စူရဟ်များ၏အကျိုးကျေးဇူး}
❦ သီးခြားစူရဟ် အကျိုးမှာ
ဤသို့ပြဋ္ဌာန်းရာ❦
°°°°°°°°°°°°°°°°°°°°°°°°°°°°
{စူရဟ်များ၏အကျိုးကျေးဇူး}
★ ကုရ်အာန်ကျမ်းတော်မြတ် အစအဆုံးအား တစ်နှစ်အတွင်း(၂)ခသမ် ဖတ်ရမည်။
★ တမန်တော်မြတ်(ဆွ)က အချို့စူရဟ်၊အချို့အာယသ်၏ ဖဇီလသ်ကို အထူးပြု ပြီး မိန့်ကြားတော်မူသည်။
{ကုရ်အာန် ၁၉ ခသမ်စဝါးဗ်}
၁။(၁၀)ကြိမ် ကုရ်အာန်ဖတ်သည့် အကျိုးရရန် အတွက် နံနက်ဖြစ်စေ၊ညနေဖြစ်စေ စူရဟ် ယာစီးန် တစ်ကြိမ်ဖတ်ပါ။
(သိရ်မိဇီ)
၂။(၁)ကြိမ် ကုရ်အာန်ဖတ်သည့် အကျိုးရရှိရန်အတွက် အာယသွလ်ကုရ်စီကို .၄.ကြိမ်ဖတ်ပါ။ယင်းအာယသ်ကို .၁.ကြိမ်ဖတ်လျှင် ကုရ်အာန် .၄ပုံ.၁ပုံ. ဖတ်သည့် အကျိုးရသည်။
(ကန်ဇွလ်အွမ္မာလ်)
၃။(၂)ကြိမ် ကုရ်အာန်ဖတ်သည့် အကျိုးရရှိရန်အတွက် စူရဟ် ဖာသိဟဟ်ကို ၃.ကြိမ်ဖတ်ပါ။ယင်းစူရဟ်ကို ၁.ကြိမ်ဖတ်လျှင် ကုရ်အာန် ၃ပုံ.၂ပုံ ဖတ်သည့် အကျိုးရသည်။
(ကန်ဇွလ်အွမ္မာလ်)
၎။(၁) ကြိမ် ကုရ်အာန်ဖတ်သည့်အကျိုး ရရှိရန်အတွက် စူရဟ် ကဒ်ရ်ကို (၄)ကြိမ်ဖတ်ပါ။ယင်းစူရဟ်ကို ၁.ကြိမ်ဖတ်လျှင် ကုရ်အာန် ၄ပုံ.၁ပုံ ဖတ်သည့်အကျိုးရသည်။(ကန်ဇွလ်အွမ္မာလ်)
၅။(၁)ကြိမ် ကုရ်အာန်ဖတ်သည့်အကျိုး ရရှိရန်အတွက် စူရသွဇ်ဇိလ်ဇာလ်ကို ၂.ကြိမ်ဖတ်ပါ။ယင်းစူရဟ်ကို ၁.ကြိမ်ဖတ်လျှင် ကုရ်အာန် တစ်ဝက်ဖတ်သည့် အကျိုးရသည်။(သိရ်မိဇီ)
၆။(၁)ကြိမ် ကုရ်အာန်ဖတ်သည့် အကျိုးရရှိရန်အတွက် စူရသွလ်အာဒိယာသ်ကို (၂)ကြိမ်ဖတ်ပါ။ယင်းစူရဟ်ကို ၁.ကြိမ်ဖတ်လျှင် ကုရ်အာန်တစ်ဝက် ဖတ်သည့် အကျိုးရသည်။(သဖ်စီရ်မဝါဟစ်ဗ်)
၇။(၁)ကြိမ် ကုရ်အာန်ဖတ်သည့် အကျိုးရရှိရန်အတွက် စူရသွလ်ကာဖိရူန်ကို ၁.ကြိမ်ဖတ်လျှင် ကုရ်အာန်.၄ပုံ၁ပုံ ဖတ်သည့် အကျိုးရသည်၊ယင်းအာယသ်ကို ၄.ကြိမ်ဖတ်ပါ။(သိရ်မိဇီ)
၈။(၁)ကြိမ် ကုရ်အာန်ဖတ်သည့် အကျိုးရရှိရန် အတွက် စူရသွလ်နစွရ်ကို ၄.ကြိမ်ဖတ်ပါ ယင်းစူရဟ်ကို ၁.ကြိမ်ဖတ်လျှင် ကုရ်အာန် ၄.ပုံ၁ပုံ ဖတ်သည့်အကျိုးရသည်။(သိရ်မိဇီ)
၉။(၁)ကြိမ် ကုရ်အာန်ဖတ်သည့် အကျိုးရရှိရန်အတွက် စူရသွလ်အစ်ခ်လားစ်ွကို ၃.ကြိမ်ဖတ်ပါ။ယင်းစူရဟ်ကို ၁.ကြိမ်ဖတ်လျှင် ကုရ်အာန် ၃ပုံ.၁ပုံ ဖတ်သည့် အကျိုးရသည်။(ဗုခါရီ)
