမ်းလျက်ရှိသည်ကို တွေ့ဖူးသည်။ ထိုဒေသ၌ နံနက်မှညအထိ မည်သည့်အရာမျှ စားသောက်ခဲ့ခြင်းမပြုခဲ့ရာ ငါသည် မည်သည့်ရောဂါမျှ မရရှိခဲ့ချေ ”
( မဟ်ဖုဇုရ်ရဟ်မာန်ရေး ” စိကန်ဒရ်အအ်ဇွမ် ” )
မောရိယ နှင့် ကျနိကိယာဂျီမဟာရာဂ်ျ
ကျန်တန်ဂီရ် မောရိယ၏ ကျန်းမာရေးနှင့်စီမံကိန်းဝန်ကြီး ကျနိကိယာရီမဟာရာဂ်ျက သူ၏ကျော်ကြားသော " ارتہ ثالیر " စာအုပ်၌ ရေးသားထားသည်မှာ ” ငါသည် အစာငတ်ခံခြင်း ၊ အစာထိန်းခြင်းဖြင့် အသက်ရှည်နည်းကို ယူခဲ့သည်။ အစာငတ်ခံစိတ်စွမ်းအားကို ရရှိကာ လေထဲ၌ ပျံသန်းနိုင်သည်။ ငါသည် အစာငတ်ခံ၍ ရန်သူတို့၏ အကြံအစည်ကို ပြောင်းလဲနိုင်ခဲ့သည်။
( စိကန်ဒရ်အအ်ဇွမ် )
မဟတ္တမဂန္ဒီ၏ ဆန္ဒ
မဟတ္တမဂန္ဒီ၏အစာငတ်ခံခြင်းသည် ကျော်ကြားပါသည်။ ဖီရွတ်ရာဇ်က မဟတ္တမဂန္ဒီ၏ အတ္ထုပ္ပတ္တိစာအုပ်တွင် ရေးသားသည်မှာ မဟတ္တမဂန္ဒီကြီးသည် ရိုဇဟ်စောင့်ထိန်းခြင်းကို လက်ခံသည်။ ” လူတွေဟာ အစားအစာအများကြီးစားကြပြီး ခန္ဓာကိုယ်ကို လေးလံထိုင်းမှိုင်းအောင် ပြုလုပ်လိုက်ကြတယ်။ လေးလံထိုင်းမှိုင်းနေတဲ့ ခန္ဓာကိုယ်ဟာ လူ့အဖွဲ့အစည်းကို အကျိုးမပြုဘူး။ ခေါင်းဆောင်ကောင်းတစ်ယောက်လည်း ဖြစ်မလာနိုင်ဘူး။ အကယ်၍ သင်ဟာ သွက်လက်ချက်ချာသူတစ်ယောက်ဖြစ်လိုပါလျှင် အစားလျော့စားပါ။ နေ့ခင်းကို မုန့်နှင့် ညကို ဆိတ်နို့ဖြင့် ညစာစား ” ဟု မဟတ္တမဂန္ဒီကြီးက ဆိုသည်။
إن شآءاللّه تعالى
” ကမ္ဘာကျော် Oxford University မှ အံ့ဖွယ်ဖြစ်ရပ် ”
ဆက်လက်ရေးသားတင်ပြပေးပါမည် …
စာအုပ်အမည် > တမန်တော်မြတ် ( صلی اللّٰہ علیہ وسلم )၏ စုန္နသ်တော်နှင့် ခေတ်သိပ္ပံ ( ပထမတွဲ ၊ စာ - ၁၆၃ မှ ၁၆၅)
ပြုစုသူ >> ဟကီးမ် မုဟမ္မဒ် တွာရစ်က် မဟ်မူးဒ် ( ကျုဃ်သာအီ)
( သမားတော်ကြီး ၊ ပါကစ္စတန်နိုင်ငံ)
ပြန်ဆိုသူ >>> အလ်ဟာဂ်ျ မောဝ်လာနာ ကာရီ ဃာဇီ ဟကီးမ် မုဖ်သီ မုဟမ္မဒ် တွိုင်ယိဗ် ရှမ်စီ ( ဆရာ သန့်စင်မွန် )
Abu Adeebah <
ရှမ်းပြည်သားလေး sai hak khay
📆 ဟိဂ်ျရီ ၁၄၃၉ ၊ ယှအ်ဗာန်လ ( ၂၅ )ရက်📆
📆 ၁၂ . ၅ . ၂၀၁၈ ( စနေနေ့ )📆