★ အထက်ပါ စူရဟ်များကို ဖတ်၍ ကွယ်လွန်သူများအတွက် အီစာလေစဝါဗ် ပြုလျှင် ကုရ်အာန် (၁၉)ကြိမ်ဖတ်ပြီး စဝါဗ်များ ပို့ပေးသည့်အလား အကျိုးရရှိပေမည်။
[စူရဟ်ယာစီးန်၏အကျိုးကျေးဇူးများ]
✏ နေ့၏ အစတွင် စူရဟ်ယာစီးန်ဖတ်လျှင် တစ်နေ့တာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးတော်မူမည်။
✏ အရာတိုင်းတွင် နှလုံးသားရှိသည်။ကျမ်းတော်မြတ်ကုရ်အာန်၏ နှလုံးသားသည် စူရဟ်ယာစီးန် ဖြစ်သည်။
✏ စူရဟ်ယာစီးန် (၁)ကြိမ်ဖတ်လျှင် ကျမ်းတော်မြတ်ကုရ်အာန် (၁၀)ကြိမ်ဖတ်သည့် စဝါဗ်ကို ချီးမြှင့်တော်မူမည်။
✏ မိုးမြေကို မဖန်ဆင်းမီ နှစ်တစ်ထောင် အလျင် အရှင်မြတ်က စူရဟ်သွာဟာနှင့် စူရဟ်ယာစီးန်ကို ဖတ်တော်မူသည်။မလာအိကဟ်များက ကြားကြသောအခါ ကုရ်အာန်ရရှိမည့် အွမ္မသ်အပေါ် ဝမ်းမြောက်စရာ ဖြစ်သည်။ကုရ်အာန်ကျက်မှတ်မည့် နှလုံးသားများအတွက် ဝမ်းမြောက်စရာ ဖြစ်သည်။ကုရ်အာန်ကို ဖတ်ရွတ်မည့် နှုတ်လျှာများအတွက် ဝမ်းမြောက်စရာဖြစ်သည်ဟု ဆိုကြသည်။
✏ စူရဟ်ယာစီးန်ကို အရှင်မြတ် ကျေနပ်စေရန် ဖတ်ရွတ်လျှင် ယခင်က ကျူးလွန်ခဲ့သော ဂိုနာဟ်များကို ပလပ်တော် မူမည်။သေသူများအတွက် ဖတ်ကြပါ။
✏ ငါ့အွမ္မသ်၏ နှလုံးသားတိုင်းတွင် စူရဟ်ယာစီးန် ရှိစေချင်သည်။
✏ ညစဉ်ညတိုင်း စူရဟ်ယာစီးန် ဖတ်သောသူ သေဆုံးလျှင် ရှဟီးဒ်အဖြစ် မှတ်ယူသည်။
✏ ဆာလောင်မွတ်သိပ်ချိန် ဖတ်လျှင် ဝမ်းဝသည်။လမ်းပျောက်သဖြင့် ဖတ်လျှင် လမ်းမှန် တွေ့သွားသည်။တိရစ္ဆာန် ပျောက်ဆုံးသောအခါ ဖတ်လျှင် တိရစ္ဆာန် ပြန်ရသည်။စားစရာ နည်းသွားသောကြောင့် မလောက်မည် စိုးရိမ်ရသဖြင့် ဖတ်လျှင် စားစရာ လုံလောက်သွားသည်။သေအံ့ဆဲဆဲ ဖတ်လျှင် လွယ်ကူစွာ အသက်ထွက်သည်။ဘုရင်(သို့မဟုတ်)ရန်သူကို စိုးရိမ်ရလျှင် စူရဟ်ယာစီးန်ဖတ်ပါက ကြောက်စိတ် ပြေပျောက်သွားသည်။
✏ သောကြာနေ့ စူရဟ်ယာစီးန်နှင့် စူရဟ်ဆွာဖ်ဖာသ် ဖတ်ပြီး တောင်းဆု ဒိုအာပြုလျှင် လိုအင်ဆန္ဒပြည့်ဝသည်။
✏ ဤစူရဟ်၏ နာမတော်သည် ရာဖိအဟ်၊ခါဖိဇဟ် ဖြစ်သည်။
✏ မွအ်မင်န်ကို မြှင့်တင်သည်၊ ကာဖိရ်ကို နှိမ့်ချသည်။ဒွန္နယာနှင့် အာခိရသ်၏ ဘေးဒုက္ခများကို ဖယ်ရှားပေးသည်။အာခိရသ်၏ ထိတ်လန့် ဖွယ်ရာများကို ကင်းဝေးစေသည်။
{စူရဟ်အိခ်လာစ်၏အကျိုးကျေးဇူးများ}
♡ တစ်နေ့ စွဟာဗဟ်များကို စုရုံးစေပြီး တမန်တော်မြတ်(ဆွ)က ကျမ်းတော်မြတ်ကုရ်အာန်၏ သုံးပုံတစ်ပုံ ဖတ်ပြမည်ဟု မိန့်တော်မူသည်။တမန်တော်မြတ်သည် စွဟာဗဟ်များ စုစည်းရာသို့ ကြွလာပြီး စူရဟ်အစ်ခ်လာစ်ကို ဖတ်ပြတော်မူသည်။ထို့နောက် အိမ်ထဲ ပြန်ဝင်သွားတော်မူသည်၊ခဏကြာမှ ပြန်ထွက်လာပြီး အသင်တို့ကို ကုရ်အာန် သုံးပုံတစ်ပုံ ဖတ်ပြမည်ဟု ပြောခဲ့သည်။မှတ်ထားလော့ စူရဟ်အစ်ခ်လာစ်သည် ကျမ်းတော်မြတ် ကုရ်အာန်၏ သုံးပုံတစ်ပုံ ဖြစ်သည်ဟု မိန့်၏။
♡ တမန်တော်မြတ်က မိန့်တော်မူသည်၊တစ်ညတည်းတွင် ကုရ်အာန်၏ သုံးပုံတစ်ပုံကို မည်သူ ဖတ်နိုင်သနည်းဟု မေးရာ စွဟာဗဟ်များက မည်သူမျှ မဖတ်နိုင်ပါဟု ဖြေကြ၏။တမန်တော်မြတ်က စူရဟ်အစ်ခ်လာစ်သည် ကုရ်အာန်၏ သုံးပုံတစ်ပုံ ဖြစ်သည်ဟု ဖြေကြား၏။
♡ ထို့ကြောင့် သေသူများအတွက် အီစာလေ စဝါဗ် ပြုရာတွင် ဆရာများ စူရဟ်အစ်ခ်လာစ် သုံးကြိမ် ဖတ်ကြသည်ကို တွေ့မြင်ရပါသည်။
{စူရဟ်ဝါကိအဟ်၏အကျိုး}
♕ အကြင်သူသည် ညစဉ်ညတိုင်း စူရဟ်ဝါကိအဟ် ရွတ်ဖတ်ပါမူ ထိုသူသည် မည်သည့်အခါမျှ ဆင်းရဲကျပ်တည်း လိမ့်မည်မဟုတ်ချေ။၊
{စူရဟ်မွလ်က်၏အကျိုး}
❆ စူရဟ်အလိဖ်လားမ်မိးမ်စိဂ်ျဒဟ်နှင့် စူရဟ်သဗာရကလ်လဇီတို့ကို မဂ်ရိဖ်နှင့်အိရှာ အကြားတွင် ဖတ်သောသူသည် ကဒရ်ည၌ အိဗာဒသ်ပြုသကဲ့သို့ ဖြစ်သည်။
❆ တမန်တော်မြတ်(ဆွ)သည် အလိဖ်လားမ်မိးမ်စိဂ်ျဒဟ်နှင့် စူရဟ်သဗာရကလ်လဇီတို့ကို မဖတ်ပြီးမချင်း မည်သည့်အခါမျှ အိပ်စက်တော်မူလေ့ မရှိချေ။၊
(သိရ်မေဇီ)
❆ ကုရ်အာန်ကျမ်းမြတ်၌ အာယသ်.၃၀.ပါသော စူရဟ်တစ်ပုဒ်ရှိသည်။ ထိုစူရဟ်သည် မိမိကို ဖတ်ရွတ်သူအား အပြစ်များမှ လွတ်ငြိမ်းချမ်းသာခွင့် ရသည်အထိ ရှဖာအသ် ကြားဝင် အသနားခံပေးသည်။ယင်းစူရဟ်မှာ စူရဟ်သဗာရကလ်လဇီပင် ဖြစ်သည်။(သိရ်မေဇီ)
❆ ဤစူရဟ်(စူရဟ်သဗာရကလ်လဇီ)သည် အလ္လာဟ်အရှင်မြတ်၏ အဇာဗ်တော်မှ အကာအကွယ် ပေးမည့် အရာဖြစ်သည်။ကဗရ်၏ အဇာဗ် အပြစ်ဒဏ်မှလည်း လွတ်မြောက်စေမည့် အရာဖြစ်သည်။(သိရ်မေဇီ)
အမလ်လုပ်နိုင်သောသောင်ဖီးက် ချီးမြှင့်တော်မူပါစေ။(အာမီးန်)
အင်န်ရှာအလ္လာဟ်ပြန်ဆုံပါဦးမည်။